Ad Code

Responsive Advertisement

မြန်မာနိုင်ငံသားများ လျှောက်ခွင့်ရှိတဲ့ အမေရိကား PR ကို online ကနေ ပြီး အခမဲ့ ကံစမ်းနိုင်ပါပြီ

စင်္ကာပူ
မြန်မာနိုင်ငံသားများ လျှောက်ခွင့်ရှိတဲ့ အမေရိကား PR ကို online ကနေ ပြီး အခမဲ့ ကံစမ်းနိုင်ပါပြီ
ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားများလည်း လျှောက်နိုင်တဲ့အခွင့်အရေးတစ်ခုပါ။ဒါကြောင့် စင်္ကာပူရောက် ရွှေမြန်မာတို့လည်း အချိန်မှီလေးကံစမ်းနိုင်အောင် Share လိုက်ပါတယ်နော်။
အမေရိကန် ပြည်ထောင်စုတွင် အမြဲတမ်း နေထိုင်အလုပ်လုပ်ခွင့်ပြုသည့် ဗီဇာကို နှစ်စဉ် လူ ၅၀,၀၀၀ အား ကံစမ်းမဲ စနစ်ဖြင့် ရွေးချယ်သော DV အစီအစဉ်အတွက် လျှောက်လွှာများကို အောက်တိုဘာ ၁ ရက်နေ့မှ နိုဝင်ဘာ ၂ ရက်အထိ လက်ခံတော့မည် ဖြစ်ပါသည်။
လျှောက်ထားလိုသူများသည် အောက်တိုဘာ ၁ ရက်၊ ကြာသပတေးနေ့၊ အမေရိကန် အရှေ့ပိုင်းစံတော်ချိန် မွန်းတည့် ၁၂ နာရီ (မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီ) မှ စတင်၍ အင်တာနက်ဖြင့် လျှောက်လွှာတင်သွင်းရမည် ဖြစ်သည်။ လျှောက်လွှာပိတ်ချိန်မှာ နိုဝင်ဘာ ၂ ရက်၊ တနင်္လာနေ့ အမေရိကန် အရှေ့ပိုင်းစံတော်ချိန် မွန်းတည့် ၁၂ နာရီ (မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီ) တိတိ ဖြစ်၏။
လျှောက်လွှာတင်သွင်းရန် အခကြေးငွေ (လုံးဝ) ပေးစရာမလိုဘဲ အခမဲ့ ဖြစ်သည်။ သို့သော်၊ မဲပေါက်လျှင်မူ သက်ဆိုင်ရာ ဗီဇာကြေးများ ပေးသွင်းရပါမည်။
ယခုနှစ် ကံထူးစွာ ဗီဇာမဲပေါက်သူများသည် ၂၀၁၇ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုသို့ ပြောင်းရွှေ့အခြေချခွင့် ရရှိမည် ဖြစ်၍ တရားဝင်အားဖြင့် DV-2017 ဟု ခေါ်ဆိုပါသည်။ ဒီဗီ ကံစမ်းမဲ အစီအစဉ်ကို အမေရိကန်အစိုးရက ဥပဒေပြဋ္ဌာန်းပြီး ၁၉၉၅ ခုနှစ်မှ စတင် ပြုလုပ်ခဲ့သောကြောင့် ယခု ၂၀၁၅ ခုနှစ်တွင် နှစ် ၂၀ တိုင်ခဲ့ပြီ ဖြစ်သည်။
ယင်းအစီအစဉ်တွင် အမေရိကားသို့ ပြောင်းရွှေ့အခြေချသူ များပြားသော တရုတ်၊ အိန္ဒိယစသည့် နိုင်ငံများတွင် မွေးဖွားသူများ လျှောက်ထားခွင့် မရှိပေ။ မြန်မာနိုင်ငံတွင် မွေးဖွားသူများ လျှောက်ထားခွင့် ရှိပြီး၊ မြန်မာနိုင်ငံသားများနှင့် လက်ထပ်ထားသော အခြားနိုင်ငံသူနိုင်ငံသားများလည်း အကျုံးဝင်ပါသည်။
DV ကံစမ်းမဲတွင် လျှောက်ထားရန် အဓိကအားဖြင့် မွေးဖွားရာနိုင်ငံဖြင့် ကန့်သတ်ထားပြီးနောက်၊ ပညာအရည်အချင်း အထက်တန်းကျောင်း ပြီးဆုံးအောင်မြင်သူ သို့မဟုတ် အလုပ်အတွေ့အကြုံအားဖြင့် လွန်ခဲ့သော ၅ နှစ်အတွင်း နှစ်နှစ်သင်တန်းတစ်ခု တက်ဖူးသူ သို့မဟုတ် လုပ်ငန်းအတွေ့အကြုံလိုအပ်သော အလုပ်တစ်ခုမှာ နှစ်နှစ်ကြာ လုပ်ကိုင်ဖူးသူ ဖြစ်ရမည်ဟု ကန့်သတ်ထားသည်။
အထက်ပါအချက်များနှင့် ကိုက်ညီသော ဇနီးခင်ပွန်းများလည်း သီးခြား လျှောက်လွှာတစ်စောင် တင်သွင်းနိုင်ပါသည်။ လူတစ်ဦးလျှင် လျှောက်လွှာ တစ်စောင်သာ ကန့်သတ်ထားပြီး အပိုလျှောက်ထားကြောင်း တွေ့ရှိလျှင် ပယ်ပစ်မည် ဖြစ်သည်။ အခြားနိုင်ငံများသို့ ရောက်ရှိနေသော မြန်မာပြည်ဖွားများလည်း လျှောက်ခွင့်ရှိပါသည်။
အမေရိကန်နိုင်ငံခြားရေးဌာန DV ကံစမ်းမဲအစီအစဉ်ဆိုင်ရာ အင်တာနက်စာမျက်နှာမှာ နောက်ဆုံးတင်ထားသည့် ကိန်း ဂဏန်းများအရ ၂၀၁၃ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ကံစမ်းမဲ လျှောက်လွှာပေါင်း ၂၆,၀၆၀ လက်ခံရရှိခဲ့ပြီး ၎င်းတို့တွင် အိမ်ထောင်ဖက်နှင့် သားသမီးဦးရေ ၁၈,၃၄၇ ဦး ပါဝင်သည်။
ထို့ကြောင့် လျှောက်ထားသူ စုစုပေါင်း ၄၄,၄၀၇ ဦး ရှိကြောင်း ဖော်ပြထားသည်။ ၂၀၁၂ ခုနှစ် ကနဦး ကိန်းဂဏန်းများအရ မြန်မာနိုင်ငံမှ ကံစမ်းမဲပေါက်သူပေါင်း ၁၉၇ ဦးရှိပြီး ၂၀၀၃ ခုနှစ်ကနေ ၂၀၁၂ ခုနှစ် ဆယ်နှစ်တာကာလအတွင်း ကံစမ်းမဲပေါက်သူ ဦးရေ ၂,၄၉၅ ဦး ရှိခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန၏ DV ကံစမ်းမဲအစီအစဉ်ဆိုင်ရာ အင်တာနက်စာမျက်နှာမှာ ဖော်ပြထား၏။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဒီဗီကံစမ်းမဲဆိုင်ရာ ဝက်ဘ်ဆိုက်လိပ်စာမှာwww.dvlottery.state.gov ဖြစ်ပါသည်။ (အမှန်တကယ် လျှောက်ထားရမည့် အွန်လိုင်းလျှောက်လွှာသည် တရားဝင်လက်ခံမည့် အောက်တိုဘာ ၁ ရက်နေ့မတိုင်မီ တွေ့ရမည် မဟုတ်ပါ။)
စင်္ကာပူ ( ရွှေ )

Post a Comment

0 Comments

Close Menu