Ad Code

Responsive Advertisement

ဖေ့စ်ဘွတ်ပေါ်က Porn Video ဗိုင်းရပ်စ် အန္တရာယ်...

ဖေ့စ်ဘွတ်(Facebook)ပေါ်မှာ ကျနော်တို့ရဲ့ Friend list ထဲက မိတ်ဆွေတွေ ထံကပဲဖြစ်ဖြစ်… ကျနော် တို့နဲ့အတူ facebook groups တွေမှာ members ၀င်ထားတဲ့ အဖွဲ့ဝင်တဦးဦး ထံကပဲဖြစ်ဖြစ် အမြင် မတော်တဲ့ Porn videos တွေ (မရည်ရွယ်ပဲ) အလို အလျောက် တက်လာနေတာကို သတိ ထားမိကြ မှာပါ…

တခါတရံမှာ ကျနော်တို့ အလွန်ရင်းနှီးတဲ့ မိတ်ဆွေတွေ… မိသားစုဝင်တွေ ဆီကနေ ဒီလို အမြင်မတော်တဲ့ porn videos လင့်ခ်တွေ ပို့လာတာကို မြင်ရတော့ တအံ့တသြ ဖြစ်ကြ ရပါတယ်…

သူတို့အနေနဲ့ ဒီပို့စ်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပို့နေတာမဟုတ်သလို သူတို့ကို အပြစ်တင်လို့လည်း မရ ပါဘူး… သူတို့ကိုယ်တိုင်ကတောင် မသိကြပါ.. သနားစရာကောင်းတာကတော့ သူတို့အနေနဲ့ ဗိုင်းရပ်စ် ကူးစက်ခံနေရပြီး ဟက်ကာ(Hackers) တွေရဲ့ အသုံးချတာကို ခံနေရတဲ့ သားကောင်းတွေ ဖြစ်နေ ကြလို့ပါ…

ဖေ့စ်ဘွတ်ပေါ်မှာ ပြန့်နှံ့နေတဲ့ အခုနောက်ဆုံးပေါ် Trojan Virus ဟာ browser extensions တွေအဖြစ် တည်ရှိနေပြီး users တွေ စိတ်ဝင်စားအောင် အတုအယောင် porn video links ပုံစံတွေကို အသုံးပြုကာ လူမှုကွန်ယက်တွေမှာ ပြန့်နှံ့နေတာပါ…. ကူးစက်ခံရတဲ့ users တွေရဲ့ account နာမည်တွေကို အသုံးပြုပြီး tags တွေ ပြန်ပွားကာ facebook groups… နဲ့ ကျနော်တို့ရဲ့ facebook walls တွေမှာ ပျံနှံ့နေတာပါ… အထူးသဖြင့် Post Approval ကို Tick မလုပ်ထားတဲ့ facebook groups တွေမှာ ပိုပြီးတွေ့နေရပါတယ်…

ဖေ့စ်ဘွတ်မှာ ဗိုင်းရပ်စ် ကူးစက်ခံရ ပုံကတော… ဖေ့စ်ဘွတ် user တစ်ဦးထံ (အဆိုပါ ဗိုင်းရပ်စ် ကူးစက် ခံနေရတဲ့သူ) အလွန်ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတစ်ဦးဦးထံကနေ အမြင်မတော်တဲ့ porn video လင့်ခ် တခုက သူ့ရဲ့ wall မှာ တက်လာတယ် ဆိုပါစို့… အင်တာနက် လုံခြုံရေးကို မသိသေးတဲ့ စောစောက user က မစဉ်းစားပဲ လင့်ခ်ကို click လုပ်ပြီး ဖွင့်ကြည့်လိုက်မယ်… ဒါဆိုရင် porn video ကို ကြည့်ဖို့အတွက် Falsh player update လုပ်ရမယ်ဆိုပြီး flash player update ကို link နဲ့တကွ install လုပ်ခိုင်းတဲ့ နေ ရာရောက်သွားပါမယ်… အဲဒီ လင့်ခ်ကိုနှိပ်ပြီး flash player update ကို install လုပ်လိုက်ပြီ ဆိုတာနဲ့ ဒီပုဂ္ဂိုလ်ဟာ ဟက်ကာတွေရဲ့ သားကောင် ဖြစ်သွားပါပြီ… သူတို့အလိုကျ အသုံးချတာကို ခံရပါတော့မယ်… Trojan ဗိုင်းရပ်စ်တွေက flash player update အယောင်ဆောင် ထားတာပါ… (ကွန်ပြူတာထဲမှာ Flash player update လုပ်ချင်တယ်ဆိုရင်တော့ www.adobe.com ဆိုတဲ့ official site ရှိပါတယ်… အဲဒီမှာသာ သွားလုပ်ဖို့ တိုက်တွန်းချင်ပါတယ်…)

တကမ္ဘာလုံးမှာ ဖေ့စ်ဘွတ်ကို လူဦးရေ သန်းနဲ့ချီပြီးတော့ သုံးနေကြတာပါ… ကျနော်တို့ အသုံးပြုနေ တဲ့ ဖေ့စ်ဘွတ် အ၀န်းအ၀ိုင်းလောက်မှာတင် တနေ့တနေ့ တက်လာနေတဲ့ porn လင့်ခ်တွေက မနည်းပါ… facebook group တွေမှာ member ၀င်ထားတဲ့ မိတ်ဆွေတွေနဲ့ Group admin တွေ ပိုသိကြမှာပါ… ဒါတောင် group အတော်များများမှာ member တွေတင်လိုက်တဲ့ ပို့စ်တိုင်းကို Admin က ခွင့်ပြုမှ group ပေါ်ရောက်မဲ့ Post Approval နေရာမှာ အမှန်ခြစ်(Tick) လုပ်ထားပေးကြလို့ပါ… နို့မဟုတ် ရင်တော့… တကမ္ဘာလုံးမှာ အသုံးပြုနေတဲ့ Users ဦးရေနဲ့သာ တွက်ကြည့်ပါ… တရက်တရက်ကို pron လင့်ခ်တွေ နည်းမှာ မဟုတ်သလို ဗိုင်းရပ်စ် ကူးစက်မှုနှုန်းကလည်း မသေးလှပါ…

လတ်တလော ပေါ်ဖြူလာဖြစ်နေတဲ့ အရာတွေ… ဒါမှမဟုတ်… လူတွေ စိတ်ဝင်စားတဲ့ အရာတွေ… လိုအပ်ချက် တခုအနေနဲ့ မဖြစ်မနေ လုပ်ရမဲ့ အရာတွေကို ဗန်းပြပြီး သူတို့လိုချင်တဲ့ Target ကို ရောက်အောင် သွေးဆောင်ဖြားယောင်တာဟာ ဟက်ကာ (Hackers) တွေရဲ့ လုပ်ရိုးလုပ်စဉ် တခုပါ… TI နယ်ပယ်မှာဆိုရင်လည်း အိုင်တီကို စပြီးလေ့လာနေတဲ့ လူငယ်တွေဟာ သူတို့အနေနဲ့ ဟက်ကာတွေရဲ့ သားကောင်းဘ၀ ရောက်မှန်းမသိ ရောက်သွားတတ် ကြပါတယ်… လူငယ်တွေ စိတ်ဝင်စားအောင် ဟန်ဆောင် ဖန်တီးထားတဲ့ ဟက်ကာတွေရဲ့ applications တိုင်းကို ကွန်ပြူတာထဲကို Download လုပ် လုပ်ပြီး install လုပ်နေကြလို့ပါ…

(ဟက်ကာတိုင်းကို အဆိုးမမြင်ပါ… အိုင်တီနဲ့ လုံခြုံရေးပိုင်းဆိုင်ရာတွေမှာ ကိုယ်ကျိုးစွန့် အနစ်နာခံနေတဲ့… အကျိုးပြုနေတဲ့.. (White)ဟက်ကာတွေလည်း ဒုနဲ့ဒေးပါ… အသိအမှတ်ပြုပါတယ်…)

ဆက်ရအောင်… အင်တာနက် လုံခြုံရေးဆိုင်ရာ သုတေသီတစ်ဦးဖြစ်သူ Mohammad Faghani ရဲ့ အဆိုအရ ဖေ့စ်ဘွတ်မှာ ပုထုဇဉ်တွေ စိတ်ဝင်စားအောင် porn videos တွေလို အယောင်ဆောင်ထားတဲ့ Trojan ဗိုင်းရပ်စ်တွေ စပေါ်လာပြီး ၂ ရက်အတွင်း ဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေဟာ ၁၁၀,၀၀၀ ကျော် ရှိတယ်လို့ ဆိုထားပါတယ်… ယနေ့အထိလောက်သာ ဆိုရင်တော့ စဉ်းစားသာ ကြည့်ပေတော့ဗျာ… ဗိုင်းရပ်စ် ကူးစက်မှုနှုန်းက ကြောက်ခမန်း လိလိပါ…

ဒီ Trojan ဗိုင်းရပ်စ်ဟာ ဘယ်လောက်ထိ ဆိုးသလဲဆိုရင် ဗိုင်းရပ်စ် ကူးစက်ခံရသူရဲ့ account ကို သုံးပြီး porn video လင့်ခ်တွေကို ဖေ့စ်ဘွတ်ပေါ်မှာ ဖြန့်တဲ့အခါ အဆိုပါ ကူးစက်ခံရသူရဲ့ friend list ထဲမှာရှိတဲ့ မိတ်ဆွေ ၂၀ ကျော်လောက်ကိုပါ အလိုအလျောက် tags တွေ လုပ်သွားပါတယ်… အဲဒါကြောင့် porn video တွေ တက်လာတဲ့ ပို့စ်တွေမှာ ကိုယ့်ရဲ့ facebook account နာမည်တွေကို tags လုပ်ထားတာကို ရံဖန်ရံခါ တွေ့ဖူးကြမှာပါ… (ပို့စ်လုပ်တဲ့သူကို ဘာဖြစ်လို့ ငါ့နာမည် tags လုပ်ရတာလဲ ဆိုပြီးတော့ သွားတော့ မဆဲလိုက်ပါနဲ့… သူခမျာ ဘာမှ မသိလိုက်ရှာပါဘူး… :-) :-) …)

Facebook ကို ပထမဦးဆုံး target ထားပြီး တိုက်ခိုက်တဲ့ ဗိုင်းရပ်စ်က အခု ကျနော်ပြောနေတဲ့ Trojan ဗိုင်းရပ်စ်အသစ်လောက် မဆိုးပါ… ဖေ့စ်ဘွတ်ထဲက မိတ်ဆွေ ၂ ဦးအကြား spam massage တွေ ပို့တဲ့ အဆင့်လောက်ပဲ ရှိခဲ့တာပါ… နောက်ပြီး webcam ထဲမှာ ဖော်ချွတ်ပုံနဲ့ YouTube ဗွီဒီယိုပုံစံ လုပ်ထားပြီး ပုထုဇဉ်တွေကို ရိုက်စား(scam)လုပ်တဲ့ malware scams တွေလည်း တွေ့ဖူးကြမှာပါ… ဒါမျိုးတွေလောက်ပါ…

ဒါပေမဲ့… အခု trojan ဗိုင်းရပ်စ်က user တယောက်ကို ကူးစက်ပြီးဆိုရင် စောစောက ပြောသလို သူ့ friend list ထဲမှာရှိတဲ့ friends ၂၀ ကျော်လောက်ကို tags တွေ auto လိုက်လုပ်ပစ်လိုက်တာပါ… အယောက် (၁၀၀, ၁၀၀၀, ၁၀၀၀၀, ၁၀၀၀၀၀… etc..) လောက် ကူးစက်ပြီးဆိုရင် သူလုပ်မဲ့ tags အရေအတွက်ကိုသာ စဉ်းစား ကြည့်ပေတော့… ဒီနည်းနဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဗိုင်းရပ်စ်တွေ ပိုပြီး ပြန့်နှံ့ လာတာပါ… ဗိုင်းရပ်စ်ကူးစက်ခံရပြီဆိုရင် ကွန်ပြူတာတွေ၊ အင်တာနက်တွေ သုံးရင် ပုံမှန်မဟုတ် တာတွေ ဖြစ်လာမယ်… အထူးသတိပေးချက်ကတော့ ဒီ trojan ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ user ရဲ့ ကွန်ပြူတာ ကီးဘုတ်နဲ့ မောက်စ် လှုပ်ရှားမှုတွေကို ဟက်ကာ(hackers)တွေက ထိန်ချုပ်ခွင့် ရသွားနိုင်တယ် ဆိုတဲ့ အချက်ပါပဲ…

