Ad Code

Responsive Advertisement

NICE တစ်လုံး သုံးတဲ့အခါ ဒါလေးတွေ သိထားလိုက်ပါ


Win Naing Oo's photo.

.................................................
nice (adj) ဆိုတဲ့စကားလုံးလေးဟာ အသုံးများပြီး လှပတဲ့ စာလုံးလေးလည်းဖြစ်ပါတယ် ။ သို့သော်လည်း .. ကောင်းမွန်သော ၊ အရသာရှိသော ၊ ဇိမ်ရှိသော ၊ သာယာသော ၊ သဘောကောင်းသော ၊ ဖေါ်ရွေသော ၊ သိမ်မွေ့သော ၊ ရိုးသားဖြောင့်မတ်သော .. စသည်ဖြင့် အဓိပ္ပါယ်တွေ အမျိုးမျိုး ရနေတော့ ဘယ်ဝါကျမှာ ဘယ်အဓိပ္ပါယ်ကိုယူရမလဲ ဝေး၀ါးနေတတ်ပါတယ် (ကျနော့်အတွေ့အကြုံပါ) ။ အဲဒါကြောင့် ဘယ်ဝါကျမျိုးမှာ ဘယ်လိုယူပါဆိုတဲ့ သုံးစွဲပုံအညွှန်းလေးတွေ့ရတဲ့ အခါမှာတော့ အသုံးဝင်ပြီး အထောက်အကူဖြစ်တယ်လို့ ယူဆမိတဲ့အတွက် မျှဝေလိုက်ခြင်း ဖြစ်ပါတယ်ခင်ဗျာ ..
.......................................
1. တစ်စုံတစ်ယောက် (သို့) တစ်စုံတစ်ခုကို ကြိုက်နှစ်သက်ကြောင်းပြဖို့အတွက် ၊ ဒါမှမဟုတ် တစ်စုံတစ်ခုက
ပျော်ရွှင်ကြည်နူးမှု ကိုပေးတဲ့အကြောင်း ပြောဖို့အတွက် သုံးပါ။
Nice is a very common adjective. You use it to show that you like someone or something, or that something gives you pleasure.
..
(1.1) He has NICE eyes.
သူမှာ လှပတဲ့ မျက်လုံးတွေ ရှိပါတယ်
.
(1.2) It's a very NICE town.
အလွန်ကို သာယာကောင်းမွန်တဲ့ မြို့ကလေးပါ
.
(1.3) I got a NICE hat and a green dress.
ကျမမှာ လှပကောင်းမွန်တဲ့ ဦးထုပ်တစ်လုံးနဲ့ အစိမ်းရောင် ဂါဝန်တစ်ထည် ရှိပါတယ်
...............................
2. talking about people
လူတွေအကြောင်း ဒါမှမဟုတ် သူတို့ရဲ့ အပြုအမူအကြောင်း ပြောတဲ့အခါမှာတော့ အဓိပ္ပါယ်က ရှင်းလင်းပါတယ် ၊ တစ်ယောက်ယောက်ကို 'a nice man' ၊ 'a nice woman' စသည်ဖြင့် ပြောလျှင် သူတို့ဟာ ကြင်နာတတ်သူ သတိရတတ်သူ စိတ်ကူးကောင်းသူ လို့ ဆိုလိုတာဖြစ်ပါတယ်
When you use nice to talk about people or their behaviour, its meaning is clear. If you say that someone is 'a nice man' or 'a nice woman', you mean that they are kind and thoughtful.
..
(2.1) They seemed very NICE men.
သူတို့က သိပ်ကို သဘောကောင်းတဲ့လူတွေလို့ ထင်ရတယ်နော်
.
(2.2) We've got very NICE neighbours.
ကျနော်တို့မှာ သိပ်ကိုကောင်းတဲ့ အိမ်နီးချင်းတွေ ရှိပါတယ်
.......................................................
(3) တစ်စုံတစ်ယောက်က ကြင်ကြင်နာနာနဲ့ စိတ်ကူးကောင်းကောင်း ပြုမူတဲ့အခါ ကျေးဇူးတင်ကြောင်းပြဖို့ .. nice of (someone) to ..ပုံစံကို သုံးနိုင်ပါတယ်
You can say that it is nice of someone to do something. This is a way of showing gratitude when someone has behaved in a kind and thoughtful way.
..
(3.1) It's nice of you to / say that.
ခင်ဗျား ပြောတာက သိပ်ကောင်းပါတယ်
.
(3.2) How nice of you to / come.
ခင်ဗျားလာတဲ့အတွက် ဘယ်လောက်ကောင်းလိုက်သလဲဗျာ
......................................................
(4) talking about enjoyment
သာသာယာသာနဲ့ အချိန်တွေကုန်ဆုံးသွားတဲ့အကြောင်းကို ပြောဖို့ nice ကို noun တွေနဲ့ သုံးနိုင်ပါတယ် ။
You can use nice with some nouns to talk about spending time in a pleasant way. This is a very common use. For example, if you say 'Have a nice evening', you are saying to someone that you hope they will spend the evening in a pleasant way. Similarly, if you say 'Did you have a nice holiday?', you are asking someone if they enjoyed their recent holiday.
..
(4.1) They were having a NICE TIME.
သူတို့ သာယာပျော်ရွှင်တဲ့အချိန်လေးတစ်ခု ရရှိခံစားနေခဲ့ကြပါတယ်
.
(4.2) 'Have a NICE WEEKEND.' – 'You too.'
သာယာပျော်ရွှင်သော သီတင်းပတ်ကုန် ပိတ်ရက်လေး ဖြစ်ပါစေ ။ ခင်ဗျားလည်း ရပါစေ ။
.............................................
5. talking about things and places
ပြောစကားများမှာ .. အရာဝတ္ထု ၊ နေရာတို့ကို ကြိုက်နှစ်သက်ကြောင်းပြဖို့ သုံးနိုင်ပါတယ်
In conversation, you can use nice to say that you like a thing or place. However, in formal writing it is better to find another adjective which expresses your meaning more exactly.
..
(5.1) It is a NICE OFFICE to work, the staff are all very friendly and helpful. (conversation)
အလုပ်လုပ်ဖို့ သိပ်ကောင်းတဲ့ ရုံးခန်းပါ ၊ ၀န်ထမ်းအားလုံးကလည်း သိပ်ကို ခင်မင်ဖို့ကောင်းပြီး ကူညီတတ်ကြပါတယ်
(5.2) It is one of the PLEASANTEST PLACES I know. (formal)
အဲဒီနေရာက ကျနော် သိတဲ့ အသာယာဆုံးနေရာတွေထဲက တစ်ခုပါ
....................
6. 'nice' with other adjectives
စကားပြောများမှာပဲ .. nice ကို အခြား adjective များနဲ့တွဲပြီး သုံးလေ့ရှိပါတယ် ။
In conversation, nice is often used with other adjectives. For example, you can say that a room is nice and warm or describe it as a nice, warm room. When you use nice like this, you are saying that the room is nice because it is warm.
..
(6.1) The room is NICE AND CLEAN.
သူ့အခန်းက ကောင်းပြီး သန့်ရှင်းနေတယ်
.
(6.2) It's NICE AND PEACEFUL here.
ဒီမှာက ကောင်းမွန်ပြီး အေးချမ်းပါတယ်
.
(6.3) I want a NICE, WARM, COMFORTABLE bed.
ကောင်းမွန် နွေးထွေး ဇိမ်ရှိတဲ့ အိပ်ဖို့နေရာတစ်ခု ရချင်ပါတယ်
.............................................................................
Source: The Free Dictionary
..
မေတ္တာဖြင့် heart emotico
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။


အဆင်ပြေပါစေ


ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu