Ad Code

Responsive Advertisement

"BGF နှင့် DKBA ဗိုလ်နားမကြားအဖွဲ့ ကော့ကရိတ်အနီးကောင်းမှုရွာဘုရားကုန်းတွင် တိုက်ပွဲဖြစ်"25.1.2016

အတ္ထရံကမ်းနဘေးက အလွမ်းသမားလေး to မြ၀တီမြို့ဟစ်တိုင်
2 hrs
"BGF နှင့် DKBA ဗိုလ်နားမကြားအဖွဲ့ ကော့ကရိတ်အနီးကောင်းမှုရွာဘုရားကုန်းတွင် တိုက်ပွဲဖြစ်"
25.1.2016
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အနီးတွင် တပ်မတော်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF)တို့ အခြေချထားသည့် ကောင်းမှုရွာဘုရားကုန်းကို ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်မှ ခွဲထွက်ထားသည့် ဗိုလ်နားမကြားအဖွဲ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း ခ.စ.တ (၁၀၁၇) နယ်ခြားစောင့်တပ်မှ သိရှိရသည်။
ကော့ကရိတ်မြို့အနီး တပ်မတော်ခမရ ၅၄၈(ခွဲ-၁)နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(၁၀၁၇)မှ တပ်ဖွဲ့ဝင် ၅၀ ဦးအခြေချထားသည့် ကောင်းမှုကျေးရွာဘုရားကုန်းစခန်းကို ဗိုလ်နားမကြား(ခ) ဗိုလ်ကျော်မို့ (တပ်ခွဲမှူးအဆင့်ရှိ) ဦးစီးအင်အား ၂၀ ဝန်းကျင်မှ ဇန်နဝါရီ (၂၃) ရက် ည (၁၀း၀၀)နာရီအချိန်တွင် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“သူတို့ဘက်ကစပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ပစ်တော့ ပြန်လှန်ပစ်ခတ်ကြရင်း တိုက်ပွဲ ဖြစ်ပွားခဲ့ရတာပါ။ မနက် ၃ နာရီလောက်မှာ အပစ်ရပ်သွားတယ်။ ကျဆုံးကတော့မရှိဘူး။”ဟု ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(၁၀၁၇)မှ ဗိုလ်မှူးစောကျော်နော်က ပြောသည်။
မနက်(၃း၀၀)နာရီဝန်းကျင်တွင် ဗိုလ်နားမကြားတပ်ဖွဲ့မှာ ကောင်းမှုကျေးရွာ၏ အရှေ့ဘက်ခြမ်းကို ပြန်လည် ဆုတ်ခွာသွားခဲ့ခြင်းကြောင့် တိုက်ပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ကော့ကရိတ်ဘက်က ည ၁၀ နာရီလောက်မှာ သေနတ်သံတွေစကြားရတယ်။ လက်နက်ကြီးသံ တွေများတယ်။ တိုက်ပွဲဖြစ်ပြီဆိုတာသိပေမယ့် ဘယ်တပ်နဲ့ ဘယ်တပ်ဖြစ်နေကြမှန်းတော့ မသိဘူး။ မိုးလင်းတော့ ပစ်ခတ်သံတွေမကြားရတော့ဘူး။”ဟု ကော့ကရိတ်မြို့မှ ဒေသခံ ကိုတင်ဝင်းစိုးက ပြောသည်။
လက်ရှိတွင် တပ်မတော်နှင့် BGF တပ်များက နယ်မြေရှင်းလင်းခြင်းဆောင်ရွက်နေပြီး တစ်ဖက်အဖွဲ့မှ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ကျဆုံးမှုရှိ၊ မရှိ စုံစမ်းနေကြောင်း သိရသည်။
ဓာတ်ပုံ : Online

Post a Comment

0 Comments

Close Menu