ဖေ့စ်ဘွတ်ပြောရေးဆိုခွင့် ရှိသူကတော့ facebook လူမှုကွန်ယက်ပေါ်မှာ လက်ရှိ ပြန့်နှံ့နေတဲ့ ဗိုင်းရပ်စ်တွေကို သူတို့အနေနဲ့ သိရှိထားပြီး facebook အသုံးပြုသူတွေအနေနဲ့ လုံခြုံမှုရှိအောင် အဆိုပါလင့်ခ်တွေကို ဟန့်တား တားဆီးဖို့ လုပ်ဆောင်နေတယ်လိုတော့ ပြောထားပါတယ်…

မည်သို့ပင်ဖြစ်စေကာမူ…..

အကြံပြုချင်တာက… ဖေ့စ်ဘွတ်ပေါ်မှာ ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ မိတ်ဆွေ တစ်ဦးဦးထံက Porn videos လင့်ခ်(Links) တွေ မိမိဖေ့စ်ဘွတ် wall ပေါ်မှာပဲဖြစ်ဖြစ်… မိမိ member ၀င်ထားတဲ့ group ထဲမှာ ပဲဖြစ်ဖြစ်… တွေ့မိရင် အလောတကြီးနဲ့ (Click) မနှိပ်မိပါစေနဲ့… မိမိကိုပါ ကူးစက်သွားမှာ ဖြစ်ပါ တယ်… သေချာတာကတော့ ဒီလိုမျိုး လင့်ခ်တွေ ပို့လာပြီဆိုကတည်းက ဒီမိတ်ဆွေရဲ့ ကွန်ပြူတာဟာ ဗိုင်းရပ်စ် ကူးစက်ခံနေရပြီးဆိုတာ သေချာနေပါပြီ… အဲဒါကြောင့် links တွေပို့လာတဲ့ account ပိုင်ရှင်ကို ၄င်းကွန်းပြူတာမှာ ဗိုင်းရပ်စ် ကူးစက်နေကြောင်း အကြောင်းကြားပေးပါ… report လုပ်ပေးပါ… ကွန်ပြူတာကို ဗိုင်းရပ်စ် scan လုပ်ဖို့ အကြံပေးပါ… နီးစပ်ရာ နည်းပညာ နားလည် သူတွေထံမှာ အကြံဥာဏ် ရယူဖို့ တိုက်တွန်းပါ… အလွန်အန္တရာယ်များတဲ့ Trojan ဗိုင်းရပ်စ် (Virus) တွေပါ…

Facebook group ကို open post လုပ်ခွင့်ပေးထားတဲ့ group admin တွေကို အကြံပြုချင်ပါတယ်… group setting ထဲမှာသွားပြီး Post Approval ဘေးက "All group posts must be approved by an admin" ဆိုတဲ့နေရာမှာ အမှန်ခြစ်(Tick) လုပ်ထားပေးသင့်ပါတယ်… member တွေ တင်လိုက်တဲ့ ပို့စ်တွေကို တခုချင်း စိစစ်ပြီး group ပေါ် ပြန်တင်ပေးရတဲ့အတွက် နည်းနည်းတော့ အလုပ်ရှုပ်ကောင်း ရှုပ်ပါလိမ့်မယ်… နောက်ပြီး group တခုမှာ အနည်းဆုံး admin ၂ ယောက်လောက်တော့ ရှိသင့်ပါ တယ်ဗျာ… အကြံပေးတာပါ…

