Ad Code

Responsive Advertisement

အထူးသတင်း မြ၀တီကနေ MOU ၂ နှစ် Visaနဲ့လာတဲ့အခါ ( Update Date : 24/11/2015)

မိတ်ဆွေများခင်ဗျာ

မြ၀တီကနေ MOU ၂ နှစ် Visaနဲ့လာတဲ့အခါ 


၁။ သေချာစွာ ပွဲစာနာမည် မှတ်ထားပါ။
၂။ သေချာစွာ မြန်မာပြည်ဘယ်Companyကနေ ကိုယ့်နာမည်ကို ထိုင်းဘယ်Company နဲ့ လတ်မှတ်ရေးထိုး စာချုပ်ခဲ့လည်းဆိုတာ မှတ်ထားပါ။( ဘယ်အလုပ်လို့ပြောပြီ ချုပ်ထားလဲဆိုတာကိုလည်း မှတ်ထားပါ။)
၃။ ထိုင်းကိုရောက်လို့ သူတို့ဆီကနေ Workpermit ကို ရအောင်လုပ်ခိုင်းပါ။ (Workpermit စာအုပ်မရပဲ ခွဲမထွက်သွားပါနဲ့)
မှတ်ချက်။ ။ ထိုင်းမှာ ကိုယ့်လုပ်မဲ့Company ရှိလို့ ခွဲထွတ်မယ်ဆိုရင် Passport, Workpermit,ပြီးရင် သူတို့ဆီက Company ပြောင်းဖို့..လိုအပ်တဲ့စာရွတ်စာတမ်းတွေကို ရအောင်ယူပြီးမှ ပြန်ခွဲထွက်ပါ။ ( A-B နဲ့ပဲလာလာ ဘာနဲ့ပဲ လာလာ Workpermit ရမှ ခွဲထွက်ပါ။)

တကယ်လို့များ မိတ်ဆွေတို့
Workpermit မရှိပဲ မိတ်ဆွေတို့ ခွဲထွက်လာခဲ့မယ်ဆိုရင် မိတ်ဆွေတို့အလုပ်ရောက်တဲ့အခါ Workpermit လုပ်ဖို့ ၁၀၀ % အခတ်အခဲများစွာနဲ့ လုပ်မရပဲ…..ဖြစ်နေပါလိမ့်မည်။ အဲဒီတော့ မိတ်တွေတို့က လာခဲ့တဲ့ ပွဲစားကို ဖုန်းဆက်ရပြန်ရော…တခါတလေ..ပွဲစားက ဖုန်းမကိုင်၊ ဖုန်းကိုင်ပြန်တော့လည်း အင်..ပြန်ဆက်သွယ်ပေးမယ်..အင် ပြန်ဆက်သွယ်ပေးမယ် ဒါနဲ့ပဲ..မိတ်ဆွေတို့ပဲ ဒုက္ခရောက်ပါလိမ့်မယ်။
ပွဲစားကရော ဘာလုပ်ပေးနိုင်လို့လဲ?
သူက လိုက်လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့…ရေခဲတုံးကို ဖင်ထိုင်ထားရင်တော့ မိတ်ဆွေတို့ပဲ ဒုက္ခရောက်ပါတယ်။
မြ၀တီMOU ရုံးမှာပေးထားခဲ့တဲ့ ဆက်သွယ်ရန်လိပ်စာကဒ်မှာ ပါရှိတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်လိုက်ပါ။
မှတ်သားထားတဲ့ မြန်မာပြည် Company၊ ထိုင်း Company နာမည်သိထားတော့….
ကဲ လိပ်စာကဒ်ပျောက်သွားတဲ့ အခတ်အခဲဖြစ်နေတဲ့မိတ်ဆွေတို့ အခုဆက်သွယ်လိုက်ပါတော့..

ရွှေ့ပြောင်းအလုပ်သမားဌာနခွဲ +၉၅-၆၇-၄၃၀၁၈၃၊ +၉၅-၆၇-၄၃၀၁၈၅ ဖုန်းခေါ်လို့ မရရင်
နေပြည်တော် Complaint Mechanism Centre
၉၅-၆၇-၄၃၀၁၈၄၊ ၉၅-၆၇-၄၃၀၂၈၄ ဖုန်းဖြင့် တိုင်ကြားလို့ရပါတယ်။
E-Mail- dolmigration@gmail.com နေပြည်တော် Thai Service သို့လဲ အီးမေးလ်ဖြင့် တိုင်းကြားလွှာပေးပို့လို့ရနေပါပြီး။
မှတ်ချက်။ ။
*အီးမေးလ်ပို့လျှင် Passport နဲ့ Visa တို့ကို Scan ဖတ်ပြီး Attach File ဖြင့်ပို့ပေးပါ။
*မှတ်ပုံတင် နံပါတ်၊ (နေရပ်လိပ်စာ အပြည်အစုံ)
*ထွက်လာခဲ့တဲ့ နေ့စွဲ.
*စာချုပ်ချုပ်ခဲ့တဲ့ မြန်မာပြည်ကCompany နာမည်။
*စာချုပ်လာချုပ်ခဲ့တဲ့ ထိုင်းနိုင်ငံက Company နာမည်။
အကြောင်းအရာ။ ။ မိတ်ဆွေတို့ တကယ်ဖြစ်နေရ ကြုံနေရတဲ့ အခတ်အခဲတွေကို ပေးပို့ အကူအညီ တောင်းခံနိုင်ပါသည်။
ချက်ချင်း အကူအညီပေးနေပါသော် နေပြည်တော် Complaint Mechanism Centre (Thai Service) အားအထူးပင် ကျေးဇူတင်ရှိပါကြောင်းဖြင့်
ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်နေကြသော မိတ်ဆွေတို့အားလုံး အစစအရာအရာ အဆင်ပြေကြ
ပါစေလို့.


အဆင်ပြေပါစေ

Admin By




ကျွန်တော် ဒီည ဘန်ကောက်တက်ပြီး Workpermit သွားလုပ်ပါပြီး..


ပြန်လာရင် Update ပြန်ရေးပေးပါ့မယ်

Post Date: 24 Nov 2015

ကျွန်တော့်ဆီ အီးမေးလ် ပို့ချင်ရင် linnaingookkm@gmail.com သို့ မေးမြန်းနိုင်ပါသည်။

Post a Comment

0 Comments

Close Menu