Ad Code

Responsive Advertisement

ရှိခိုးထိုက်စွာအရပ်ခြောက်မျက်နှာ

ဓမ္မရတနာ

ရှိခိုးထိုက်စွာအရပ်ခြောက်မျက်နှာ
*******
လောကတွင်ကြီးပွားချမ်းသာတိုးတက်ဖို့အတွက် အရှေ့၊တောင်၊အနောက်၊မြောက်၊အောက်၊အထက် အရပ်ခြောက်မျက်နှာကိုရှိခိုးရပါတယ်ဟု မြတ်စွာဘုရားရှင်က ဂိဟိဝိနိယသုတ္တန်သို့မဟုတ်သိင်္ဂါလောဝါဒသုတ္တန် တွင်ဟောကြားတော်မူခဲ့ပါသည်။ သိင်္ဂါလသုတ္တန်တွင်-
၁။ကမ္မကိလေသလေးပါး၊ ၂၊အဂတိတရားလေးပါး၊ ၃။စီးပွားဥစ္စာပျက်ကြောင်းခြောက်ပါး၊ ၄။အရပ်ခြောက်မျက်နှာရှိခိုးခြင်းအကြောင်းဟူ၍ အခန်းလေးမျိုးခွဲ၍မြတ်စွာဘုရားရှင်က ဟောကြားတော်မူခဲ့ပါသည်။ မြတ်စွာဘုရားရှင်ကဤသုတ္တန်ကို သိင်္ဂါလသတို့သားအားအကြောင်းပြု၍ဟောကြား ခဲ့ခြင်းဖြစ်ပါသည်။ မြတ်စွာဘုရားရှင်သက်တော်ထင် ရှားရှိစဉ်အခါက မဂဓတိုင်း ရာဇဂြိုဟ်မြို့တော်သူဌေးတန်းရပ်ကွက်တွင် ကုလေးဆယ်ချမ်းသာကြွယ်ဝသောမိသားစု တစ်ခုတွင်သားယောင်္ကျာလေးတစ်ယောက်ဖွားမြင်၍ ချစ်စနိုးဖြင့်သိင်္ဂါလ (မောင်ခွေး)ဟုခေါ်ဝေါ်ကြသည်။တစ်ဦးတည်းသော သားဖြစ်၍မြိုထားမတတ်ချစ်သောကြောင့် အလိုလိုက်ထားရာအရွယ်ရောက်လာသောအခါ ဆိုးသွမ်းနေ၏။ မိဘနှစ်ဦးအသက်အရွယ်ကြီးရင့်လာသောအခါ မိမိတို့ယုံကြည်ကိုးကွယ်ရာဗုဒ္ဓသာသနာအပေါ် သားဖြစ်သူအားယုံကြည်စေလို၍အမျိုးမျိုး စည်းရုံးသော်လည်းမရပေ။ နောက်ဆုံးသေခါနီးအချိန်မှာသားကိုအနားခေါ် အမွေလွဲအပ်ရင်း ငါ့သား၊အဖေမသေခင်စကား တစ်ခွန်းလောက်မှာခဲ့ချင်တယ်၊ရတနာသုံးပါးကို ရှိမခိုးချင်နေပါ၊ငါ့ သားလောကမှာကြီးပွားတိုးတက်အောင်အရပ်ခြောက် မျက်နှာကိုနေ့တိုင်းလူမြင်ကွင်းမှာရှိခိုးပါဟု မှာကြားပြီး ကွယ်လွန်သွားသည်။ သိင်္ဂါလသတို့သားလည်းဖခင်မှာကြားခဲ့သည့်အတိုင်း အရပ်ခြောက်မျက်နှာကိုနေ့စဉ်ရှိခိုးနေသည်ကို မြတ်စွာဘုရားရှင်ရွေဥာဏ်တော်၌မြင်တော်မူ၍ ကြွရောက် တော်မူလာပြီးမေးတော်မူလျှင်သင်္ဂါလသတို့ သားလည်းသူ၏ရည်ရွယ်ချက် ကိုလျောက်ထားတော်မူသောအခါ မြတ်စွာဘုရားရှင်က အိုသူကြွယ်သားသိင်္ဂါလငါ ဘုရားရှင်ရဲ့သာသနာတော်တွင်းသားဖြစ်တဲ့ သင့်အဖေကပကတိအရပ်ခြောက်မျက်နှာကို ရှိခိုးစေလို၍မှားကြားခဲ့ခြင်းမဟုတ် ၁။အရှေ့အရပ်ဟူသည်မိဘနှစ်ပါးကိုဆိုလိုတယ်။ ၂။တောင်အရပ်ဟူသည်ဆရာသခင်ကိုဆိုလိုတယ်။ ၃။အနောက်အရပ်ဟူသည် သားမယားတို့ကိုဆိုလိုတယ်။ ၄။မြောက်အရပ်ဟူသည် အဆွေခင်ပွန်းတို့ကိုဆိုလိုတယ်။ ၅။အောက်အရပ်ဟူသည် အလုပ်သမားအစေအပါးတို့ကိုဆိုလိုတယ်။ ၆။အထက်အရပ်ဟူသည်သူတော်သူမြတ်၊ ရသေ့ရဟန်းတို့ကိုဆိုလိုတယ်။ အဲဒီအရပ်ခြောက်မျက်နှာလို့သတ်မှတ်လို့ရတဲ့ ပုဂ္ဂိုလ်ခြောက်မျိုးတို့အပေါ်ဝတ္တရားကျေပွန်အောင် ပြုစုရခြင်းကိုအရပ်ခြောက်မျက်နှာကိုရှိခိုးပါလို့ ဆိုလိုတယ်ဟု မြတ်စွာဘုရားရှင်၏ရွေနှုတ်တော်မှကမ္ဘာ့လူသား အားလုံးတို့အတွက်အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးမားလှသောဤသုတ္တန်တော်ကြီးကို ဟောကြားတော် မူခဲ့ပါသည်။ ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့လည်း လောကတွင်ကြီးပွား တိုးတက်ချမ်းသာအောင်မသမာသော နည်းများဖြင့်စီးပွားရှာခြင်းများကို ရှောင်ရှားပြီးမြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သောတရားတော်များ အတိုင်းလိုက်နာဆောင်ရွက်လျှင်ယခုဘ၀ အတွက်သာမကနောင်သံသရာအတွက်ပါ ကောင်းကျိုးများကိုခံစားရမည်ဖြစ်ပါသည်။ လာတုန်းကလည်းတစ်ယောက်တည်းပြန်လျှင်လည်း တစ်ယောက်တည်းဖြစ်၍ရခဲလှစွာလူ့ဘ၀မှာ လက်ချည်းဗလာမပြန်သင့်ပါ။ထို့ကြောင့် ပထမအရွယ်၊ ဒုတိယအရွယ် တတိယအရွယ်ဟူ၍မခွဲခြားဘဲရသမျှအချိန်လေးမှာ မြတ်စွာဘုရားရှင်ဟောကြားခဲ့သောတရားတော်များ၊ ဆရာတော်ကြီးများ၏ဆုံးမလမ်းညွန်ချက်များကို လိုက်နာကျင့်ကြံအားထုတ်ခြင်းဖြင့်မိမိနောက်ကို ကောင်းမှုကုသိုလ်အထုတ်လေး ပါအောင်ဆောင်ရွက်ကြပါစို့ဟုစာရေးသူအနေဖြင့် တိုက်တွန်းနှိုးဆော်လို က်ပါသည်။
Today Myanmar မှ

Post a Comment

0 Comments

Close Menu