Ad Code

Responsive Advertisement

အသုံးဆန်း ( Idiom) လေးများနဲ့ စကားပြောပုံများ (၂၁)

အသုံးဆန်း ( Idiom) လေးများနဲ့ စကားပြောပုံများ (၂၁)
………………………………………………………….
out of the blue (British, American & Australian) မမျှော်လင့်ပဲ ရုတ်တရက် (ဘယ်ကဘယ်လိုပေါ်လာမှန်းမသိ ၊ ဘယ်လိုဖြစ်သွားမှန်းမသိပဲ)
out of a clear (blue) sky (American & Australian)
………………………….
(If something happens out of the blue, it happens suddenly and you are not expecting it.)
.
(1) Grace started crying for no reason. It was totally out of the blue.
ဂရေ့(စ်) ကအကြောင်းမရှိပဲ ငိုချလိုက်ခဲ့တယ် ၊ လုံးဝ မမျှော်လင့်တဲ့ ရုတ်တရက်ကြီးပါပဲ ။
( totally (adv) လုံးဝ ၊ ဥသုံ.. မဘုတ်ဆုံ)
.
(2) Did you know they would move you to a different project?
Reply: "Not at all. It was completely out of the blue.”
~ သူတို့က ခင်ဗျားကို တခြား စီမံချက်နေရာတစ်ခုဆီ ရွှေ့ပြောင်းပေးခဲ့လိမ့်မယ်ဆိုတာ ခင်ဗျားသိခဲ့ပါရဲ့လား
~ လုံးဝပဲ (လုံးဝမသိခဲ့ပါဘူး) ၊ လုံးလုံး မမျှော်လင့်ပဲ ရုတ်တရက်ကြီး ဖြစ်ခဲ့တာကိုး
(completely (adv) လုံးဝ ၊ လုံးလုံး ၊ အလျှဉ်း)
.
(3) Out of the blue, my parents decided to buy me a brand new car for my birthday. I’m so happy.
ရုတ်တရက် မမျှော်လင့်ပဲ .. ကျနော့်မိဘများက ကျနော့်မွေးနေ့အတွက် ကားသစ်တစ်စီး ၀ယ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ။ ကျနော် သိပ်ပျော်တယ်ဗျာ ။
.
(4) They seemed to be talking calmly when out of the blue she slapped him in the face!
သူတို့ အေးအေးဆေးဆေး စကားပြောနေကြတယ်လို့ ထင်ရခဲ့ပါတယ် ၊ ရုတ်တရက်မမျှော်လင့်တဲ့အချိန်မှာ သူမက သူ့ပါးကို ရိုက်ချလိုက်ခဲ့ပါတယ် ။
(calmly (adv) အေးအေးဆေးဆေး ၊ မတုန်မလှုပ် ၊ slap (v) ရိုက်သည် ပုတ်သည် ၊ slap somebody in/on the face တစ်ယောက်ယောက်ကို ပါးချသည် ၊ ပါးရိုက်သည်)
.
……………………………….
Conversation example
…………………………………
Jim: Melissa, you’ve been a good secretary at our company for two years now. Unfortunately, I have to let you go. We’ll pay you 2 months salary.
Jim : မီလစ်ဆာ ၊ ခင်ဗျားက ကျနော့်ကုမ္ပဏီမှာ နှစ်-နှစ်ကြာ လုပ်ခဲ့တဲ့ အတွင်းရေးမှုးကောင်း တစ်ယောက်ပါ ။ ၀မ်းနည်းဖွယ်ရာပါပဲ ၊ ကျနော် ခင်ဗျားကို ပေးသွားရပါတော့မယ် ၊ ကျနော်တို့ ခင်ဗျားကို လစာ (၂) လစာ ပေးပါမယ် ။
(unfortunately (adv) ကံဆိုးချင်တော့ ၊ ၀မ်းနည်းဖွယ်ရာ)
.
Melissa: Do you mean that you’re firing me?
Melissa : ရှင်က ကျမကို အလုပ်ထုတ်တော့မယ်လို့ ဆိုလိုတာလား
.
Jim: Yeah, I’m afraid so. Out of the blue, our company lost millions of dollars this week in the global financial crisis. This has forced us to fire most of the staff.
Jim: အင်း အဲဒီအတွက်တော့ အားနာပါတယ် ၊ ရုတ်တရက် မမျှော်လင့်ပဲနဲ့ ကျနော်တို့ ကုမ္ပဏီက ဒီတစ်ပတ် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကြပ်အတည်းမှာ ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးခဲ့ပါတယ် ၊ အဲဒီအချက်က ကျနော်တို့ကို ၀န်ထမ်းအများစုကို အလုပ်ထုတ်စေဖို့ ဖြစ်သွားခဲ့တယ် (တွန်းအားဖြစ်ခဲ့တယ်)
.
Melissa: This is terrible! You know I really love this job. This whole thing is out of the blue for me. I still can’t believe it.
အဲဒါသိပ်ဆိုးတာပဲ ၊ ရှင်သိပါတယ် ကျမ ဒီအလုပ်ကို တကယ်ချစ်တယ်ဆိုတာ ။ ဒီကိစ္စကြီးတစ်ခုလုံးက ကျမအတွက် လုံးဝ မျှော်လင့်မထားတဲ့ အရာပါပဲ ။ ကျမ အဲဒါကို မယုံကြည်နိုင်အောင် ဖြစ်နေဆဲပါ ။
(terrible (adv) ဆိုးရွားသော )
.
Jim: I know…I’m really sorry.
Jim : ကျနော် သိပါတယ် ၊ ကျနော်တကယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ် ။
………………………..
Other Common Sentences
……………………….
"She showed up OUT OF NO WHERE."
သူမက ဘယ်ကမှန်းမသိ ထွက်ပေါ်လာတယ်
(show up ပေါ်လာသည်)
.
"He pulled a rabbit OUT OF NOWHERE. That's why it was so impressive."
သူက ဘယ်နေရာကမှန်းမသိရပဲ ယုံကလေးကို ဆွဲထုတ်လိုက်ပါတယ် ၊ ဒါကြောင့် အဲဒါက (ပြကွက်က) အရမ်းအထင်ကြီး လောက်ခဲ့ပါတယ်။
(impressive (adj) အထင်ကြီးလောက်သော)
………………..
ရှင်းလင်းချက်
……………
Out of the blue ဟာ compliment (in No. 1 and 2) အဖြစ်နဲ့ရော adverb ( in No. 3 and 4) အဖြစ်နဲ့ပါ သုံးနိုင်တယ်ဆိုတာ တွေ့ရပါတယ်
..

မေတ္တာဖြင့် ဆရာ ၀င်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ)

heart emoticon

Post a Comment

0 Comments

Close Menu