Ad Code

Responsive Advertisement

၂၀၁၆ ခုနှစ်မှာ ဖြစ်မယ့် ထူးခြား ဖြစ်စဉ်မျာ:

အာကာသ နှင့် စကြ၀ဠာ added 4 new photos.

>>>၂၀၁၆ ခုနှစ်မှာ ဖြစ်မယ့် ထူးခြား ဖြစ်စဉ်များ<<<
လာမယ့် ၂၀၁၆ ခုနှစ်အတွင်းမှာ ဖြစ်ပေါ်မယ့် အာကာသအတွင်းက ထူးခြားဖြစ်စဉ်များ၊ သာမန်မျက်စိဖြင့် ကြည့်ရှုနိုင်မည့် အရာများစွာထဲမှ ထင်ရှားမယ့် ဖြစ်စဉ် အချို့ကို အာကာသနှင့် စကြဝဠာ စာဖတ်ပရိတ်သတ်များအတွက် အမြည်းသဘော.. စုစည်းတင်ဆက်ပေးလိုက်ပါတယ်..။ ဖော်ပြထားတဲ့ အရာ အားလုံးဟာ မြန်မာနိုင်ငံမှာ မြင်တွေ့ရမယ့် အရာများဖြစ်ပါတယ်..။
ဇန်နဝါရီလ (၃) ရက်နေ့ည။ ။ Quadrantids Meteor Shower (ကြယ်မိုးရွာခြင်း)
မတ်လ (၈) ရက်နေ့ည ။ ။ ဂျူပီတာ နှင့် ကမ္ဘာ နီးမည်။ တယ်လီစကုတ်များဖြင့် ဂျူပီတာကို အနီးကပ် ဆွဲကြည့်နိုင်မည်။
မတ်လ (၉) ရက်နေ့နံနက်။ ။ နေကြတ်မည်။
မတ်လ (၂၃) ရက် ည။ ။ လကြတ်မည်။
ဧပြီ ၂၂ ည ၂၃ မနက်။ ။ Lyrids Meteor Shower (ကြယ်မိုးရွာခြင်း)
မေလ (၉) ရက် ညနေ။ ။ နေ ရှေ့မှ ဗုဒ္ဓဟူးဂြိုဟ်ဖြတ်မည်။ (အင်မတန် ရှားပါးသော ဖြစ်စဉ် ဖြစ်သည်။)
မေလ (၂၂) ရက်။ ။ အင်္ဂါဂြိုဟ်နှင့် ကမ္ဘာ နီးမည်။ တယ်လီစကုတ်များဖြင့် ထင်ရှားစွာ ဆွဲကြည့်နိုင်မည်။
ဇွန်လ (၃) ရက်နေ့။ ။ စနေဂြိုဟ်နှင့် ကမ္ဘာ နီးမည်။ တယ်လီစကုတ်(ကြီး) များဖြင့် လှပသော စနေဂြိုဟ်ပတ်ကွင်းများကို အနီးကပ် ဆွဲကြည့်နိုင်မည်။
ဇူလိုင် (၄) ရက်။ ။ ကမ္ဘာမှ လွှတ်တင်ထားသော ဂျူနို အာကာသယာဉ် ဂျူပီတာသို့ ရောက်မည်။
သြဂုတ်လ (၁၂) ည (၁၃) နံနက်။ ။ Perseids Meteor Shower (ထင်ရှားသော ကြယ်မိုးရွာခြင်း ဖြစ်စဉ်။)
သြဂုတ် (၂၇)။ ။ အနောက်အရပ်က ကြယ်နှစ်လုံး ပေါ်ထွက်သည့်အလား.. ဂျူပီတာနှင့် ဗီးနပ်စ်တို့ ပူးကပ်ကြမည်..။
စက်တင်ဘာ (၁၆) ရက်။ ။ လ အပြည့်ကြတ်မည်။
အောက်တိုဘာ (၁၆) ရက်။ ။ လပြည်နေ့ စူပါမွန်း ဖြစ်မည်။
ဒီဇင်ဘာ ၁၃ နှင့် ၁၄ ရက်။ ။ Geminids Meteor Shower (ကြယ်မိုးဘုရင် ကြယ်မိုးရွာသွန်းခြင်း နှင့် လပြည့် စူပါမွန်း ဖြစ်ခြင်း။
................................................
အာကာသ ဝါသနာရှင်များအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ)
...............................................
ကြယ်တာရာတွေကို ကြည့်ဖို့ တယ်လီစကုတ် ကောင်းကောင်းတစ်ခု ဆောင်ထားချင်တယ်ဆိုလျှင်တော့.. အာကာသနှင့် စကြဝဠာ တယ်လီစကုတ်နှင့် သင်ထောက်ကူပစ္စည်း အရောင်းဆိုင် - အမှတ် ၁၂၁ (E)၊ သံလွင်လမ်း၊ ကမာရွတ်မြို့နယ်။ ဖုန်း -09257766234 ကို ဆက်သွယ်စုံစမ်း မှာယူနိုင်ပါတယ်။ တယ်လီစကုတ်နဲ့ ပတ်သက်တဲ့ အခြားဝန်ဆောင်မှုများကိုလည်း ပြုလုပ်ပေးသွားမှာပါ။

Post a Comment

0 Comments

Close Menu