Ad Code

Responsive Advertisement

English Speaking Basics (54) အင်္ဂလိပ်စကားပြောအခြေခံများ(၅၄)


Win Naing Oo's photo.

………………………………………………..
တစ်ခုခုလုပ်ဖို့ အချိန်ကိုရောက်နေပြီ အချိန်ကလည်း မှီသေးတယ်ဆိုလျင် ဒီပုံစံလေးကို သုံးနိုင်ပါတယ် ( When we say that the right time has arrived for something and we are still in time, we can use the following patterns: )
……………………………
(1) It's time to + (verb)
………………………………
(1.1) It's time to say goodbye.
(ဒီအချိန်က) နှုတ်ဆက်စကား ပြောရမယ့်အချိန်ပဲ ၊ ခွဲရမယ့် အချိန်ပဲ
( ဒီအချိန်က.. ဆိုတဲ့စကာလုံးကို ဖြုတ်လို့ ရပါတယ် ၊ နောက်ဆုံးမှာ “အချိန်ပဲ” လို့ပါနေတဲ့အတွက်ပါ )
.
(1.2) It's time to collect our money.
ဒီအချိန်က ကျနော်တို့ ပိုက်ဆံတွေ ပြန်စုရမယ့်(တောင်းခံရမယ့်) အချိန်ပဲ
(collect(v) စုဝေးသည် ၊ စုဆောင်းသည် ၊ ကောက်ခံသည်)
.
(1.3) It's time to cheer for our team.
ဒီအချိန်က ကျနော်တို့ အသင်းကို အားပေးဖို့ အချိန်ပဲ
(cheer(v) အားပေးသည် ၊ သြဘာပေးသည်)
.
(1.4) It is time to decide what to do.
ဒီအချိန်က ဘာလုပ်မလဲဆိုတာ ဆုံးဖြတ်ရမယ့် အချိန်ပဲ
.
(1.5) It is time to join an English Study Group.
ဒီအချိန်က အင်္ဂလိပ်စာလေ့လာရေးအုပ်စုတစ်ခုကို ၀င်ရမယ့် အချိန် ဖြစ်ပါတယ်
(join(v) ဆက်သည် ၊ အဖွဲ့တစ်ခုသို့ဝင်ရောက်သည်)
..
to ကိုသုံးပြီး မပြောချင်လို့ for နဲ့ ပြောချင်လည်းရသေးတယ် ၊ သူ့မှာက verb တစ်ခုကို မြှုပ်ထားတဲ့သဘောမို့ ဖြည့်ပြီးစဉ်းစားရမှာ ဖြစ်ပါတယ်
……………………………..
(2) It’s time for + noun
………………………………
(2.1) It's time for breakfast.
(ဒီအချိန်က) မနက်စာအတွက် အချိန်ပဲ ၊ မနက်စာ စားရမယ့် အချိန်ပဲ
.
(2.2) It's (good) time for a political reform.
ဒီအချိန်က နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ရမယ့် အချိန်(ကောင်း) ပဲ
(reform(v,n) အခြေခံမှစပြီး ပြန်လည်၍ပုံသွင်းပြုပြင်သည် / မှု)
.
(2.3) It’s time for a debate.
ဒီအချိန်က စကားအခြေအတင် ဆွေးနွေးရမယ့် အချိန်ပဲ
(debate (v,n) အခြေအတင် စကားရည်လု ဆွေးနွေးသည် / ခြင်း)
.
(2.4) It’s time for an answer.
ဒီအချိန်က အဖြေတစ်ခု (ပေးရမယ့်/ရရမယ့်) အချိန်ပဲ
……………………………….
ဒါကတော့ ပြောချင်တဲ့ အချက်အလက် စုံစုံလင်လင်လေး ပါသွားမယ်
(3) It’s time / (for+personal pronoun) / (to+verb)
……………………………………………………..
(3.1) It's time / for you / to go / to bed.
ဒီအချိန်က ခင်ဗျားအတွက် အိပ်ယာဝင်ရမယ့် အချိန်ပဲ
.
(3.2) It's time / for me / to say / goodbye.
ဒီအချိန်က ကျနော့်အတွက် နှုတ်ဆက်လမ်းခွဲစကား ပြောရမယ့် အချိန်ပဲ
.
(3.3) It's time / for us / to collect / our money.
ဒီအချိန်က ကျနော်တို့အတွက် ကျနော်တို့ပိုက်ဆံကို တောင်းခံစုဆောင်းရမယ့် အချိန်ပဲ
…………………………………
ကျနော်တို့ တစ်ခုခုလုပ်ရမယ့် လုပ်ဖို့သင့်တဲ့ အချိန်ကို နည်းနည်းလေး လွန်နေတယ် နောက်ကျနေတယ် ၊ အမှန်က ဒီအချိန်မှာ တစ်ခုခုကို လုပ်ပြီး ဖြစ်နေရမှာ ၊ လုပ်နေရမှာလို့ ပြောချင်လျင် ဒီပုံစံလေးကိုသုံးလိုက်ပါ ( It's (high) time + past subjunctive expresses that something should be done and that it is already a bit late:)
.
(4) it's (high) time + past subjunctive
(subjunctive = စိတ်ကူးဖြင့် တွေးထင်မှန်းဆပုံဖေါ်ကြည့်သော ကြိယာ)
.
(4.1) It's time you went to bed. You'll have to get up early tomorrow.
ဒီအချိန်က ခင်ဗျားအိပ်နေရမယ့် အချိန်ပဲ ၊ မနက်ဖန် စောစောထရမယ်လေ .. (သူက မအိပ်သေးလို့)
.
(4.2) It's high time I bought a new pair of shoes.
ဒီအချိန်က ရှူးဖိနပ်အသစ်တစ်ရံ ၀ယ်ပြီးဖြစ်နေရမယ့် သင့်တော်တဲ့ အချိန်ပဲ
( high time = appropriate time သင့်တော်တဲ့အချိန် )
.
(4.3) It's about time this road was completed. They've been working on it for months.
ဒီအချိန်မှာ ဒီလမ်းက ပြီစီးနေရမယ့် အချိန်ပဲ ၊ သူတို့ ဒါကို လပေါင်းများစွာ လုပ်နေခဲ့ကြတာ ခုထိလုပ်နေတုန်းပဲ
(about time = past the time when something should have happened လုပ်ဆောင်ပြီးစီးရမယ့်အချိန်)
.
(4.4) It's high time we were leaving.
ဒီအချိန်မှာ ကျနော်တို့ ထွက်လာခဲ့ပြီး ဖြစ်နေရမှာပါ
.
(4.5) It is high time you got a job!
ဒီအချိန်က ခင်ဗျား အလုပ်တစ်ခုရပြီး ဖြစ်နေရမှာ
.
(4.5) It's high time you started thinking for your old age.
ဒီအချိန်မှာ ခင်ဗျားရဲ့ အိုမင်းမစွမ်းဖြစ်ချိန်အတွက် စပြီး စဉ်းစား နေတဲ့အချိန်ဖြစ်ရမှာပါ
.
Subjunctive ကို ကွဲပြားအောင် ဘယ်လိုရေးလို့ရမလဲ နည်းလမ်းရှာတွေ့တော့မှ ထပ်ရေးပေးပါမယ် .. ခုလောလောဆယ် ၀ါကျတွေကိုပဲ ကျက်လိုက်ပါ ၊ လေ့ကျင့်ပြောဆိုပါလို့ ..
.
မေတ္တာဖြင့် heart emoticon
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။


အဆင်ပြေပါစေ


ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu