Ad Code

Responsive Advertisement

English Speaking Basics (35) အင်္ဂလိပ်စကားပြော အခြေခံများ (၃၅)


Win Naing Oo's photo.
English Speaking Basics (35) အင်္ဂလိပ်စကားပြော အခြေခံများ (၃၅)
…………………………………..
(1) SHOULD HAVE + (PAST PARTICIPLE)

When using the words 'should have' you are talking about something in the past that you 'ought to' or 'might have' done.
အတိတ်မှာတုန်းက တစ်ခုခုကို လုပ်ခဲ့သင့်ပါလျက်နဲ့ မလုပ်ဖြစ်ခဲ့တာကို .. အခုအချိန် present time မှာ အဲဒီအတိတ်ကိုပြန်လည် ရည်ညွှန်းပြီး “ (တစ်ခုခုကို) ..လုပ်ခဲ့သင့်တာပေါ့” လို့ ပြောချင်တဲ့အခါ ဒီပုံစံကို သုံးပါတယ်
..
Somebody should have done something. လို့ မှတ်ပါ
.
(1.1) I should have studied more for my test.
ကျနော်က စာမေးပွဲအတွက် ပိုပြီးလေ့လာခဲ့သင့်ပါတယ် (တကယ်တန်းမှာ မလေ့လာဖြစ်ခဲ့လို့ နောင်တရတဲ့လေသံ)
.
(1.2) You should have told me that you wanted me to come alone.
ခင်ဗျားက ကျနော့်ကို တစ်ယောက်တည်း လာစေချင်ခဲ့တယ်ဆိုတာကို ပြောခဲ့သင့်တာပေါ့ (တကယ်တန်းမှာ မပြောဖြစ်ခဲ့ဘူး)
.
(1.3) I should have eaten breakfast this morning.
ဒီနေ့မနက် ကျနော်က မနက်စာ စားခဲ့သင့်တယ် (မစားဖြစ်ခဲ့လို့ ဗိုက်ဆာနေပြီ)
.
(1.4) I should have listened to your advice.
ခင်ဗျားရဲ့ အကြံဥာဏ်ကို ကျနော်က နားထောင် (လိုက်နာ) ခဲ့သင့်တာပေါ့ (နားမထောင်ခဲ့မိလို့ ခုတော့ အမှားဖြစ်ပြီ )
.
(1.5) I should have married her when I had the chance.
ကျနော့်မှာ အခွင့်အရေး ရှိခဲ့ချိန်က သူမကို လက်ထပ်ခဲ့သင့်တာပေါ့ (အခုတော့ လူပျိုဟိုင်းကြီး ဖြစ်သွားပြီ)
…………………………………………….
(2) COULD HAVE + (PAST PARTICIPLE)
….
We can use 'could have' to talk about something somebody was capable of doing but didn't do.
အတိတ်မှာတုန်းက တစ်ခုခုကို လုပ်နိုင်ခဲ့ပါလျက် ၊ လုပ်နိုင်စွမ်းပါလျက် နဲ့ မလုပ်ဖြစ်ခဲ့တာကို .. အခုအချိန် present time မှာ အဲဒီအတိတ်ကိုပြန်လည် ရည်ညွှန်းပြီး “ (တစ်ခုခုကို) ..လုပ်နိုင်စွမ်းရှိခဲ့တာပေါ့” လို့ ပြောချင်တဲ့အခါ ဒီပုံစံကို သုံးပါတယ်
..
Somebody could have done something. လို့မှတ်ပါ
.
(2.1) You could have opened the door when you saw what I was carrying.
ကျနော်သယ်လာနေခဲ့တဲ့အချိန်မှာ ခင်ဗျားမြင်ပြီ:တော့ (ကျနော့်အတွက်) တံခါးဖွင့်ပေးနိုင်စွမ်းရှိခဲ့တာပေါ့ ( တကယ်တန်းမှာ တံခါးကို ကူပြီးဖွင့် မပေးခဲ့ပါဘူး)
.
(2.2) I could have done well in my exam if I’d worked harder.
ကျနော်သာကြိုးစားခဲ့မယ်ဆိုလျင် ကျနော့်စာမေးပွဲမှာ ကောင်းကောင်းဖြေနိုင်စွမ်း ရှိခဲ့တာပေါ့ (တကယ်တော့ မကြိုးစားခဲ့လို့ ကောင်းကောင်း မဖြေနိုင်ခဲ့ဘူး)
( do well in exam = စာမေးပွဲမှာ ကောင်းကောင်းဖြေနိုင်သည် .. do နဲ့ exam တွဲသုံးလေ့ရှိတယ် ၊ answer နဲ့တွဲတာကို တွေ့ရခဲတယ် ။ စာမေးပွဲ ဖြေသည်ကို do an exam/sit for an exam လို့သုံးလေ့ရှိတယ် )
.
(2.3) I could have gone to Oxford University but I preferred Harvard.
ကျနော်က Oxford တက္ကသိုလ်ကို သွားနိုင်စွမ်းရှိခဲ့ပါတယ် ဒါပေမယ့် Harvard ကိုပဲ နှစ်သက်ခဲ့ပါတယ်
.
(2.4) She could have married him but she didn't want to.
သူမက သူ့ကို လက်ထပ်နိုင်စွမ်းရှိခဲ့ပါတယ် ၊ ဒါပေမယ့် သူမက လက်မထပ်လိုခဲ့ပါဘူး
.
(2.5) They could have bought a house here 20 years ago but chose not to.
သူတို့ဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းက ဒီနေရာက အိမ်တစ်လုံးကို ၀ယ်နိုင်စွမ်းရှိခဲ့ပါတယ် သို့သော်လည်း မ၀ယ်ဖို့ ရွေးချယ်(ဆုံးဖြတ်) ခဲ့ကြပါတယ်
……………….
ဒီဝါကျပုံစံများကို အခြားသော အခြေအနေများမှာလည်း သုံးစွဲနိုင်တာတွေ ရှိပါသေးတယ် ၊ သို့သော်လည်း အသုံးများတဲ့ အခြေအနေများနဲ့ အပြောများသောနမူနာပုံစံများ ကိုသာ ဦးစားပေးတင်ဆက်လိုက်ရခြင်း ဖြစ်ပါတယ်..
.
မေတ္တာဖြင့် heart emoticon
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။


အဆင်ပြေပါစေ


ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu