Ad Code

Responsive Advertisement

"မြန်မာနိုင်ငံမှ နိုင်ငံတကာအဆင့် mobile network unlock website အား စတင် ဝန်ဆောင်မှုပေး"


ပြည်တွင်းရှိ iPhone နှင့် iDevices အသုံးပြုသူများ အနေဖြင့် ယခင်က Lock ဖုန်းများအား Official Network Lock ဖြည်ခြင်းနှင့် IMEI စစ်ဆေးခြင်းများကို ပြည်ပနိုင်ငံများ၏ ဝက်ဘ်ဆိုက်များကိုသာ အသုံးပြု၍ ဒေါ်လာနှင့် ပေးချေပြု လုပ်ခဲ့ရသော်လည်း ယခုအခါတွင် ပြည်တွင်းရှိ အသုံးပြုသူများ အတွက် ပြည်တွင်းငွေကြေးနှင့် မိမိအသုံးပြုလိုသော Apple Unlock ဝန်ဆောင်မှုများကို အသုံးပြုနိုင် စေရန်အတွက် ပြည်တွင်းဝန်ဆောင်မှု ဝက်ဘ်ဆိုက်တစ်ခု ပြုလုပ်ပေးထားပြီ ဖြစ်ကြောင်းသိရသည်။



ယင်းနှင့်ပတ်သက်၍ ဝက်ဘ်ဆိုက် ပြုလုပ်ပေးသူ ကိုပြည့်ဖြိုးမှ ပြောပြရာတွင် ''အရင်တုန်းက iPhone တွေကို Network Unlock လုပ်တာတွေနဲ့ IMEI စစ်ဆေးတာမျိုးတွေကို လုပ်ချင်တယ်ဆိုရင် ပြည်ပနိုင်ငံတွေရဲ့ Developer ဆိုက်တွေကနေ ဝင်ရောက်ပြီး စစ်ဆေးတာ Lock ဖြည်တာတွေကို ပြု လုပ်ကြရပါတယ်။ ဒီလိုပြုလုပ်ဖို့အတွက်လည်း အသုံးပြုသူတွေဟာ Apple ဆားဗစ်ဆိုင်တွေကို ကိုယ်တိုင်သွားရောက်ပြီး ကျွမ်းကျင်သူတွေဆီမှာ ပြုလုပ်ကြရပါတယ်။ ခုကျွန်တော်တို့ လုပ်ပေးတဲ့ အစီအစဉ်ကတော့ အသုံးပြုသူ တစ်ဦးချင်းစီအနေနဲ့ ကွန်ပျူတာတွေ ဘာတွေ ရှိဖို့မလိုအပ်သလို ဆိုင်တွေကို တကူးတကသွားပြီး ဒါလုပ်ချင်တယ်၊ ဘယ်လောက်ကုန်ကျ နိုင်မလဲဆိုတာတွေကို မေးမြန်းပြုလုပ် နေဖို့မလိုအောင် ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်'' ဟု ပြောသည်။

လက်ရှိ ပြုလုပ်ပေးထားသော ဝက်ဘ်ဆိုက်တွင် အသုံးပြုသူများအနေဖြင့် မိမိတို့ပြုလုပ်လိုသော ဝန်ဆောင်မှုများကို စိတ်ကြိုက်ရှာဖွေ ကြည့်ရှုလေ့လာ နိုင်မည်ဖြစ်သည့်အပြင် မိမိအသုံးပြုလိုသော ဝန်ဆောင်မှုကို ရွေးချယ်၍ ကလစ်တစ်ချက် နှိပ်ယုံဖြင့် အလွယ်တကူ ဆောင်ရွက်နိုင်စေရန် ပြုလုပ်ပေးထားကြောင်း သိရသည်။ ယင်းနှင့် ပတ်သက်၍ တာဝန်ရှိသူမှ ဆက်လက်ပြောပြရာတွင်

''ကျွန်တော်တို့ ဝက်ဘ်ဆိုက်ရဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုဖို့အတွက် ပထမဆုံးအနေနဲ့ ဝက်ဘ်ဆိုက်ရဲ့ Register နေရာမှာ Register လုပ်ထားရပါမယ်။ Register လုပ်ပြီးသွားရင်တော့ ကိုယ်လုပ်ထားတဲ့ Register Account နဲ့ Login ဝင်လိုက်ရင် ဝန်ဆောင်မှု Page ထဲကို ရောက်ရှိသွားမှာပါ။ ဝန်ဆောင်မှု Page မှာ အသုံးပြုသူအတွက် အသုံးပြုမယ့် ငွေပမာဏကို ဖြည့်သွင်းရမှာ ဖြစ်ပါတယ်။ ဒီလိုဖြည့်သွင်း နိုင်ဖို့အတွက် ကျွန်တော်တို့က အွန်လိုင်းငွေချေစနစ်နဲ့ ဆိုရင်တော့ Paypal, MPU, Credit အစရှိတဲ့ စနစ်တွေနဲ့ ပေးချေနိုင်တဲ့ အပြင် ကိုယ်တိုင်လာရောက်ပြီး ပိုက်ဆံလာသွင်း တာမျိုးကိုလည်း လုပ်နိုင်ပါတယ်။

ဝန်ဆောင်မှု Page ရဲ့ အောက်ဘက်မှာ ငွေလွှဲသွင်း ပေးနိုင်ဖို့အတွက် အကောင့်နံပါတ် သွားရောက် ကြည့်နိုင်ပါတယ်။ Page မှာပါဝင်တဲ့ အကောင့်နံပါတ်ဆီကို ကိုယ်အသုံးပြုချင်တဲ့ ငွေပမာဏကို ဖြည့် သွင်းပေးရမှာပါ။ ဒါဆိုရင်တော့ လက်ရှိကာလပေါက် ဈေးနဲ့ညီမျှ တဲ့ ဒေါ်လာကို အသုံးပြုသူအတွက် Page ပေါ်မှာ ရရှိသွားမှာ ဖြစ်ပါတယ်။ ဥပမာ အသုံးပြုသူက လက်ရှိပေါက်ဈေးနဲ့ မြန်မာငွေ ၁၂၈,၀၀၀ လွှဲပေးတယ်ဆိုရင် ဝက်ဘ်ဆိုက် အကောင့်ပေါ်မှာ ဒေါ်လာ ၁၀၀ ရရှိမှာပါ။ ကိုယ့်အတွက် ဒေါ်လာ ၁၀၀ ရပြီ ဆိုရင်တော့ ကိုယ်အသုံးပြုမယ့် ဝန်ဆောင်မှုတွေကို ရွေးချယ်ပြီး အသုံးပြုနိုင်ပါပြီ'' ဟု ပြောသည်။

အသုံးပြုသူများ အနေဖြင့် မိမိတို့ ဖြည့်သွင်းလိုက်သော ငွေကြေးပမာဏ အတွင်းမှနေ၍ ဝက်ဘ်ဆိုက်ပေါ်ရှိ ဝန်ဆောင်မှုများကို ရယူအသုံးပြု သွားနိုင်မည် ဖြစ်သည်။ ငွေလွှဲပြောင်းခြင်း၊ ပေးသွင်းခြင်း လုပ်ငန်းစဉ်များတွင်လည်း အသုံးပြုသူများအတွက် မိမိတို့ ငွေကြေးများ စိတ်ချယုံကြည်မှု၊ လုံခြုံမှုရှိနေ စေရန်အတွက် ၎င်းတို့၏ ဝက်ဘ်ဆိုက်အား နိုင်ငံတကာ အဆင့်မီ SSL Certified အဆင့်ဖြင့် ပြုလုပ်ပေးထားကြောင်း သိရသည်။ ထို့ပြင် ဝက်ဘ်ဆိုက်ပေါ်သို့ အပ်နှံလာသော Apple Unlock ဆားဗစ်များအတွက် အရေးကြီးဆုံးသော GSX API, Chckmend API, TAC database များနှင့် officially ချိတ်ဆက်ထားသဖြင့် စိတ်ချယုံ ကြည်စွာ အပ်နှံနိုင်မည်ဖြစ်သည်။

ယင်း Unlock ဝက်ဘ်ဆိုက်ပေါ်တွင် iPhone Network ( World Wide), iPhone Network      ( UK ), iPhone Network ( CANADA ), iPhone Network ( IRELAND), iPhone Network ( JAPAN ), iCloud Cleand and Gsm Lost Services with 10 hours, ( GSX API Level Support ), iCloud Clean Mode, ( 1-12 days 100% ), iCloud Clean India All Model Support, iCloud Lost Mode, iCloud Lost Mode Rejected Recovering, Apple ID informations Services, ( Full Info or Email only ), iPhone Relock Services for Professional, All of IMEI database Services, SAMSUNG All model Unlocking ( world wide), SAMSUNG Sprint Ser-vies (Support it myanmar internet APN ), SAMSUNG Lost Mode, HTC Any Services ( Sim unlocking, NCK,MSL ), LG ( Unlock Code Instant ) အစရှိသော ဝန်ဆောင်များအား အသုံးပြုနိုင်မည် ဖြစ်သည်။

အသုံးပြုသူများအနေဖြင့် မိမိတို့ အသုံးပြုလိုသော ၀န်ဆောင်မှုအား ရှာဖွေ၍ ရွေးချယ်ပေးရမည်ဖြစ်ပြီး ဝန်ဆောင်မှု ရွေးချယ်ပေးပြီးချိန်တွင် မိမိဖုန်း၏ IMEI နံပါတ်အား မှန်ကန်စွာဖြည့်သွင်း ပေးရမည်ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ကိုပြည့်ဖြိုးမှ ဆက်လက်ပြောပြရာတွင် ''အသုံးပြုတဲ့သူက ငွေကိုအရင် ပေးသွင်းထားပြီးမှ ဝန်ဆောင်မှုကို ရယူနိုင်မှာ ဖြစ်ပေမယ့် ကိုယ်အသုံးပြုမယ့် ဝန်ဆောင်မှုအတွက် ကျသင့်ငွေကို အရင်ဆုံးကြည့်ရှု လေ့လာပြီးမှ ကျသင့်ငွေကိုပဲ ပေးသွင်းမယ် ဆိုရင်လည်း ရပါတယ်။ ဒါမှမဟုတ် ငွေသွင်းထားပြီး အဲဒီပေးသွင်းငွေထဲကနေ လိုအပ်သလောက်ယူပြီး အသုံးပြု သွားမယ်ဆိုလည်း ရပါတယ်။ ဝန်ဆောင်မှုတစ်ခုကို ရွေးချယ်လိုက်တာနဲ့ ကျသင့်ငွေကို မြင်တွေ့ရမှာပါ။ ဥပမာဗျာ iCloud Unlock Service ကို ရွေးချယ်လိုက်တယ်ဆိုရင် ဒေါ်လာ ၁၀ ကျသင့်မယ်ပေါ့။ ကိုယ်က ဒေါ်လာ ၁၀၀ သွင်းထားတယ်ဆိုရင် အဲဒီပေးသွင်းငွေထဲကနေ ၁၀ ကို အသုံးပြုသွား နိုင်ပါတယ်။ ဒါမှမဟုတ် ၁၀ ကျလို့ ၁၀ ပဲ ပေးသွင်း ထားမယ်ဆိုရင်လည်း ရပါတယ်။ ဒီလိုပေးသွင်းပြီး IMEI ကိုဖြည့်စွက်ပြီး ပို့လိုက်တာနဲ့ အချိန်ဘယ်လောက် ကြာမယ်ဆိုတာကို ဖော်ပြပေးပါလိမ့်မယ်။ သတ်မှတ်ချိန်အတွင်းမှာ ဝန်ဆောင်မှုကို အပြီးရရှိမှာဖြစ်ပါတယ်'' ဟု ပြောသည်။

ဝန်ဆောင်မှုရယူရာတွင် အောင်မြင်မှုမရှိသော ဝန်ဆောင်မှုများ အတွက် ပေးသွင်းငွေ ဆုံးရှုံးမှုရှိနိုင်မည် မဟုတ်ပဲ မအောင်မြင်သော ဝန်ဆောင်မှုအတွက် ပေးသွင်းငွေအား အသုံးပြုသူ၏ အကောင့်အတွင်းသို့ ပြန်လည်ဖြည့်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် အသုံးပြုသူမှ IMEI အား မှန်ကန်စွာ ဖြည့်စွက်ရန် တာဝန်ယူရမည်ဖြစ်ပြီး IMEI မှားယွင်းမှုကြောင့် ဖြစ်ပေါ်လာသော လွဲချော်မှုများအတွက်မှု ပေးသွင်းငွေ ပြန်လည်ရရှိနိုင်မည် မဟုတ်ကြောင်း သိရသည်။ အဆိုပါ Apple Unlock ဝန်ဆောင်မှု ဝက်ဘ်ဆိုက်အား Xcode မိုဘိုင်းမှ ပြုလုပ်ပေးခြင်းဖြစ်ပြီး အသုံးပြုလို သူများအနေဖြင့်


တွင် ဝင်ရောက် အသုံးပြုနိုင်မည် ဖြစ်သည်။

Internet Journal

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

အဆင်ပြေပါစေ

Post a Comment

0 Comments

Close Menu