Ad Code

Responsive Advertisement

Belong to နဲ့ belong with .. Taylor Swift နဲ့ ကျနော်

Win Naing Oo's photo.

Belong to နဲ့ belong with .. Taylor Swift နဲ့ ကျနော်
……………………………………
ပုံမှန်အားဖြင့် belong to ကိုပဲ ကျနော်တို့ ကြားဖူးမြင်ဖူးနေရာကနေ Taylor Swift သီဆိုတဲ့ နာမည်ကျော် သီချင်းလေးတစ်ပုဒ်ကြောင့် ကျနော့်အတွက် belong with ဆိုတဲ့ အသုံးအနှုန်းကို ကြားဖူးသွားခဲ့သလို Country အဆိုတော် ချောချောလေးကိုလည်း နာမည်ပါတွဲပြီး မှတ်မိသွားပါတော့တယ် ၊ သူ့သီချင်းခေါင်းစဉ်က You belong with me. တဲ့ .. အခုလည်း တစ်ယောက်က belong with ကို လာမေးတော့ သတိရသွားပြန်ပြီပေါ့ smile emoticon ဒါပေမယ့် စာလုံးတွေရဲ့ အဓိပ္ပါယ်ကို ဆက်မပြောပဲ သတိရတာနဲ့ပဲရပ်လိုက်လို့ကလည်း မဖြစ်ဘူးလေ ..ဒါနဲ့ပဲ အသုံးများတဲ့ အဓိပ္ပါယ်လေးတွေကို ရှာဖွေတင်ဆက်လိုက်ပါတယ် ..
.
(1) BELONG TO : indicates possession. It shows someone owns something.
Belong to က ပိုင်ဆိုင်မှုကို ပြပါတယ် ၊ တစ်စုံတစ်ယောက်က တစ်စုံတစ်ခုကို ပိုင်တယ်လို့ ပြပါတယ်.. “ပိုင်ဆိုင်တယ်” လို့ပဲ ဘာသာပြန်လိုက်ကြပါစို့
လေ့လာသူတွေက လေ့လာမှုသက်တမ်းအနုအရင့် အမျိုးမျိုးရှိတာမို့ ၀ါကျမှာသုံးတဲ့အခါ သတိထားရမယ့် အချက်လေးတွေကိုလည်း ပြောပြချင်မိပါတယ်
.
Belong to က ၀ါကျတည်ဆောက်ပုံ ပြောင်းပြန်ပါ .. ပိုင်ဆိုင်ခြင်းခံရတဲ့ ကံပုဒ်( Object) ကို ရှေ့မှာထားပြီး ပိုင်ဆိုင်သူ ကတ္တား (Subject) ကနောက်မှာ နေရပါတယ်
.
ဥပမာ .. ကျနော်ဒီစာအုပ်ကို ပိုင်တယ်ဆိုလျင်
I belong TO this book. လို့ ပြောလို့မရပါဘူး မှားပါတယ်
This book belongs TO me. လို့ ရေးမှသာ မှန်ပါတယ်
.
ပိုင်ဆိုင်သူကတ္တားကိုရှေ့မှာထားပြီး ပုံမှန်အတိုင်းရေးချင်လျင်တော့ belong to အစား own ကိုသုံးရပါလိမ့်မယ်
I own this book. လို့ ရေးနိုင်ပါတယ်

Belong to အတွက် နောက်ထပ်နမူနာဝါကျလေးတွေကတော့
The future belongs TO you.
အနာဂါတ်ကို သင်တို့ ပိုင်ဆိုင်တယ်
You can't take the laptop home because it belongs TO the company.
ခင်ဗျား ဒီ laptop ကို အိမ်ယူသွားလို့မရဘူး ဘာကြောင့်လည်းဆို ဒါကို ကုမ္ပဏီက ပိုင်တယ်
.
(2) BELONG TO : Be a member of (a particular group or organization):
Belong to ကို အုပ်စုတစ်ခု ၊ အဖွဲ့အစည်းတစ်ခု ရဲ့ အဖွဲ့ဝင်ဖြစ်တယ် ၊ အဖွဲ့မှာ ပါတယ် ဆိုတဲ့ အဓိပ္ပါယ်နဲ့လည်း သုံးပါတယ်
I belong to the English Learners Group.
ကျနော်က အင်္ဂလိပ်စာလေ့လာသူများအုပ်စုမှာ အဖွဲ့ဝင်ဖြစ်ပါတယ်
………………………………………………………
(3) Belong is not used in the progressive.
သတိထားရမှာက Belong ကို progressive form (V-ing) အဖြစ်သုံးလို့မရပါဘူး
.
Incorrect: The flat is BELONGING to a man called Jimmy.
(မမှန်ပါ) : ဒီအခန်းကို ဂျင်မီလို့ခေါ်တဲ့ လူတစ်ယောက်က ပိုင်ဆိုင်နေတယ်
(မြန်မာလို ပြောလို့ အဆင်ချောချင်ချောနေမယ် ၊ သူ့ရဲ့သတ်မှတ်ချက်က မရဘူးဆိုလျင် မရဘူးလို့ပဲ မှတ်ပါ)
………………………………..
(4) BELONG WITH shows similarity; things should be grouped or connected together:
Belong with ကတော့ ဆင်တူမှု နဲ့ လိုက်လျောညီထွေ ဖြစ်မှုကို ဖေါ်ပြပါတယ် ၊ အတွဲအဖက်ညီတယ် ဆိုတဲ့ သဘောလည်း ရှိပါတယ် ။
ဒီမှာတော့ belong with ကို “လိုက်ဖက်ညီတယ်” လို့ အဓိပ္ပါယ်ဖွင့်ချင်ပါတယ်
.
You belong with me.
မင်းက ငါနဲ့ လိုက်ဖက်ညီတယ်
This case belongs with that camera.
ဒီထည့်တဲ့အိပ်က အဲဒီကင်မရာနဲ့ သင့်တော်တယ်
That wine and this cheese belong with each other.
အဲဒီဝိုင်အရက်နဲ့ ဒိန်ခဲက တစ်ခုနဲ့တစ်ခု အတွဲအဖက်မိတယ်
……
စသည်ဖြင့် သုံးနိုင်ပါတယ် .. အများဖတ်ရှုနိုင်စေဖို့အတွက် comment မှာ မရေးတော့ပဲနဲ့ main post အဖြစ်တင်လိုက်တာ ဖြစ်ပါတယ်.. နောက်ထပ် မှတ်ဖို့ကောင်းတာလေးတွေလည်း ရေးနေဦးမှာပါ
.
မေတ္တာဖြင့်
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။

အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး 
heart emoticon

Post a Comment

0 Comments

Close Menu