Ad Code

Responsive Advertisement

English Speaking Basics (43) အင်္ဂလိပ်စကားပြောအခြေခံများ (၄၃)


Win Naing Oo's photo.

........................................................................................
PLEASE MAKE SURE THAT + (SUBJECT + VERB)
.
You are asking someone to make sure that a particular thing happens or takes place.
.
(1) Please make sure that dinner is ready when we get home.
ကျေးဇူးပြု၍ .. ကျနော်တို့ အိမ်ရောက်တဲ့အခါ ညစာအဆင်သင့် ဖြစ်ဖို့ သေချာအောင် လုပ်ပေးပါ
.
(2) Please make sure that the water is not too hot.
ကျေးဇူးပြု၍ ..ရေကို မပူလွန်းဖို့ သေချာအောင် လုပ်ပေးပါ
.
(3) Please make sure that you cook the meat long enough.
ကျေးဇူးပြု၍ ..ခင်ဗျားက အသားကို လုံလုံလောက်လောက်ကြာရှည်အောင် ချက်ပြုတ်ဖို့ သေချာအောင် လုပ်ပေးပါ
.
(4) Please make sure that you record our favorite TV show.
ကျေးဇူးပြု၍ .. ခင်ဗျားက ကျနော်တို့ အကြိုက်ဆုံး TV show ကို ကူးယူထားဖို့ သေချာအောင်လုပ်ပေးပါ
.
(5) Please make sure that you don't stay out too late.
ကျေးဇူးပြု၍ .. ခင်ဗျား အပြင်မှာ အရမ်းနောက်ကျပြီး မနေဖို့ သေချာအောင်လုပ်ပေးပါ
.
(6) Please make sure that your car is safe.
ကျေးဇူးပြု၍ .. ခင်ဗျားရဲ့ကားက ဘေးကင်းလုံခြုံဖို့ သေချာအောင် လုပ်ပေးပါ
.
(7) Please make sure that all the members of your party are aware of these terms & conditions.
ကျေးဇူးပြု၍ .. ခင်ဗျားတို့ပါတီရဲ့ ပါတီဝင်တွေအားလုံး ဒီစည်းမျဉ်းစည်းကမ်းတွေကို သိနားလည်ကြစေဖို့ သေချာအောင် လုပ်ပေးပါ
…………………………..................................
(8) Please be sure to let me know your new address soon.
ကျေးဇူးပြု၍ မကြာခင်မှာ ခင်ဗျားရဲ့ လိပ်စာအသစ် ကျနော့်ကို အသိပေးဖို့ သေချာပါစေနော်
.
(9) Please be sure to drop us a line as soon as you get to London.
ကျေးဇူးပြု၍ ..ခင်ဗျား လန်ဒန်ကိုရောက်ရောက်ချင်း ကျနော်တို့ဆီကို စာရေးဖို့ သေချာပါစေ
(drop us a line = ကျနော်တို့ဆီကို စာရေးပါ)
.
(10) Please be sure to take one dose three times a day.
တစ်နေ့ကို တစ်ကြိမ်စာဆေး သုံးကြိမ်သောက်ဖို့ သေချာပါစေ
(dose(n) တစ်ခါသောက်ဆေးပမာဏ)
.
(11) Please be sure to submit your report by Thursday?
ခင်ဗျားရဲ့ အစီရင်ခံစာကို ကြာသပတေးနေ့မှာ တင်ဖို့ သေချာပါစေ
………………………….
(12) Are you sure that you want to do this?
ဒါကို ခင်ဗျားလုပ်ချင်တာ သေချာပါရဲ့လား
.
(13) Are you sure that you want to go there?
ခင်ဗျား အဲဒီကို သွားချင်တာ သေချာပါရဲ့လား
.
(14) Are you sure you don't want to go with us?
ခင်ဗျား ကျနော်တို့နဲ့ မသွားချင်တာ သေချာပါရဲ့လား
.
(15) Are you sure that you want to quit your job?
ခင်ဗျား အလုပ်ကနေ ထွက်ချင်တာ သေချာပါရဲ့လား
.
(16) Are you sure that you want to meet Mary?
ခင်ဗျား မေရီကို တွေ့ချင်တာ သေချာပါရဲ့လား
……………..
Make sure က တစ်ခုခုကို သေချာအောင် (မဖြစ်ဖြစ်အောင်) လုပ်ပါလို့ တွန်းအားပေးလိုတဲ့သဘောရှိပြီး be sure ကတော့ သေချာစေချင်တဲ့ဆန္ဒကိုပဲ ဖေါ်ပြပါတယ် ("To make sure" of something has more sense of causing it to happen. "To be sure" of something just says that you want to be certain it will happen.)
…..
ကောင်းသောအရာများမှာ သေချာနိုင်ကြပါစေ..
.
မေတ္တာဖြင့် heart emoticon
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။


အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu