Ad Code

Responsive Advertisement

GALAXY Win DUOS GT-I8552B 4.1.2 Jelly Bean ကို Root လုပ်နည်း

GALAXY Win DUOS GT-I8552B  ဖုန်းကို Firmware တင်နည်းကို
ပြောခဲ့ပြီးပါပြီ ဒီတစ်ခါတော့ Root လုပ်နည်းကို တင်ပေးလိုက်ပါတယ်

ဒီဖုန်းကို Vroot & iRoot များနဲ့ တိုးပေါက်မည်တော့မထင်
အခြားသော Root Tool များလည်းသိပ်ထူးမည်မဟုတ်
CF Auoto Root လည်းရှာကြည့်တာ မတွေ့မိဆိုတော့
CWM ကြီးပဲအားကိုးရတော့မှာပဲဖြစ်ပါတယ်။


သက်ဆိုင်ရာဖုန်းတစ်လုံးအတွက် CWM & Update.zip လေး
ပိုင်ဆိုင်ထားပြီဆိုမှတော့ အိမ်ကွင်းကစားရသလိုပေါ့ဗျာ
ပျော်ပျော်ကြီး စမ်းကြည့်လိုက်တာပဲပေါ့

လိုအပ်တာတွေကိုအရင်ဒေါင်းလော့ရယူလိုက်ပါ

Samsung USB Driver for Windows


Click Here to Download Odin Tool


CWM recovery.tar.rar

SuperSU_v1.65.zip


CWM ဖြင့် Flash ပြုလုပ်နည်း
================
အရင်ဦးဆုံးဖုန်းမှာ Developer Option ကို On ပေးထားပါ
ပြီးရင် ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က PDA ဆိုတဲ့နေရာမှာ recovery.tar.rar  ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီး ဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပြန်တက်လာပြီဆိုရင်တော့ CWM ဖြင့် Flash ကိစ္စပြီးဆုံးပါပြီ။

Recovery mode ကိုဝင်ပြီး SuperSU-update.zip လေးကို
install ပေးလိုက်ရင်တော့ ROOT အဆင်ပြေပါပြီ

SuperSU-update.zip အား install ပြုလုပ်နည်း
=========================
SuperSU-update.zip ဖိုင်ကို SD card ထဲသို့အားထည့်ပါ။

ဖုန်းကို ပါဝါပိတ်ပြီး Recovery mode ၀င်ရပါမည်။
Volume Up + Home + power ကိုတွဲနှိပ်လိုက်ပါ။

Install zip from sd card ကနေပြီး
SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။


အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
Credit to www.zunite.org

   အဆင်ပြေပါစေ
       ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu