Ad Code

Responsive Advertisement

English Speaking Basics (1) အင်္ဂလိပ်စကားပြော အခြေခံများ (၁)




English Speaking Basics (1) အင်္ဂလိပ်စကားပြော အခြေခံများ (၁)
…………………………………
အင်္ဂလိပ်စကားပြောကို အခြေခံကစပြီး လေ့လာလိုသူတွေအတွက် ဖြစ်ပါတယ် ၊ သိပြီးသားတွေအတွက် လွယ်နေမှာပါ .. နောက်ပိုင်းမှာတော့ တဖြည်းဖြည်းချင်း ခက်သွားမှာပါ .. ဒါပေမယ့် သေသေချာချာ လေ့လာမယ်ဆိုလျှင် မခက်တော့ပဲနဲ့ လှလှပပ သုံးတတ်ကြမှာပါ ..
…………………………………………………….
I’m
……….
I’m + adj
(1) I’m happy. ကျနော် ပျော်တယ်
(2) I’m nervous. ကျနော်စိတ်ရှုပ်ထွေးတယ်
ဒါတွကျ (-ed ) ပါတယ် ed ပေါင်းတဲ့ adj စာလုံးတွေဖြစ်လို့ သီးခြားမှတ်ရတဲ့ စာလုံးမျိုးတွေဖြစ်ပါတယ်
(3) I’m confused. ကျနော် ဝေခွဲမရရှုပ်ထွေးတယ်
(4) I’m excited. ကျနော်စိတ်လှုပ်ရှားတယ်
………………….
** အထူးပြုတဲ့စကားလုံးလေးတွေ ထပ်ထည့်လို့ရပါတယ် .. Adj ရှေ့မှာ Adv လေးတွေ ထပ်ထည့်လိုက်ပါ ၊ မှတ်လိုက်ပါ တချို့သော adv တွေဟာ adj ကိုလည်း အထူးပြုနိုင်ပါတယ်..
(5) I’m (very) happy. ကျနော် သိပ်ပျော်တယ်
(6) I’m (extremely) tired. ကျနော် အလွန်အမင်း ပင်ပန်းတယ်
(7) I’m (super) excited. ကျနော် အရမ်းအရမ်း စိတ်လှုပ်ရှားပါတယ် (ဒီစကားလုံးကို နမူနာကြည့်ပါ တိုတိုလေးပဲ ဒါပေမယ့် သူက ပြောရိုးပြောစဉ်ထက် ပိုလှသွားပါပြီ )
…………………………..
I’m + Ving
(or)
I’m + Ving + Obj
.
(8) I’m crying. ကျနော်ငိုနေတယ်
(9) I’m reading newspaper. ကျနော်သတင်းစာဖတ်နေတယ်
** V မှာ-ing ပေါင်းတိုင်း “နေတယ်” ဆိုတဲ့ အဓိပ္ပါယ် အသေမမှတ်ပါနဲ့ အနာဂါတ်အတွက် ရည်ရွယ်ပြီး ပြောတာတွေလည်း ရှိသေးတယ် .. အလွန်နီးကပ်တဲ့ အချိန်ကိုရည်ညွှန်းဖို့ ၊ စီစဉ်ပြီးသားဖြစ်လို့ သေချာနေတဲ့ အကြောင်းအရာ တွေအတွက်လည်း သုံးပါတယ်
(10) I’m leaving tomorrow. မနက်ဖန် ကျနော်သွားတော့မယ် (သေချာတယ် ၊ လက်မှတ်ဝယ်ပြီးပြီ)
(11) I’m leaving now. ကျနော်အခုပဲသွားပြီ (မတ်တပ်ထပြီးရပ်နေပြီ)
(12) He isn’t working next week. သူနောက်တစ်ပတ်မှာ အလုပ်လုပ်တော့မှာ မဟုတ်ဘူး ( အလုပ်ထွက်ဖို့ ပြောပြီးနေပြီ)
……………………..
I’m + Prepositional Phrase
I’m နောက်မှာ ၀ိဘတ်စကားစုလေးတွေ လိုသလို ဖြည့်လို့လည်း ရသေးတယ်
(13) I’m from Mandalay. ကျနော် မန္တလေးကပါ
(14) I’m in the office at the moment. အခုလောလောဆယ် ကျနော် ရုံးမှာ ရှိပါတယ်
………………………….
အသက်အရွယ်ကို ပြောမယ်ဆိုလျင်တော့
(15) I’m twenty three years old. ကျနော် အသက် ၂၃ နှစ်ပါ
..
ဒီပုံစံတွေအပြင် ..နောက်ထပ် ပြောလို့ရတဲ့ ပုံစံလေးတွေလည်း ရှိဦးမှာပါ ၊ ဆက်လက်လေ့လာလိုက်ပါ ..
ကဲ ကျနော့် ဦးနှောက်မှာ မှတ်သားထားခဲ့သမျှ တွေထဲက အညွန့်အဖူးလေးတွေကို လက်ဖက်ညွန့်ခူးသလိုခူးပြီး စေတနာတွေပေါင်းလို့ တင်ပေးလိုက်ပါတယ် ..ဆက်လက်ရေးသားမှာ ဖြစ်ပါတယ် ။
……………………………..
မေတ္တာဖြင့် 
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။

အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး
heart emoticon

Post a Comment

0 Comments

Close Menu