Sunday, December 27, 2015

ထိုင်းတွင် သေဒဏ်ချမှတ်ခံရသော မြန်မာလူငယ် နှစ်ဦးအတွက် တောင်ကြီး၌ ဆန္ဒဖော်ထုတ်

မြန်မာလူငယ်နှစ်ဦး သေဒဏ်ချမှတ်ခံရမှုကို မကျေနပ်သော တောင်ကြီးဒေသခံများ ဆန္ဒဖော်ထုတ်နေစဉ် (ဓာတ်ပုံ − ဂျွန်ချစ်ငြိမ်း)
လိပ်ကျွန်းလူသတ် မှုနှင့်ပတ်သက်၍ သေဒဏ်ချမှတ် ခံထားရသည့် မြန်မာနိုင်ငံသား နှစ်ဦး လွတ်မြောက်ရန် တောင်ကြီးမြို့တွင် ဒီဇင်ဘာ ၂၆ ရက်က ရဟန်းရှင်လူ တစ်ရာကျော် စုစည်းကာ အသံတိတ်ဆန္ဒဖော် ထုတ်ခဲ့ကြသည်။
‘‘ကျွန်တော်တို့  နိုင်ငံသား တွေဖြစ်တဲ့ သူနှစ်ဦးက ထိုင်းနိုင်ငံ မှာ မတရားပြစ်ဒဏ်ချမှတ်ခံထား ရတယ်။ ဒီအင်န်အေ စစ်ချက် လည်း မတူဘူး။ ဒါကို ကျွန်တော် တို့တတ်နိုင်တဲ့ဘက်ကနေ ဆောင်ရွက်ပေးတာ ဖြစ်တယ်။ ဒီအတိုင်း ကြည့်မနေနိုင်ဘူး။ အစိုးရက လည်း သူတို့တတ်နိုင်တဲ့ဘက်က နေ တရားမျှတမှုရှိဖို့ ဆောင်ရွက် ပေးဖို့ တောင်းဆိုချင်တယ်’’ဟု ဆန္ဒဖော်ထုတ်ဆုတောင်းပွဲ ဦးဆောင်သူ ဦးကျော်မြတ်သူကပြောသည်။
တောင်ကြီးမြို့ ဗိုလ်ချုပ် အောင်ဆန်းလမ်း ဗိုလ်ချုပ်ကြေး ရုပ်ရှေ့တွင် စုရပ်အဖြစ် စုစည်း ကာ ဖမ်းဆီးခံ မြန်မာလူမျိုးနှစ်ဦး လွှတ်ပေးရန်၊ တရားမျှတမှု ရှိရန် တို့အတွက် အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ရေးသားထားသည့် ဆိုင်းဘုတ်များ  ကိုင်ဆောင်၍ အသံတိတ် ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။
ထို့နောက် သေဒဏ်ချမှတ်ခံထားရသည့် မြန်မာလူမျိုးနှစ်ဦး လွတ်မြောက်ရန် စူဠာမုနိလောက ချမ်းသာစေတီတော်တွင် ၀တ်ပြုဆုတောင်းခဲ့ကြသည်။
မုံရွာမြို့တွင်လည်း နိုင်ငံရေးတက်ကြွသူများ၊ ကျောင်းသားကျောင်းသူများ ပူးပေါင်း၍ မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်တွင် စုရပ်အဖြစ် ဆောင်ရွက်ကာ ဘူတာလမ်းအတွင်း ရွှေစည်းခုံစေတီတော်မြတ်ကြီးရင်ပြင်တွင် ၀တ်ပြုဆုတောင်းခဲ့ကြသည်။ ဒေသခံ ၁၀၀ ခန့် တက်ရောက်ဆုတောင်းခဲ့ပြီး ငှက်များလွှတ်၍ပါ ဆုတောင်းမေတ္တာပို့သခဲ့ကြသည်။
http://www.7daydaily.com/story/54201

0 comments:

Post a Comment