Sunday, December 27, 2015

မြန်မာလူငယ်နှစ်ဦးအတွက် အယူခံဝင်ပြီး ထိုင်းပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်

မြန်မာလူငယ်နှစ်ဦး သေဒဏ်ချမှတ်ခံရသဖြင့် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးရှေ့တွင် ဒီဇင်ဘာ ၂၆ ရက်က ဆန္ဒဖော်ထုတ်နေစဉ်(ဓာတ်ပုံ−နစ်ကီ)
 သေဒဏ်ချမှတ်ခံထားရ သည့် မြန်မာလုပ်သားနှစ်ဦးအ တွက် အယူခံဝင်သင့်ပြီး အခြား တစ်ဖက်မှလည်း တရားခံအစစ် အမှန်ဖော်ထုတ်ရရှိရေးထိုင်းနိုင်ငံ ပြည်သူများနှင့် ပူးပေါင်းဆောင် ရွက်ရန်လိုအပ်ကြောင်း တရား လွှတ်တော်ရှေ့နေ ဦးကိုနီက သုံး သပ်ပြောကြားသည်။
 လိပ်ကျွန်းလူသတ်မှုတွင် ပြစ်မှုထင်ရှားသည်ဟုဆိုကာ မြန် မာလုပ်သားနှစ်ဦးကို ဒီဇင်ဘာ ၂၄ ရက်တွင် ထိုင်းနိုင်ငံ ကော့စမွီ တရားရုံးက သေဒဏ်အပါအ၀င် တရားစွဲဆိုထားသော ပုဒ်မခုနစ်ခု စလုံး သီးခြားပြစ်ဒဏ်များကျခံစေ ရန် အမိန့်ချမှတ်ခဲ့သည်။
ထိုသို့အောက်ရုံးက သေ ဒဏ်ချမှတ်လိုက်ခြင်းကို အထက် ရုံးသို့ အယူခံဆက်တက်ရန်လို အပ်ပြီး တရားခံအမှန်ကို ထိုင်းရဲ တပ်ဖွဲ့က ဖော်ထုတ်ပေးရန်အ တွက် ထိုင်းမှ တာဝန်ရှိသူများနှင့် မြန်မာအစိုးရတို့ ၀ိုင်းဝန်းလုပ် ဆောင်ကြရန် လိုအပ်ကြောင်း ဦးကိုနီကပြောသည်။
‘‘ထိုင်းရဲတပ်ဖွဲ့ကို ကြည့်ရ တာ အမှုမှန်ပေါ်ပေါက်အောင် လုပ်ချင်ပုံမရတော့ မြန်မာကလေး နှစ်ဦးအပေါ် အပြစ်တွေပုံချလိုက် တဲ့သဘောပါပဲ။ သေဒဏ်ပေးရ လောက်အောင် စွဲချက်မရှိဘဲနဲ့ ပြစ်ဒဏ်ပေးလိုက်တယ်ဆိုတော့ တရားမျှတမှုမရှိဘူးဆိုတာ အ တော်ကလေး ထင်ရှားနေပါ တယ်’’ဟု ၎င်းကပြောသည်။

စစ်တပ်အုပ်ချုပ်သည့်နိုင်ငံ တိုင်းတွင် တရားစီရင်ရေးကဏ္ဍ သည် စစ်အရိပ်များ လွှမ်းမိုးနေ ခြင်းကြောင့် အမှန်တရားပေါ် ပေါက်ရန်မှာ အလှမ်းဝေးနေပြီး တရားမျှတမှုနှင့် တရားဥပဒေ စိုး မိုးမှု ရရှိရန်မှာ အခက်အခဲများစွာ ရှိကြောင်း တရားလွှတ်တော်ရှေ့ နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
 ‘‘ဒီအမှုစဖြစ်ကတည်းက ပြည်ထောင်စုအစိုးရ၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံးတို့က သွားပြီး ဆောင်ရွက်ပေးသင့်တယ်။ အခု ဒီအခြေအနေရောက်တော့မှ လုပ် ဖို့ဆိုတာ အယူခံအဆင့်လောက်ပဲ ကျန်တော့တယ်။ ဒါကလည်းခက် ခက်ခဲခဲနဲ့ ပြန်ပြီးကြိုးစားရမယ့် အနေအထားမှာရှိတယ်’’ဟု ၎င်းက သုံးသပ်ပြောသည်။
 သေဒဏ်ချမှတ်ခံရသော မြန်မာလုပ်သား  ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့  ပြစ်ဒဏ်မှလွတ်မြောက်ရန် နေရာအနှံ့တွင် ဆုတောင်းပွဲများနှင့် ဆန္ဒထုတ်ဖော်တောင်းဆိုမှုများ ပြုလုပ်နေကြသည်။
ထိုသို့တောင်းဆိုရာတွင် အ ကြမ်းဖက်မှုများ၊ ထိုင်းဘုရင်ကို တိုက်ရိုက်ထိခိုက်စေသည့် အပြု အမူများ ပြုလုပ်မည်ဆိုပါကနိုင်ငံရေးအရ နှစ်နိုင်ငံ အငြင်းပွားမှုများ ဖြစ်ပေါ်လာနိုင်၍ ငြိမ်းချမ်းစွာ တောင်းဆိုသည့် နည်းလမ်းဖြင့်သာ ပြုလုပ်ရမည် ဟု ဦးရောဘတ်စန်းအောင်က ပြောကြားသည်။
   နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS)မှ အတွင်းရေးမှူး ဦးထွန်းကြည်က ‘‘မြန်မာအစိုးရအနေနဲ့ ဒီကိစ္စအပေါ်မှာအမြန်ဆုံးအရေးယူ ဆောင်ရွက်သင့်တယ်။ ထိုင်းအစိုးရအနေနဲ့လည်း တရားမျှတမှုကို ကျော်လွန်ပြီး လုပ်ထားတဲ့အတွက် ကန့်ကွက်နေတာပါ’’ဟုပြောသည်။
http://www.7daydaily.com/story/54191

0 comments:

Post a Comment