ကိုယ်ပိုင်ဖေ့စ်ဘွတ် account သုံးနေကြတဲ့ မိတ်ဆွေတွေ အနေနဲ့လည်း မလိုလားအပ်တဲ့ posts တွေ… မသင့်တော်တဲ့ posts တွေမှာ မိမိ account ကို tags လုပ်လို့ မရအောင်… ဒါမှမဟုတ်… မိမိကို tags လုပ်ထားတဲ့ ပို့စ်တွေကို timeline ပေါ် ရောက်သင့်၊ မရောက်သင့် ပြန်ပြီး Review လုပ်လို့ ရအောင် ဖေ့စ်ဘွတ် ညာဘက်ထောင့် အပေါ်က မျှားနေရာက Setting ကိုသွား… ပြီးရင် Timeline and Tagging Setting နေရာမှာ အောက်ဘက်က “Review tags people add to your own posts before the tags appear on Facebook?” နေရာမှာနှိပ်ပါ... ပြီးရင် “Review posts friends tag you in before they appear on your timeline” နေရာမှာ Enabled လုပ်ထားလိုက်ပါ… ဒါဆိုရင် ဖေ့စ်ဘွတ်မိတ်ဆွေတွေက မိမိကို tags လုပ်လာရင် facebook timeline ပေါ်မရောက်ခင် review လုပ်နိုင်မှာပါ…




တခါတရံ ဗိုင်းရပ်စ်တွေ ကိုယ်တိုင်က ဗိုင်းရပ်စ် သတ်ပေးတဲ့ Virus removal tool တခုအနေနဲ့ ဟန်ဆောင် တတ်ပါတယ်… အင်တာနက် အသုံးပြုသူတွေကို “သင့်ကွန်ပြူတာ ဗိုင်းရပ်စ် ကူးစက်ခံနေရတယ်” ဆိုပြီး ချောက်လှန့်က ဟိုလင်ခ့်ကိုနှိပ်ပါ… ဒီလင့်ခ်ကို နှိပ်ပါဆိုပြီး သူတို့ဆင်ထားတဲ့ ထောင်ချောက်ထဲကို ဆွဲခေါ်သွားတတ်ပါတယ်… ဒါလည်း သတိပြုစေချင်ပါတယ် ခင်ဗျား…

အခြားအကြံပြုချက်တွေကတော့…

-မိမိရင်းနှီးတဲ့ မိတ်ဆွေ တစ်ဦးဦးထံကဖြစ်စေ… အခြားဖေ့စ်ဘွတ်မိတ်ဆွေ တစ်ဦးဦးထံက သံသယဖြစ်စရာ Links တွေ ပို့လာရင် ချက်ခြင်း click မလုပ်ပါနဲ့… ကာယကံရှင်ကို အရင်ဆက်သွယ်ပါ… Report လုပ်ပါ..

-Internet browser တွေမှာ မိမိ မင်္သကာတဲ့… မလိုအပ်တဲ့ browser extensions, facebook extensions တွေနဲ့ applications တွေကို remove လုပ်ပစ်ပါ..

-မိမိမသေချာတဲ့ Dropbox account links တွေကို သေချာစိစစ်ပြီးမှ ၀င်ပါ…

-မိမိမသိတဲ့ ဆိုဒ်တွေကနေ သီချင်း၊ ဗွီဒီယို၊နဲ့ အခြားအရာတွေကို download လုပ်ခြင်းမှ ရှောင်ကျဉ်ပါ…

-Window OS သုံးနေသူများအနေနဲ့ Window Defender နဲ့ Microsoft Security Essential tool ကို ပုံမှန် update လုပ်ပေးပါ…

-ဖြစ်နိုင်ရင် Kaspersky, Norton စတဲ့ anti-virus tool တွေကို ၀ယ်ယူပြီး ကွန်ပြူတာထဲမှာ install လုပ်ထားပါ…

-Smartphone တွေနဲ့ ဖေ့စ်ဘွတ်၊ အင်တာနက် အသုံးပြုနေတယ်ဆိုရင်လည်း Lookout, Kaspersky စတဲ့ anti-virus တွေကို ဖုန်းထဲမှာ သွင်းထားသင့်ပါတယ်…

ဖေ့စ်ဘွတ် ဗိုင်းရပ်စ် အန္တရာယ်မှ ကင်းဝေးကြပါစေ…..။

ကိုမျိုး
Ref;theguardian,lbtimes,theinquirer.net
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.comFacebook Page Twitter Google+

အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu