Ad Code

Responsive Advertisement

“go” ကိုသုံးတဲ့ နည်းလမ်း (၆) သွယ် မှတ်ကြမယ်


Win Naing Oo's photo.
“go” ကိုသုံးတဲ့ နည်းလမ်း (၆) သွယ် မှတ်ကြမယ်
…………………………
(1) go…..
.
ဒါတွေနဲ့ တွဲတဲ့အခါ go ရဲ့ နောက်မှာ ဘာမှ ထည့်စရာ မလိုပါဘူး ။
go home, go downtown, go shopping, go swimming, go camping, go dancing, go fishing, go sailing..
.
Exp: I will GO SHOPPING on Sunday.
ကျနော် တနင်္ဂနွေနေ့မှာ ဈေးဝယ်ထွက်မယ်
…………………………………………………..
(2) go to ….
.
ဒါတွေနဲ့ကျတော့ go ကို to နဲ့ တွဲပါတယ်
Go to work, go to office, go to factory, go to class, go to school, go to college, go to bed, go to prison, go to jail, go to hospital
Go to Yangon, go to Mandalay,.. (မြို့များ)
Go to Japan, go to Korea,… (နိုင်ငံများ)
Go to Europe, go to Asia, .. ( ကမ္ဘာ့တိုက်ကြီးများ )
.
Exp: I GO TO work every weekday.
ကျနော် တနင်္လာကနေ သောကြာထိ ရုံးဖွင့်ရက်တိုင်း အလုပ်သွားပါတယ်
(နံပါတ်(2) အတွက် မှတ်ချက်ကို အောက်မှာရေးထားပါတယ်)
………………………………………………………………………
(3) go to a…
.
ဒါတွေက go to a နဲ့ တွဲပါတယ်
go to a party, go to a conference, go to a concert, go to a meeting, go to an interview စသည်..
.
Exp : What if I'm not ready to GO TO A meeting?
ကျနော်က အစည်းအဝေးတက်ဖို့ အဆင်သင့် မဖြစ်လျင် ဘာဖြစ်မလဲ
(ဘယ် party သွားမယ် ၊ ဘယ် conference သွားမယ် ၊ ဘယ် concert သွားမယ် စသည်ဖြင့် သိနေတဲ့သူ အချင်းချင်း ပြောတဲ့အခါမှာတော့ the ထည့်ရပြန်ပါသတဲ့)
……………………………………………………………………..
(4) go to the…
.
ဒါတွေကိုတော့ go to the နဲ့ သုံးပါတယ်
go to the doctor, go to the dentist, go to the specialist, go to the bank, go to the supermarket, go to the shopping mall, go to the airport
.
Exp: When will you GO TO THE bank to withdraw cash.
ခင်ဗျား ငွေထုတ်ဖို့ ဘဏ်ကို ဘယ်တော့သွားမှာလဲ
………………………………………………………………………
(5) go on a..
.
go on a vacation, go on a trip
.
Exp: We have a plan to go on a trip to Bagan.
ကျနော်တို့ ပုဂံကိုခရီးသွားဖို့ အစီအစဉ်တစ်ခုရှိတယ်
………………………………………………………………………
(6) go for a ..
.
go for a walk, go for a swim, go for a drive,
.
Exp: I go for a walk every day.
ကျနော် နေ့တိုင်း လမ်းလျှောက်ထွက်တယ်
……………………………………………………………………
နံပါတ် (၂) go to သုံးရန်အတွက်မှတ်ချက်
သွားတဲ့နေရာနဲ့တွဲပြီး ဘာလုပ်ဖို့ဆိုတာ အလိုလိုနားလည်ပြီးသားဆိုရင် အခုလိုပဲ go to နဲ့တွဲပါတယ်..ပုံမှန်လုပ်ရိုးလုပ်စဉ် ကိစ္စတွေအတွက်လို့ ဆိုလိုပါတယ် ..
Eg: I go to work by bus. (အလုပ်လုပ်ဖို့သွားတာ )
I go to school on foot. ( ကျောင်းတက်ဖို့သွားတာ )
ကျောင်းတက်ဖို့မဟုတ်ပဲ အခြားကိစ္စ တစ်ခုခု အတွက်ဆိုရင် the ထည့်ပေးရပါမယ်..
I go to the school to get an education certificate.
အဲလိုပဲ အိပ်ယာကို အိပ်ဖို့သွားတယ်ဆိုရင်
I go to bed. သုံးနိုင်ပြီး တခြားကိစ္စ တစ်ခုခုအတွက် သွားတယ်ဆိုရင် I go to the bed. လို့ the ထည့်ပေးရပါတယ် ။
အဲလိုပဲ ဆေးရုံတက်ဖို့သွားတယ်ဆိုရင် go to hospital, လူနာမေးဖို့လိုမျိုး အခြားကိစ္စ တစ်ခုခုအတွက် ဆိုရင် go to the hospital စသည်ဖြင့်..
(အနှစ်ချုပ်အားဖြင့် the ထည့်လိုက်လျှင် ပုံမှန်လုပ်နေကျကိစ္စ မဟုတ်တော့ဘူးလို့ သိလိုက်ပါ )
.
အားလုံးပျော်ရွှင်ကြပါစေ..
.
မေတ္တာဖြင့် heart emotico
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။

အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu