Ad Code

Responsive Advertisement

ความคืบหน้าแรงงานที่มีวีซ่าครบกำหนด 6ปี ဗီဇာ ၆နှစ်ပြည့် ထိုင်းရောက်အလုပ်သမားများ

Shweparami Pannyardarna to ထိုင်းနိုင်ငံရောက် ရွှေမြန်မာများ
18 hrsBangkok
ความคืบหน้าแรงงานที่มีวีซ่าครบกำหนด 6ปี
ဗီဇာ ၆နှစ်ပြည့် ထိုင်းရောက်အလုပ်သမားများ
==============================
ထိုင်းနိုင်ငံမှာ ၆နှစ်ဗီဇာသက်တမ်းရှိအလုပ်သမားတွေအတွက်နှင့် ပန်းရောင်ကဒ် ကိုင်ဆောင်သူတွေအတွက် ရင်ဆိုင်နေရတဲ့ အခက်အခဲပြဿနာကို ဖြေရှင်းရန်အတွက် ပြီးခဲ့တဲ့ ၂၀၁၅ဒီဇင်ဘာလဆန်းလောက်မှာ ၂နှစ်နိုင်ငံအစိုးရ ရန်ကုန်မှာ အစည်းအဝေးတရပ်ျင်းပခဲ့ပါသေးတယ်။ ရွှေ့ပြောင်းအလုပ်သမားအရေးလှုပ်ရှားနေသောအဖွဲ့အစည်းတချို့လည်းတက်ရောက် ခဲ့ပါသေးတယ်။
၆နှစ်ဗီဇာသက်တမ်းပြည့်အလုပ်သမားများအတွက်အခက်အခဲမရှိအောင် ထိုင်းနိုင်ငံမှာအဆင်ပြေသလို တနည်းနည်းနဲ့ စီစဉ်ဆောင်ရွက်ပေး သွားရန် မြန်မာအစိုးရဘက်က အစည်းအဝေးမှာတောင်းဆိုခဲ့ပါတယ်။
အစည်းအဝေးတက်ရောက်ထိုင်းအစိုးရ ကိုယ်စားလှယ်ဘက်ကလည်း ၀န်ကြီးများအဖွဲ့နဲ့ပြန်တိုင်ပင်ဦးမယ် အကျိုးအကြောင်း သဘောတူညီမှု ရှိမရှိကို ပြန်လည်အကြောင်းကြား မယ်လို့ပြောသွားပါတယ်။ ဒါပေမယ့် အခုချိန်အထိပဲ သူတို့ဝန်ကြီးနဲ့တိုင်ပင်ပြီလား မတိုင်ပင်သေးဘူးလား သဘောတူညီချက်ရမရ
အခြေနေဘယ်လိုလဲဆိုတာကို ပြန်လည်အကြောင်ပြန်းကြားမှုလည်းမရှိသေးပါဘူး။
ပန်းရောက်ကဒ် ကိုင်ဆောင်သူအတွက်တော့ မည်သူမည်ဝါဖြစ်ကြောင်း CI ဆိုတဲ့ အစိမ်းရောင်စာအုပ်ထုတ်ပေးမှာဖြစ်ပါတယ် ထုတ်ပေးလို့ အချိန်မမှီသူများ အတွက်လည်း အဖမ်း အဆီးမလုပ်ဖို့ ပြောသွားပါတယ်။ ပန်းရောင်ကဒ်သမား အတွက်တော့ အဆင်ပြေမှာပါ။ ခက်တာကတော့ ၆နှစ်ဗီဇာသမားတွေပါ။ ၆နှစ်ပြည့်သူတွေလည်း တဖြေးဖြေးများလာပါပြီ။
ဟိုးအရင်က သူတို့စည်းမျဉ်း ဥပဒေထုတ်ထားသည့်အတိုင်း ဗီဇာ ၆နှစ်ပြည့်လျှင် အမိနိုင်ငံကိုပြန်ရမယ်။ ပြန်လာချင်လျှင် MoU ဆိုတဲ့ နှစ်နိုင်ငံအစိုးရ နားလည်မှုစာချွန်လွှာနဲ့ ပြန်လာဖို့ အတည်ပြုလိုက်ပုံရပါတယ်။ အကယ်၍ MoU စနစ်ဖြင့်ဆောင်ရွက်ပါက အေဂျင်စီကုမ္ပဏီနဲ့ အားကိုးရတော့မှာဖြစ်ပါတယ်။
ကုန်ကျစရိတ်အသေးစိတ်တို့မှာ မြန်မာဘက်ခြမ်းမြန်မာကျပ်ငွေဖြင့်
မြ၀တီ-ရန်ကုန်ကားခ = ၁၀၀၀၀ ကျပ်
ပတ်စပို့ခ = ၃၂၀၀၀ ကျပ်
စာချုပ်ချုပ်ခ = ၆၀၀၀ ကျပ်
စာရွက်စာတမ်းဖိုး = ၃၅၀၀ ကျပ်
ရန်ကုန်-မြ၀တီ = ၁၀၀၀၀ ကျပ်
မြ၀တီမှာကဒ် ဓာတ်ပုံရိုက် စားစရိတ်= ၁၅၀၀၀ ကျပ်
ထိုင်းဘက်ခြမ်းထိုင်းဘတ်ငွေဖြင့်
ဆေးစစ် = ၅၀၀ ဘတ်
ဗီဇာ (၂) နှစ်စာ = ၅၀၀ ဘတ်
ဝေါက်ပါမစ် (၁) နှစ်စာ = ၁၉၀၀ ဘတ်
ကြာချိန်များ
နယ်စပ်မှထွက်ခွာ = ၂ ရက်မှ ၃ ရက်ကြာမည်
ရန်ကုန်မှာ ပတ်စပို့လုပ် စာချုပ်ချုပ် = ၁၄ ရက်ကြာမည်
ထိုင်းဘက်ခြမ်းမှ ဗီဇာဝင်ခွင့်စောင့် = ၁၀ ရက်ကြာမည်
စုစုပေါင်း ၁လ ၀န်းကျင်ကြာမှာဖြစ်ပါတယ်။

Post a Comment

0 Comments

Close Menu