Ad Code

Responsive Advertisement

Window 8,8.1,10 တွေမှာ The Server Stumbled – Error 0x80072EE7 ဖြေရှင်းနည်း



Window တွေ အသစ်သစ် ထွက်လာတာ ယခုဆိုလျှင် Window 10 တောင် ရောက်ရှိလာပါပြီ

ကျွန်တော်လည်း Window 10 UI လေးကို သဘောကျလို့ တင်ပြီး သုံးကြည့်ပါတယ်

တကယ်ကောင်းမွန်ပြီး လှပလာပါတယ်

Window Setting တွေပြောင်းလဲသွားသလို Flat UI ကလည်း တော်တော်မျက်စိပဒါသဖြစ်ပါတယ်

နောက်ပြီး ကျွန်တော် က Mobile Service လုပ်တာဆိုတော့ Mobile Driver တွေသွင်းမရမှာဆိုပေမယ့်

အားလုံးအဆင်ပြေပြေ အသုံးပြုနိုင်ပါတယ် ဒါ့အပြင် Window 10 မှာချစ်စရာကောင်းတာ၁ခုက

ချိတ်ဆက်လိုက်တဲ့ Device ရဲ့ Driver ကို Auto Download ဆွဲပေးပါတယ်

ဒါပေမယ့် ကျနော့ စက်မှာ Window Store ၀င်ကြည့်တဲ့ အခါမှာ ဒုက္ခ စတွေ့ပါတော့တယ်

Window Store , Window Defender နဲ့ Window Update တွေမှာ

Update မရဘဲ 0x80072EE7 Error တက်ပါတယ်

အဆိုပါ Error ကို ဖြေရှင်းဖို့ Googling ကြည့်တဲ့ အခါ Tool လေးတစ်ခုတွေ့ပါတယ်

အဆိုပါ Tool လေးဟာဆိုက်သေးငယ်ပြီး တကယ်လည်း အသုံးဝင်ပါတယ်

Tool ကို အောက်မှာ Download ရယူပါ

Download Window Repair Tool v.3.5.0

အသုံးပြုနည်း

1.Download ပြုလုပ်ရရှိလာသော .exe ကို Setup install ပြုလုပ်ပေးပါ

2.User Acc Control Prompt တောင်းလျှင် Yes ကိုရွေးပေးပါ 
 

3.Setup ကို ပြီးစီးအောင် Install ပြုလုပ်ပေးပါ

4.ပြီးလျှင် Tool ကိုဖွင့်ပြီး Repair Tab ကို ရွေးပေးပါ
 

5.ပြီးလျှင် အောက်ဆုံးတွင်ရှိသော Unselect All ကို ရွေးပေးပါ

6.ထို့နောက် နံပါတ် ၁၇ ကိုရွေးပေးပါ Window Update ကို Repair လုပ်မှာမို့လို့ပါ

7.ပြီးရင်တော့ Start Repairs ကိုနှိပ်ပေးလိုက်ပါ ။ Process များ ပြုလုပ်ပြီး Computer ကို Reboot ချပေးပါလိမ့်မယ်
 

ပြန်တက်လာရင် မိမိရဲ့ စက်မှာ Window Store , Window Defender နဲ့

Window Update တို့ ပြန်လည် အလုပ်လုပ်ပေးနိုင်မှာဖြစ်ပြီး

Error – 0x80072EE7 ဖြစ်တဲ့ The Server Strumbled Error

မရှိဘဲ ကောင်းမွန်စွာ အသုံးပြုနိုင်ပြီဖြစ်သည်….


Aung Khaing (MMAS)
http://www.myanmarmobileapp.com/
The Best Mobile Knowledge Sharing Website in Myanmar !
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.comFacebook PageTwitter Google+ မှ ပြန်လည်ကူးယူဖော်ပြသည်။

အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu