Ad Code

Responsive Advertisement

iOS 9 တွင် WiFi Assist ကို ပိတ်ထားခြင်း


အသစ်ထွက်ရှိတဲ့ iPhone နဲ့ iOS 9 တို့မှာ ပါဝင်လာမယ့် WiFi Assist ဆိုတဲ့ နည်းပညာဟာ သုံးစွဲသူရဲ့ Data တွေကို ကိုယ်မသိလိုက်တဲ့အချိန်မှာ သုံးစွဲသွားစေနိုင်ပါတယ်။ iOS 9 မှာပါဝင်လာတဲ့ WiFi Assist ဆိုတာကတော့ သင်ဟာ အိမ် ဒါမှမဟုတ် WiFi အသုံးပြုခွင့် ရှိတဲ့နေရာမှာ WiFi သုံးစွဲပြီး Facebook အသုံးပြုခြင်း၊ အွန်လိုင်းပေါ်မှ သီချင်းများကို နားထောင်နေခြင်း၊ Video တို့ကို ကြည့်ရှုခြင်း အစရှိတာတွေကို ပြုလုပ်နေရင်း WiFi Signal အားနည်းသွားတဲ့အခါမျိုးမှာ Mobile Data ကို အလိုအလျောက် ဖွင့်ပေးမယ့် နည်း ပညာတစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် သုံးစွဲသူမသိလိုက်တဲ့အချိန်မှာ Mobile Data သုံးစွဲမှုတွေကို ကာကွယ်ချင်တယ်ဆိုရင် WiFi Assist ကို ပိတ်ထားရပါမယ်။
WiFi Assist ကို ပိတ်ဖို့အတွက် Home Screen ကနေ Settings ကို နှိပ်လိုက်ပါ။

Settings ထဲကိုရောက်ပြီဆိုရင် Mobile Data ဒါမှမဟုတ် Cellular Data ဆိုတာကို နှိပ်ရပါမယ်။


အဆိုပါ Cellular Data ထဲကိုရောက်သွားရင် အောက်ဘက်နား အဆုံးထိ ဆင်းလိုက်ပါ။ WiFi-Assist ဆိုတာကို တွေ့ရပါလိမ့်မယ်။ အဆိုပါ WiFi-Assist ရဲ့ Toggle ကို ဆွဲပြီး Off ပြုလုပ်ထားပေးရပါမယ်။ ဒါဆိုရင် iOS 9 မှာ WiFi Assist ကို ပိတ်တဲ့လုပ်ငန်းစဉ် ပြီးဆုံးပြီဖြစ်ပါတယ်။



Ref: metro

Credit Internet Journal


အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
Credit to  www.zunite.org မှ ကူးယူဖော်ပြသည်။

Post a Comment

0 Comments

Close Menu