Ad Code

Responsive Advertisement

English Speaking Basics (42) အင်္ဂလိပ်စကားပြောအခြေခံများ (၄၂)


Win Naing Oo's photo.

………………………………………………
ဒီတစ်ကြိမ်မှာတော့ ကျနော်တို့က တစ်ခုခုဝယ်ချင်တဲ့အခါ (သို့) ၀န်ဆောင်မှုတစ်ခုခုကို ရချင်တဲ့အခါ အဲဒါက ဘယ်လောက် ကုန်ကျမလဲ ဘယ်လောက်ကျသင့်သလဲဆိုတာကို မေးဖို့ ပုံစံလေးများဖြစ်ပါတယ် ၊ မေးခွန်းပုံတွေချည့်ပဲရေးတာထက် အဖြေလေးတချို့ကိုပါ နမူနာထည့်ပေးတာက ပိုကောင်းမယ်ထင်တဲ့အတွက် အဖြေတချို့ကိုပါ ရေးတင်လိုက်ပါတယ်..
.
HOW MUCH DOES IT COST TO + (VERB)
…………………………………………………………
The following examples are of when you need to enquire the cost of something before ordering or asking for services.
.
(1.1) How much does it cost to fly to Europe?
ဥရောပကို လေယာဉ်နဲ့သွားဖို့ ဘယ်လောက်ကုန်ကျမလဲ
(Cost (v) ကုန်ကျသည် ၊ ကျသင့်သည် )
.
(1.2) The price of a ticket is 200 pounds.
လက်မှတ်တစ်စောင်ဈေးနှုန်းက ပေါင်ငွေ ၂၀၀ ဖြစ်ပါတယ်
.
(2.1) How much does it cost to buy a new motorcycle?
မော်တော်ဆိုင်ကယ် အသစ်တစ်စီးဝယ်ဖို့ ဘယ်လောက်ကုန်ကျမလဲ
.
(2.2) A new motorcycle will cost you two thousand pounds.
မော်တော်ဆိုင်ကယ်တစ်စီးက ပေါင်ငွေ နှစ်ထောင် ကျသင့်ပါလိမ့်မယ်
.
(3.1) How much does it cost to repair my computer?
ကျနော့်ကွန်ပြူတာကို ပြင်ဖို့ ဘယ်လောက် ကုန်ကျပါမလဲ
.
(3.2) It will cost you 20 pounds.
အဲဒါက ပေါင်ငွေ နှစ်ဆယ် ကျသင့်ပါလိမ့်မယ်
.
(4.1) How Much Did it Cost You?
အဲဒါကို ခင်ဗျား ဘယ်လောက် ကုန်ကျခဲ့ပါသလဲ
.
(4.2) It cost me 30 pounds.
အဲဒါက ပေါင်ငွေ သုံးဆယ် ကျသင့်ခဲ့ပါတယ်
.
( (4.1) မှာ Did နဲ့ မေးထားတဲ့အတွက် (4.2) မှာ ပြန်ဖြေတော့ past tense နဲ့ ပြန်ဖြေရမလို ဖြစ်နေတယ် ၊ သတိထားရမှာက costed ဟာ တန်ဘိုးဖြတ်ခဲ့သည် ဆိုတဲ့ အဓိပ္ပါယ်သာရပြီး ကျသင့်ခဲ့သည်လို့ မဟုတ်ပါဘူး ၊ ဒါကြောင့် costed နဲ့ မဖြေရပဲ cost အတိုင်းပဲ ဖြေရမှာဖြစ်ပါတယ် ၊ အထက်က အဖြေမှာ “s” ဖြုတ်ခဲ့ရတာကို သတိထားပါ )
Reference:
Today it costS me 20 bucks. (present tense)
Yesterday it cost me 20 bucks. (past tense)
Tomorrow it will cost me 20 bucks. (future tense)
……………………………..
.
Does နေရာမှာ would ပြောင်းလည်းရပါတယ် ၊ ပိုပြီး ယဉ်ကျေးတာပေါ့
.
(4) How much would it cost to wash my car?
ကျနော့်ကားဆေးဖို့ ဘယ်လောက် ကုန်ကျပါမလဲ
.
(5) How much would it cost to rent a car?
ကားတစ်စီးငှားဖို့ ဘယ်လောက် ကုန်ကျပါမလဲ
………….
ကုန်ကျခံမယ့် သူကို ထည့်လိုက ထည့်ပါ
.
(6) How much would it cost ME to buy an iphone 6?
Iphone 6 တစ်လုံးဝယ်ဖို့ ကျနော် ဘယ်လောက် ကုန်ကျပါမလဲ
.
(7) How much would it cost HIM to rent a house in Manchester?
မန်ချက်စတာမှာ အိမ်တစ်လုံးငှားဖို့ သူဘယ်လောက် ကုန်ကျပါမလဲ
……………………………………
.
How to ask how much something cost in a shop?
ဈေးဆိုင်မှာ မေးဖို့…

(8.1) How much are the tomatoes?
ခရမ်းချဉ်သီးတွေက ဘယ်လောက်ပါလဲ
.
(8.2) They are fifty pence a kilo.
အဲဒါတွေက တစ်ကီလိုကို ပဲနိငါးဆယ် ပါ
(pence = ပဲနိ .. မြန်မာသုံးငွေ ပြားကဲ့သို့ အင်္ဂလိပ်သုံးငွေ)
.
(9.1) How much are those apples?
ဟိုပန်းသီးတွေက ဘယ်လောက်ပါလဲ
.
(9.2) A bag of apples cost seventy pence.
ပန်းသီးတစ်အိပ်ကို ပဲနိခုနှစ်ဆယ် ကျသင့်ပါတယ်
.
(10.1) How much are the grapes?
စပျစ်သီးတွေက ဘယ်လောက်ပါလဲ
.
(10.2) They are sixty pence a bunch.
စပျစ်သီး တစ်ခိုင်ကို ပဲနိ ခြောက်ဆယ်ပါ
(A bunch = တစ်ခိုင် ၊ တစ်တွဲ)
…………………………………………….
.
မှတ်ချက် .. It ရဲ့ အများကိန်းဟာ Its မဟုတ်ပဲ they ပဲ ဖြစ်ပါတယ် ၊ Its က ထိုဟာ၏.. ဖြစ်ပါတယ်
ဒါကြောင့် အရာဝတ္ထုတွေအတွက် အများကိန်း နာမ်စားကို they, them, their သင့်တော်ရာတို့ကို သုံးလို့ရပါတယ်
.
မေတ္တာဖြင့် heart emoticon
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။


အဆင်ပြေပါစေ


ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu