Ad Code

Responsive Advertisement

Samsung Galaxy Win Duos GT-I8552 4.1.2 Jelly Bean ကို Root လုပ်နည်း

 Galaxy Win Duos ဘော်ဒါတွေအတွက်
GT-I8552 4.1.2 Jelly Bean ကို Root လုပ်နည်းကို
အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်

ဒီဖုန်းကိုတော့ CWM သွင်းပြီးမှ SuperSu လေးနဲ့ဆို
Root အလွယ်ပေါက်နိုင်ပါတယ်။

Root လုပ်ရန်အတွက်လိုအပ်တာတွေကိုရယူလိုက်ပါ


Click Here to Download Odin


Samsung USB Driver for Windows

CWM Recovery tar file

SuperSu zip


CWM ဖြင့် Flash ပြုလုပ်နည်း
================
အရင်ဦးဆုံးဖုန်းမှာ Developer Option ကို On ပေးထားပါ
ပြီးရင် ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က PDA ဆိုတဲ့နေရာမှာ recovery.tar.md5  ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီး ဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပြန်တက်လာပြီဆိုရင်တော့ CWM ဖြင့် Flash ကိစ္စပြီးဆုံးပါပြီ။

Recovery mode ကိုဝင်ပြီး SuperSU-update.zip လေးကို
install ပေးလိုက်ရင်တော့ ROOT အဆင်ပြေပါပြီ


SuperSU-update.zip အား install ပြုလုပ်နည်း
=========================
SuperSU-update.zip ဖိုင်ကို SD card ထဲသို့အားထည့်ပါ။

ဖုန်းကို ပါဝါပိတ်ပြီး Recovery mode ၀င်ရပါမည်။
Volume Up + Home + power ကိုတွဲနှိပ်လိုက်ပါ။

Install zip from sd card ကနေပြီး
SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။


အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
Credit to www.zunite.org

   အဆင်ပြေပါစေ
      ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu