Ad Code

Responsive Advertisement

Rooted Device များတွင် Kinguser ကို SuperSU အဖြစ်အစားထိုးနည်း


Root လုပ်ထားပြီးသား ဖုန်းတစ်လုံးမှာ Kinguser ဆိုပြီးရှိနေတတ်ပါတယ်၊
တကယ်လို့ Kinguser app ကို SuperSu ဖြင့်အစားထိုးပြီးအသုံးပြုချင်တယ်ဆိုရင်တော့
အောက်ပါ Tutorial များကိုလေ့လာကြည့်လိုက်ပါ။

အခုတလောအရမ်းခေတ်စားလာလို့ Android ဆိုင်ရာ Tip & Trick များကို
စမ်းသပ်ချင်တဲ့ ညီအကိုများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။


ယခုကျနော်ပြပေးသွားမယ့် နည်းလမ်းကတော့ ဘာ error မှမရှိပါဘူးခင်ဗျား
အလွယ်ကူဆုံးနည်းလမ်းဖြင့် တစ်ဆင့်ချင်းစီပြပေးသွားမှာဖြစ်ပါတယ်။

How to Replace
============

၁။ အောက်ပါပုံအတိုင်း သင့်ဖုန်းမှာ Root ဖောက်ပြီးတဲ့အခါ
Kinguser ဆိုပြီး app တစ်ခုကို မြင်နေရပါလိမ့်မယ်။


၂။ Settings -> Security -> Device Administration ->
 Unknown Sources ကို အမှန်ခြစ်ပေးထားပါ။


၃။ Super-Sume Pro ကို Play Store မှဒေါင်းလော့ရယူပါ။


Download Here Super-Sume Pro

၎။ SuperSu-Me app ကို ဖုန်းမှာ Install ပြုလုပ်ပြီးတဲ့အခါ
ဖွင့်လိုက်ပါ၊ Continue ဆိုပြီးပေါ်လာရင် နှိပ်လိုက်ပါ။

၅။ အောက်ပါပုံအတိုင်း Root permission တောင်းနေတဲ့အခါ
"Grant" သို့မဟုတ် Allow ဆိုတာကိုနှိပ်ပါ။


၆။ အောက်ပါပုံအတိုင်း Press Button to begin အောက်
 icon လေးကို တစ်ချက်နှိပ်လိုက်ပါ။


၇။ အောက်ပါပုံအတိုင်းပေါ်လာတဲ့အခါ Not thanks ကိုနှိပ်ပါ။


၈။ Replacing process တစ်ခုပြီးသွားတဲ့အခါ ဖုန်းက Restart ကျသွားပါလိမ့်မယ်
ပြန်တက်လာတဲ့အခါ Kinguser နေရာမှာ SuperSu app လေးရောက်နေပါလိမ့်မယ်။

How to Replace
===========


အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
Credit to www.zunite.org

အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu