Tuesday, December 29, 2015

ထိုင်းရှေ့နေကောင်စီမှ တရားခံမိသားစုနဲ့ခေါ်ယူတွေ့ဆုံ

ข่าวสั้น MTF on air 28/12/2015
สภาทนายความไทย นัดเจอญาติจำเลยคดีเกาะเต่า 30ธ.ค.
ထိုင်းရှေ့နေကောင်စီမှ တရားခံမိသားစုနဲ့ခေါ်ယူတွေ့ဆုံ
""""""" နှာခေါင်းနှင့် မျက်နှာတွေကို သဘာဝလှပအောင် ပြုပြင်လိုပါက
Goodwill Clinic ဆေးခန်းမှ အထူးလျှော့ဈေး ဖုန်း 062-643-7078 """""""
..................................
ထိုင်းရှေ့နေများကောင်စီမှ ဒီဇင်ဘာ ၂၆ရက်နေ့ ၂၀၁၅ခုနှစ်ရက်စွဲဖြင့် စာအမှတ် ၁/၂၅၅၈ စာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ အကြောင်းအရာကတော့ ထိုင်းတရားစီရင်ရေးဆိုင်ရာကို မြန်မာပြည်သူများသိရှိနားလည်ရန် ရှင်းလင်းတင်ပြခြင်း လို့ရေးသားထားပါတယ်။
အဓိကအကြောင်းအရာကောက်နုတ်ရမယ်ဆိုရင် အလိပ်ကျွန်းအမှု သေဒဏ်ချမှတ်ခဲ့တာကို အခြေခံတရားရုံးမှ ချမှတ်
ခဲ့တာဖြစ်တဲ့အတွက် ချမှတ်မှုအမိန့်ကို အတည်မဟုတ်သေးဘူး။ လက်ရှိလိပ်ကျွန်းအမှုကို တရားစီရင်ရာမှာ တရားမျှတမှုတရားရုံးမှာဖြစ်ပါတယ်။ တရားမျှတမှုတရားရုံးဟာ ၃ဆင့်ခွဲခြားထားပါတယ် ၎င်းတို့မှာ အခြေခံတရားရုံး အယူခံတရားရုံး နှင့်အဆင့်မြင့်တရားရုံးတို့ဖြစ်ပါတယ်။ ယ္ခုသေဒဏ်ချမှတ်ခဲ့တာဟာ အခြေခံတရားရုံးမျှသာဖြစ်သည့်အတွက် အတည်မဖြစ်သေးပါဘူး အယူခံတရားရုံးနှင့် အဆင့်မြင့်တရားရုံးအဆင့်ကျန်နေသေးတယ်။ ဒါကြောင့် မြန်မာပြည်သူ ပြည်သားများ စိတ်အေးအေးထားပေးပါ။ တရားမျှတမှုရရှိသည်အထိ ထိုင်းရှေ့နေများကောင်စီအဖွဲ့က အဆင့်မြင့် တရားရုံးအထိ အစွမ်းကုန်ကြိုးစားပေးသွားမယ်။ လာမည့် ဒီဇင်ဘာ ၃၀ ရက်နေ့ ၂၀၁၅ခုနှစ်မှာလည်း ထိုင်းရှေ့နေများကောင်စီအဖွဲ့မှ မြန်မာသံအမတ်နှင့် တရားခံမြန်မာလူငယ် ၂ဦးတို့၏မိသာစုဝင်တွေကို ခေါ်ယူတွေ့ဆုံပြီး အသေးစိတ်ရှင်းပြပေးသွားမယ်လို့ ရေးသားဖော်ပြထားပါတယ်။
တခြားသတင်းထူးများကြည့်လိုပါက
https://m.facebook.com/mtftv ကိုနှိပ်ပြီး Like ပေးပါ

Credit to MTF Channel

0 comments:

Post a Comment