Ad Code

Responsive Advertisement

English Speaking Basics (34) အင်္ဂလိပ် စကားပြော အခြေခံများ (၃၄)


Win Naing Oo's photo.

…………………………………
(1) Do you mind if I + (verb)
.
ကန့်ကွက်ခံရနိုင်တယ်လို့ ကြိုတင်မျှော်လင့်ထားတဲ့ မေတ္တာရပ်ခံချက်တစ်ခုကို လုပ်ချင်တဲ့အခါ ၊ ကျနော် (တစ်ခုခု) လုပ်လျင် ခင်ဗျား စိတ်ဆိုးမှာပါလား .. လို့ မေးချင်တဲ့အခါ သုံးပါ ..
If we use “Do you mind if I…?” to make a request, we may be anticipating possible objections:
.
(1.1) Do you mind if I leave early?
ကျနော် စောစော ပြန်လျင် ခင်ဗျားစိတ်ဆိုးမှာပါလား
.
(1.2) Do you mind if I take a nap?
ကျနော် တရေးတမော ခေတ္တအိပ်လျင် ခင်ဗျားစိတ်ဆိုးမှာပါလား
.
(1.3) Do you mind if I ask you many questions?
ကျနော်က မေးခွန်းတွေ အများကြီး မေးလျင် ခင်ဗျားစိတ်ဆိုးမှာပါလား
.
(1.4) Do you mind if we cancel the appointment?
ချိန်းဆိုထားချက်ကို ကျနော်တို့ ဖျက်သိမ်းလျင် ခင်ဗျားစိတ်ဆိုးမှာပါလား
.
(1.5) Do you mind if I turn on the radio?
ကျနော် ရေဒီယို ဖွင့်လျင် ခင်ဗျားစိတ်ဆိုးမှာပါလား
……………………………………………………….
(2) ပိုပြီး ယဉ်ကျေးလိုတဲ့အခါ ဒီလိုသုံးပါ ၊ verb form ပြောင်းသွားတာကို သတိထားပါ ..
(Note: When we talk about the Present or the Past, we use Past tense following the subject.)
.
Would you mind if I + V2 ( past tense Verb )
ပိုပြီး ယေဘူယျကျတဲ့ ပုံစံကတော့
Would you mind if + somebody + did + something လို့ မှတ်နိုင်ပါတယ်
.
(2.1) Would you mind if I used your phone?
ခင်ဗျားရဲ့ဖုန်းကို ကျနော်သုံးလျင် စိတ်ဆိုးမှာပါလား
.
(2.2) Would you mind If I borrowed your car tonight?
ဒီနေ့ည ကျနော်က ခင်ဗျားရဲ့ကားကို ငှားလျင် စိတ်ဆိုးမှာပါလား
.
(2.3) Would you mind if I changed the channel?
ကျနော်က ရုပ်သံလိုင်း ပြောင်းလျင် ခင်ဗျား စိတ်ဆိုးမှာပါလား
……………………………………………………………..
ဒီလိုမျိုး ၀ါကျလေးတွေကို ကွဲပြားပြီး သိနေဖို့ လုပ်ထားလိုက်ပါ
.
(2.4) Would you mind if /I/ opened the window?
ကျနော် ပြတင်းတံခါး ဖွင့်လျင် ခင်ဗျား စိတ်ဆိုးမှာပါလား
(ကျနော်ပြတင်းတံခါးဖွင့်ချင်တယ် ဖွင့်လို့ ရမလားဆိုတာကို ညှိနှိုင်းမေးမြန်းတဲ့ သဘောပါ)
.
(2.5) Would you mind if /you/ opened the window?
ခင်ဗျားတံခါးဖွင့်ပေးရလျင် စိတ်ဆိုးမှာပါလား
( ပြတင်းတံခါးကို သူက ဖွင့်ပေးစေချင်တာ ၊ ဖွင့်ပေးနိုင်မလားလို့ မေးမြန်းတာမျိုးပါ )
.................................................
(3) အထက်က ၀ါကျတွေလို ပြုလုပ်သူ (Subject) ဟာ ဘယ်သူဘယ်ဝါဆိုတာ ထည့်မပြောချင်တဲ့အခါ နောက်ပုံစံတစ်မျိုးကို သုံးပါတယ် ၊ သူက ပိုပြီးလွယ်ကူပါတယ်
.
Would you mind + V-ing
.
(3.1) Would you mind lending me your car?
ခင်ဗျားရဲ့ ကားကို ငှားပေးရလျင် စိတ်ဆိုးမှာလား
.
(3.2) Would you mind telling me what you're doing?
ခင်ဗျားဘာလုပ်နေတယ်ဆိုတာ ကျနော့်ကို ပြောပြရလျင် စိတ်ဆိုးမှာလား
.
(3.3) Would you mind being quiet for a minute?
တစ်မိနစ်လောက် ငြိမ်ငြိမ်သက်သက် နေပေးရလျင် စိတ်ဆိုးမှာလား
.
(3.4) Would you mind waiting for a while?
ခဏတဖြုတ် စောင့်ဆိုင်းပေးရလျင် စိတ်ဆိုးမှာလား
.
(3.5) Would you mind sending this letter for me?
ကျနော့်အတွက် ဒီစာကို ပို့ပေးရလျင် စိတ်ဆိုးမှာလား
..............................................
နောက်ထပ်ပုံစံတစ်ခုကတော့
(4) Would you mind + Somebody's + V- ing
.
(4.1) Would you mind John's staying here with us?
ဂျွန်က ကျနော်တို့နဲ့ ဒီမှာနေလျင် ခင်ဗျား စိတ်ဆိုးမှာလား
.
(4.2) Would you mind My sister's having a picnic with us.
ကျနော့်ညီမက အပျော်ခရီးထွက်တာကို ကျနော်တို့နဲ့အတူ လိုက်မယ်ဆိုလျင် ခင်ဗျား စိတ်ဆိုးမှာလား
............................
(5) ပြန်ဖြေရတဲ့ ပုံစံက မှားနိုင်ခြေရှိလို့ သတိထားပြီး မှတ်သားထားသင့်ပါတယ် ***
While responding to "would you mind":
.
(5.1) Positive Response
အမေးခံရသူက စိတ်မဆိုးပါဘူး အဆင်ပြေပါတယ်လို့ ဖြေချင်တဲ့အခါ
No, not at all.
Of course not.
No, go on please.
စသည်ဖြင့် အလျဉ်းသင့်ရာ ဖြေဆိုနိုင်ပါတယ် ၊ အငြင်းစာလုံးဖြစ်တဲ့ No တို့ not တို့ဟာ စိတ်မဆိုးပါဘူးလို့ ပြောတာဖြစ်ပါတယ် ၊ လုပ်လို့မရဘူးလို့ ပြောတာ မဟုတ်ပါဘူး
.
(5.2) Negative response:
မလုပ်ပါနဲ့လို့ တားချင်တဲ့ အခါမှာတော့
Yes, I would.
Yes, I would mind.
စသည်ဖြင့် ဖြေကြားနိုင်ပါတယ် ။ Yes ဟာ လုပ်နိုင်ပါတယ်လို့ ခွင့်ပြုတာ မဟုတ်ပဲ ၊ ဟုတ်တယ် စိတ်ဆိုးမယ်လို့ ပြောလိုတာ ဖြစ်ပါတယ် ဆိုတဲ့အကြောင်း ..
.............................
ကိစ္စတိုင်းမှာ အမေးအဖြေ အဆင်ပြေကြပါစေ..
.
မေတ္တာဖြင့် heart emoticon
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။


အဆင်ပြေပါစေ


ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu