Ad Code

Responsive Advertisement

(1) I'D RATHER + (VERB)

Win Naing Oo's photo.

English Speaking Basic (9) အင်္ဂလိပ်စကားပြောအခြေခံများ (၉)
……………………………
(1) I'D RATHER + (VERB)
………………………………
တစ်စုံတစ်ခုကို ကျနော်တို့က သာမန်ထက်ပိုပြီး လုပ်ချင်တယ် ကြိုက်တယ်ဆိုလျှင် rather ကိုသုံးပြီး ပြောလေ့ရှိပါတယ် ၊ adverb စာလုံးတစ်ခုဖြစ်ပြီးတော့ “ ပို၍ ၊ အတော်လေး” စသည်ဖြင့် ၀ါကျမှာ သင့်တော်သလို ထည့်သွင်းနားလည်နိုင်ပါတယ် ။
.
I’d ဟာ I had သို့မဟုတ် I would တို့ရဲ့ အတိုကောက်ဖြစ်ပါတယ် ၊ I’d မှာ “d” ရဲ့အသံကို သေသေချာချာဆိုနေဖို့ မလိုပါဘူး ၊ “d” သံမပါလည်းရပါတယ် ၊ အပြည့်အစုံလည်း ထွက်ချင်တယ် အသံထွက်လည်းခက်နေလျှင်တော့ had နဲ့ would မှာဘယ်တစ်ခုနဲ့ပဲဖြစ်ဖြစ် အစားထိုးအသုံးပြုနိုင်ပါတယ် ၊ အတူတူပါပဲ ၊ ဒါတွေကကျတော့ သုံးနေကျပုံစံအသေ ဖြစ်နေလို့ သဒ္ဒါပိုင်းကိုစဉ်းစားဖို့ မလိုတော့ပါဘူး ။
When using it with the word 'rather' you are suggesting you would like to do or prefer one thing more than another. The construction would rather or had rather is used to show what you would prefer to have or to do. Would rather and had rather are used with the bare infinitive to express a present preference.
.
(1) ဒီတစ်ခုထက် ဟိုတစ်ခုကို ပိုလုပ်ချင်တယ်ဆိုတာမျိုးကို ပြောတဲ့အခါ 
.
I'D RATHER + V1… THAN + V1 ပုံစံနဲ့ ပြောဆိုနိုင်ပါတယ် 
......................................
(1.1) I’d RATHER go home THAN stay out too late.
ကျနော်က အပြင်မှာ နောက်ကျလွန်းအောင် နေတာထက် အိမ်ကို ပြန်တာ ပိုလုပ်ချင်ပါတယ်
(1.2) I'd RATHER stay late THAN come in early tomorrow.
ကျနော်က မနက်ဖန်မနက်မှာ အစောကြီးလာတာ ထက် (ဒီနေ့) နောက်ကျေအောင်နေတာကို ပိုကြိုက်ပါတယ်
(1.3) I would RATHER exercise THAN sit on the couch all day.
ကျနော်က ထိုင်ခုံပေါ်မှာတစ်နေ့လုံး ထိုင်ရတာထက် လေ့ကျင့်ခန်း ပိုလုပ်ချင်ပါတယ်
** than နေရာမှာ or ပြောင်းသုံးလည်း ရပါတယ်
(1.4) I had RATHER listen to my parents OR get in trouble.
ကျနော်က ဒုက္ခရောက်အောင် လုပ်တာထက် မိဘစကားကို နားထောင်ရတာ ပိုကြိုက်ပါတယ်
** Rather ပါတဲ့ ၀ါကျကိုနောက်ကထားပြီး သုံးလည်း ရပါတယ်
(1.5) Would you like some tea, OR would you RATHER stick to Ma Ma?
မင်းက လက်ဖက်ရည်သောက်မှာလား ဒါမှမဟုတ် မမအနားမှာ ပိုပြီး ကပ်နေချင်တာလား
…………………………. 
(2) နှစ်ခုနှိင်းယှဉ်တာမျိုး မဟုတ်ပဲနဲ့ ယေဘူးယျအားဖြင့် ကျနော်တို့ ပိုပြီး လုပ်ချင်တာမျိုးတွေအတွက်လည်း သုံးလို့ရပါတယ် ၊ ကြိုက်နှစ်သက်မှု ဒီဂရီကို မြှင့်ပြီး ပြောတဲ့သေဘာပေါ့
.
(2.1) I'd RATHER be with you.
ကိုယ် မင်းနဲ့အတူ ရှိနေတာကို ပိုကြိုက်ပါတယ် ( be= ရှိနေသည်)
(2.2) I'd RATHER talk about this later.
ကျနော် ဒါနဲ့ပတ်သက်လို့ နောက်မှ ပိုပြောချင်ပါတယ်
(2.3) I'd RATHER handle the problem myself.
ကျနော်က ပြဿနာကို ကိုယ်တိုင် ပိုပြီးတော့ ဖြေရှင်းချင်ပါတယ် ( ကိုယ်တိုင် ဖြေရှင်းရတာ ပိုကြိုက်ပါတယ်)
(2.4) You would RATHER know the answer.
ခင်ဗျားက အဖြေကို ပိုပြီးသိပါလိမ့်မယ်
(2.5) Would you RATHER have tea?
ခင်ဗျား လက်ဖက်ရည်ကို အတော်လေးသောက်ပါသလား (တခြားသောက်စရာတွေထက် ပိုသောက်ပါသလား)
(2.6) Had you rather stay at home? 
ခင်ဗျားက အိမ်မှာပဲ တော်တော်လေး နေချင်တာလား 
…………………. 
I like to .. I want to တို့ထက် ဒီဂရီမြှင့်ပြီး ပြောချင်တဲ့အခါ ဖြစ်စေ နှစ်ခု နှိင်းယှဉ်ပြီး ပြောချင်တဲ့အခါ ဖြစ်စေ သုံးပါ.. သတိထားဖို့ရာက would ကြောင့် future tense ဖြစ်မသွားသလို had ကြောင့်လည်း past tense ဖြစ်မသွားပါဘူး ၊ present tense form များသာ ဖြစ်ပါတယ် ၊ ဒီအတိုင်းသုံးရတဲ့ special form များ ဖြစ်ပါတယ် ။
……….. 
.
မေတ္တာဖြင့် 
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။

အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး
heart emoticon

Post a Comment

0 Comments

Close Menu