Sunday, December 27, 2015

မြန်မာနှစ်ဦး လွတ်မြောက်ရေး ရွှေဝါရောင်သံဃာ့ကွန်ရက်မှ ထိုင်းဘုရင်ထံ မေတ္တာရပ်ခံစာ ပို့မည်

လိပ်ကျွန်းလူသတ်မှု တွင် ပြစ်မှုကျူးလွန်သည်ဟုဆို ကာ ထိုင်းတရားရုံးမှ သေဒဏ် အပြစ်ပေးခံထားရသည့် မြန်မာ လုပ်သားနှစ်ဦး ပြစ်ဒဏ်မှ လွတ် ငြိမ်းချမ်းသာခွင့်ရရေး မန္တလေး ရွှေဝါရောင်သံဃာ့ကွန်ရက်မှ ဦးဆောင်ကာ ထိုင်းဘုရင်ထံ မေတ္တာရပ်ခံစာ ပေးပို့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဗြိတိန်နိုင်ငံသားနှစ်ဦးကို သတ်သည်ဟုဆိုကာ ရွှေ့ပြောင်း လုပ်သား မြန်မာလူငယ်နှစ်ဦးအား ထိုင်းနိုင်ငံ ကော့စမွီခရိုင်တရားရုံး က သေဒဏ်အပြစ်ပေးထားခြင်း အပေါ် ပြစ်ဒဏ်မှ လွတ်မြောက်ခွင့် ပေးရန် ထိုင်းဘုရင်ထံသို့ မေတ္တာ ရပ်ခံစာ ပေးပို့မည်ဟု မန္တလေးရွှေ ၀ါရောင် သံဃာ့ကွန်ရက်မှ ဆရာတော်များက မိန့်ကြားသည်။
‘‘မြန်မာလူငယ်နှစ်ဦး၊ ပြစ် ဒဏ်ချမှတ်ခံရတာက မတရားဘူး လို့ ယူဆတယ်။ အဲဒါကြောင့် ထိုင်းဘုရင့်ထံကိုတော့ မေတ္တာ ရပ်ခံသတင်းစကားပေးပို့မယ်’’ ဟု မန္တလေးရွှေဝါရောင် သံဃာ့ ကွန်ရက်မှ ဦးသောဘိတ(ဘ၀အ လင်းဆရာတော်)က မိန့်ကြား သည်။
ထိုင်းဘုရင်ထံသို့ မေတ္တာရပ် ခံစာပေးပို့နိုင်ရန် ဒီဇင်ဘာ ၂၆ ရက် ညနေ ၃ နာရီတွင် မန္တလေး မြို့ ဦးပွားဘုရားဝင်းအတွင်း သံဃာတော်များ စုဝေးတိုင်ပင် ခြင်းနှင့် လူငယ်နှစ်ဦး ပြစ်ဒဏ်မှ လွတ်မြောက်ခွင့်ရစေရေး ၀တ်ပြု ဆုတောင်းပွဲပြုလုပ်မည်ဟု ရွှေဝါရောင်သံဃာများက မိန့်ကြား သည်။
သေဒဏ်ချမှတ်ခံထားရ သည့် မြန်မာလူငယ်နှစ်ဦး လွတ် မြောက်ရေးအတွက် အဓိကလုပ် ဆောင်ခြင်းဖြစ်ပြီး ထိုင်းဘုရင်ထံ မေတ္တာရပ်ခံစာ ပေးပို့ခြင်းနှင့် ၀တ်ပြုဆုတောင်းခြင်းများကို အေးချမ်းစွာ လုပ်ဆောင်မည်ဖြစ် ကြောင်း ရွှေဝါရောင်သံဃာ့ကွန် ရက်မှ ဦးစိန္ဒိတက မိန့်ကြားသည်။
ထိုင်းနိုင်ငံ လိပ်ကျွန်းလူ သတ်မှုဖြစ်စဉ်တွင် ပြစ်ဒဏ်ချမှတ်ခံရသည့် မြန်မာလူငယ်နှစ်ဦး လွတ်မြောက်ရေး ဒီဇင်ဘာ ၂၅ ရက်က မန္တလေးမြို့ အိမ်တော်ရာ ဘုရားဝင်းနှင့် ကျုံးမြို့ရိုးဘေးတို့ တွင် သံဃာတော်များနှင့် မန္တလေးမြို့ခံများက ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြပြီး နောက်ရက်များတွင် လည်း ဆုတောင်းပွဲများ ထပ်မံပြု လုပ်ရန် စီစဉ်ထားကြောင်း မန္တလေးမြို့ခံ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများက ပြောသည်။
http://www.7daydaily.com/story/54211

0 comments:

Post a Comment