Ad Code

Responsive Advertisement

English Speaking Basics (47) အင်္ဂလိပ်စကားပြောအခြေခံများ (၄၇)


Win Naing Oo's photo.

………………………………………………….
အဖြစ်အပျက်တစ်ခုကိုဘာကြောင့် ဖြစ်တာလဲ ဘာဖြစ်လို့လဲ စသည်ဖြင့် မေးချင်တဲ့အခါ သုံးပါ
.
(1) How come + (subject + verb)
When using 'how come' you are asking why a particular thing has or had to take place.
.
(1.1) How come parents worry so much?
ဘာကြောင့် မိဘတွေက သိပ်ပြီး စိုးရိမ်ပူပန်ကြတာလဲ
.
(1.2) How come you are so upset?
ဘကြောင့် ခင်ဗျားက သိပ်ပြီး စိတ်ဓါတ်ကျဝမ်းနည်းရတာလဲ
.
(1.3) How come you stayed out so late?
ဘာကြောင့် ခင်ဗျားက အချိန် အများကြီးနောက်ကျအောင် အပြင်မှာ နေခဲ့တာလဲ
.
(1.4) How come you cannot make a decision?
ဘာကြောင့် ခင်ဗျား ဆုံးဖြတ်ချက်တစ်ခု မချနိုင်ရတာလဲ
.
(1.5) How come you always question me?
ဘာကြောင့် ခင်ဗျားက ကျနော့်ကို အမြဲတန်း မသင်္ကာဖြစ်ရတာလဲ
( question(v) မေးခွန်းမေးသည် ၊ သံသယဖြစ်သည် ၊ မသင်္ကာဖြစ်သည် )
.
(1.6) How come we never agree?
ဘာကြောင့် ကျနော်တို့ ဘယ်တော့မှ သဘောတူညီချက် မရတာလဲ
.
(1.7) How come your dog digs in the yard?
ဘာဖြစ်လို့ ခင်ဗျားရဲ့ခွေးက ခြံဝင်းထဲမှာ ကျင်းယက်တာလဲ
( dig(v) တူးဆွသည် ၊ yard (n) ခြံဝင်း )
...
How come ဟာစကားပြောပုံစံသီးသန့်ဖြစ်ပြီး (informal) ဖြစ်ပါတယ် ၊ How come ကိုရှေ့ကထားပြီး နောက်က ၀ါကျကို tense မပြောင်းပဲ ဆက်ဆွဲလိုက်ရတဲ့အတွက် လွယ်ကူပါတယ် ..
ပုံစံကျ ပြောဖို့နဲ့ အရေးအသားမှာသုံးဖို့ကတော့ Why Questions များကို သုံးနိုင်ပါတယ်
………………………………………….
.
(2) Why Questions
..
(2.1) Why do I have to do that?
ဘာကြောင့် ကျနော်က အဲဒါကို လုပ်ရမှာလဲ
.
(2.2) Why don't you come in?
ဘာကြောင့် ခင်ဗျားက ၀င်မလာတာလဲ
.
(2.3) Why are you busy today?
ဒီနေ့ ခင်ဗျားဘာလို့ အလုပ်ရှုပ်နေတာလဲ
.
(2.4) Why were you absent from school yesterday?
မနေ့က ခင်ဗျားဘာလို့ ကျောင်းပျက်ခဲ့တာလဲ
.
(2.5) Why did you come early?
ဘာကြောင့် ခင်ဗျားစောစောလာခဲ့တာလဲ
.
(2.6) Why won't my dog eat dog food?
ဘာကြောင့် ကျနော့်ခွေးက ခွေးစာကို မစားမှာလဲ
.
(2.7) Why do you want to become a nurse?
ဘာကြောင့် ခင်ဗျားက သူနာပြုဆရာမ တစ်ယောက် ဖြစ်လာချင်တာလဲ

ဝေါဟာရ ရှင်းလင်းချက်
.
Feed(v) အစာကျွေးသည်
Food(n) အစားအစာ (လူစားသည့်အစာ)
Feed(n) အစားအစာ (တိရစ္ဆာန်များအတွက်)
.
Animal feed တိရစ္ဆာန်အစာ, chicken feed ကြက်စာ, cattle feed ကျွဲ နွား စသည့်အစာ, poultry feed မွေးမြူရေးအတွက် ကြက် ဘဲ ၀က် တို့အစာ.. စသည်ဖြင့် ရှိသော်လည်း ခွေးကိုတော့ လူစာရင်းသွင်း၍ dog food ဟုခေါ်လေ၏
….
ေ မေတ္တာဖြင့် heart emoticon
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။


အဆင်ပြေပါစေ


ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu