Ad Code

Responsive Advertisement

Galaxy Grand Duos GT-I9082L 4.2.2 ကို CWM & Root လုပ်ပြီး မြန်မာစာအမှန်ထည့်နည်း


Galaxy Grand Duos GT-I9082L ညီအကိုအတွက်
တောင်းဆိုထားတာလေးကိုတင်ပေးလိုက်ပါပြီမနေ့ညကတင်ပေးမလိုပဲ
 Connection အဆင်မပြေတာနဲ့မတင်ဖြစ်ဘူး

Galaxy Grand Duos GT-I9082L 4.2.2 ကို
CWM & Root လုပ်ပြီး မြန်မာစာအမှန်ထည့်နည်းကို
အောက်မှာလေ့လာနိုင်ပါပြီ။

ဒီဖုန်းအတွက် Official Firmware နဲ့ ရေးနည်းကိုတော့
အောက်ကလင့်မှာလေ့လာကြည့်လိုက်ပါ


Samsung Galaxy Grand Duos GT-I9082L Jelly Bean 4.2.2 Official Firmware တင်နည်း

CWM & Root လုပ်ပြီး မြန်မာစာအမှန်ထည့်နည်းအတွက်
လိုအပ်တာတွေကိုအောက်မှာဒေါင်းလော့ရယူပါ


CWM-touch_i9082_chotu.tar.zip

UPDATE-SuperSU-v1.25

Zawgyi_for_Android(Jelly)


Galaxy Grand Duos GT-I9082L 4.2.2 ကို CWM နည်းကို
အောက်မှာလေ့လာကြည့်လိုက်ပါ


CWM ဖြင့် Flash ပြုလုပ်နည်း
================
အရင်ဦးဆုံးဖုန်းမှာ Developer Option ကို On ပေးထားပါ
ပြီးရင် ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က PDA ဆိုတဲ့နေရာမှာ recovery_20120412.rar  ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီး ဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပြန်တက်လာပြီဆိုရင်တော့ CWM ဖြင့် Flash ကိစ္စပြီးဆုံးပါပြီ။

Recovery mode ကိုဝင်ပြီး SuperSU-update.zip လေးကို
install ပေးလိုက်ရင်တော့ ROOT အဆင်ပြေပါပြီ


SuperSU-update.zip အား install ပြုလုပ်နည်း
=========================
SuperSU-update.zip ဖိုင်ကို SD card ထဲသို့အားထည့်ပါ။

ဖုန်းကို ပါဝါပိတ်ပြီး Recovery mode ၀င်ရပါမည်။
Volume Up + Home + power ကိုတွဲနှိပ်လိုက်ပါ။

Install zip from sd card ကနေပြီး
SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။


မြန်မာစာထည့်နည်း
==========
Zawgyi_for_Android(Jelly).zip ဖိုင်ကို external storage ထဲသို့ထည့်လိုက်ပါ
ဖုန်းကိုပါဝါပိတ် CWM  recovery ဝင်ပါ၊
Volume Up + Home + power ကိုတွဲနှိပ်လိုက်ပါ။
Install zip from sd card ကနေပြီး
Choose zip from sdcard > external sd > ထဲဝင်ပြီး
Zawgyi_for_Android(Jelly).zip ဖိုင်ကို install လုပ်ပေးပါ
Reboot system now ကိုနှိပ်ပြီး Reboot ချပေးလိုက်ပါ
ပြန်တက်လာရင်မြန်မာစာအဆင်ပြေပါပြီ။


အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
Credit to www.zunite.org

   အဆင်ပြေပါစေ
    ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu