Ad Code

Responsive Advertisement

English Speaking Basics (4) အင်္ဂလိပ်စကားပြော အခြေခံများ (၄)

Win Naing Oo's photo.
English Speaking Basics (4) အင်္ဂလိပ်စကားပြော အခြေခံများ (၄)
……………………………………………………………..
စကားပြောတဲ့အခါ မြန်မြန်ပြောထွက်ဖို့အတွက် အသံထွက်ပြီး ဖတ်ပါ တိုးတိုးလေးပဲ ဖြစ်ဖြစ်ပေါ့ ၊ ရေးရင်းနဲ့ဖတ်မယ်ဆို ပိုကောင်းပါတယ် ရေးကျင့်လည်း ရသွားမယ် ၊ သုံးစွဲပုံတွေ..သဒ္ဒါတွေက သိပ်မကွာပါဘူး ၊ မတူတဲ့အခါကျရင် ကျနော်က သတိပေးပါမယ် .. စကားပြောလေ့ကျင့်ခန်းတွေ လေ့လာရင်းနဲ့ ပင်ပင်ပန်းပန်း အားမစိုက်ရပဲ သဒ္ဒါပိုင်းရော သုံးစွဲပုံတွေရော သိသွားစေချင်လို့ဖြစ်ပါတယ် ။ ကဲ စလိုက်ကြရအောင်ပါ ..
…………………………..
I HAVE TO + (VERB)
…………………………….
(1) Have to ကို “ရမယ်” လို့ ဘာသာပြန်ပြီး တာဝန်တွေ ၊ လိုအပ်ချက်တွေ ၊ လုပ်ဖို့သေချာမှုတွေကို ဖေါ်ပြဖို့သုံးပါတယ်
.
(1.1) I /have to/go/ now.
ကျနော်အခုသွားရမယ်
(1.2) I /have to/finish/ the term paper today. ( term paper = ပညာရပ်ဆိုင်ရာ စာတမ်း)
ကျနော် ပညာရပ်ဆိုင်ရာစာတမ်းကို ဒီနေ့ အပြီးသတ်ရမယ်
(1.3) I /have to/switch/ schools.
ကျနော် ကျောင်းပြောင်းရမယ်
(1.4) I /have to/go/ to the bank to transfer the money.
ကျနော် ငွေလွဲပို့ဖို့်အတွက် ဘဏ်ကိုသွားရမယ်
……………………
(2.1) မလိုအပ်ဘူး ဆိုတဲ့ အဓိပ္ပါယ်လိုချင်တယ်ဆိုလျင်တော့ have to ရှေ့က don’t, doesn’t, didn’t တစ်ခုခုပေါင်းလိုက်ပါ
.
(2.1.1) I /don't have to/ switch/ schools.
ကျနော် ကျောင်းပြောင်းရမှာ မဟုတ်ဘူး ( ပြောင်းဖို့ မလိုဘူး)
(2.1.2) I /don't have to/get/ there on time. The boss is away today.
ကျနော် အဲဒီကို အချိန်မှီ ရောက်ဖို့ မလိုဘူး ၊ ဒီနေ့ သူဌေးက အဝေးကိုသွားနေတယ်
(2.1.3) I /don't have to/work/ overtime on Saturday.
စနေနေ့မှာ ကျနော် အချိန်ပို လုပ်ဖို့ မလိုဘူး
(2.2) မေးခွန်းလုပ်ချင်လျင်တော့ Do, Does, Did သင့်တော်ရာ တစ်ခုခု ၀ါကျ ရှေ့ကပေါင်းပါ
Do I /have to/work/ overtime on Saturday?
စနေနေ့မှာ ကျနော် အချိန်ပို လုပ်ရမှာလား
………………………..
(3) အင်္ဂလိပ်ကတော့ have to နေရာမှာ have got to သုံးလေ့ရှိတယ် ၊ got တစ်လုံးပိုလာတာပဲ ရှိတယ် အတူတူပဲဆိုတာ သိထားဖို့ပါ ။
..
(3.1) I /have got to/take/ this book back to the library or I'll get a fine.
ကျနော် ဒီစာအုပ်ကို စာကြည့်တိုက်ပြန်ပို့ပေးရမယ် ၊ သို့မဟုတ်လျင် ကျနော် ဒဏ်ကြေးပေးရလိမ့်မယ်
…………………
(4) have to ကို ရမယ်လို့ ဘာသာပြန်တော့ must နဲ့ တူသလို ဖြစ်နေတာကြောင့် နည်းနည်း လေကြောရှည်ပါရစေ
……………………
(4.1) MUST
Must ကို အသိစိတ်အရ လိုအပ်တယ်လို့ ထင်တဲ့ အကြောင်းအရာကို ဖေါ်ပြဖို့ သုံးပါတယ် (Use 'must' to express something that you or a person feels necessary.) ၊ မဖြစ်မနေ လုပ်ဖို့ လိုအပ်တယ်ကိစ္စတွေ အတွက်လည်း သုံးပါတယ် ၊ ဖြစ်ရမယ်လို့ ကောက်ချက်ချတဲ့အခါမှာလည်း သုံးပါတယ် ။
..
(4.1.1) I /must/go/ to bed earlier.
ကျနော် စောစောအိပ်ရာက ထရမယ်
(4.1.2) I /must/go/ and see my brother every Sunday.
တနင်္ဂနွေနေ့တိုင်း ကျနော့်ညီကို သွားတွေ့ရမယ်
(4.2) HAVE TO
have to ကိုတော့ ပြင်ပ အကြောင်းအရာ တစ်ခုကြောင့် လုပ်ဖို့ လိုအပ်တဲ့ ကိစ္စတွေမှာ သုံးပါတယ် (When we use 'have to' this usually means that some external circumstance makes the obligation necessary.)
(4.2.1) I /have to/send/ a report to Head Office every week.
ကျနော် သီတင်းပတ်တိုင်း ရုံးချုပ်ကို အစီရင်ခံစာတစ်စောင် ပေးပို့ရပါမယ် (ရုံးတာဝန်ကြောင့်)
(4.2.2) I /have to/arrive/ at work at 9 sharp. My boss is very strict.
ကျနော် အလုပ်ကို (၉) နာရီတိတိမှာ ရောက်ရမယ် ၊ ကျနော့် ဌာနမှူးက အလွန်တင်းကျပ်တယ် ( လူကြီးက စည်းကမ်းတင်းကျပ်လို့)
…………………….
(5) ပြင်ပ အကြောင်းအရာတစ်ခုကြောင့် လုပ်ရတယ် ဆိုသော်လည်း ကိုယ်တိုင်ကလည်း လုပ်ချင်တဲ့ စိတ်ဆန္ဒရှိတယ်ဆိုလျင် will ပေါင်းပြီး will have to ကိုသုံးပါ ( Remember that 'will' is often used to show 'willingness'.)
..
(5.1) I /will have to/explain/ to him.
ကျနော်သူ့ကို ရှင်းပြရပါလိမ့်မယ် ( တာဝန်နဲ့ စိတ်ဆန္ဒ နှစ်ခုလုံးပါတယ် )
ယဉ်ကျေးတဲ့ အသုံးအတွက် ဆို would နဲ့တွဲပါ
(5.2) I /would have to/do/ it for my Managing Director.
ကျနော့်ဆရာ ဦးဆောင် ညွန်ကြားရေးမှူးအတွက် အဲဒါကို လုပ်ပေးရပါလိမ့်မယ် ခင်ဗျာ
……………………
(6) Verb နေရာမှာ be + adjective လည်းသုံးလို့ရပါတယ်
Have to + be + adjective နဲ့
Must + be+ adjective ဖြစ်သွားရောပေါ့
.
Miss Universe /has to/be/fluent/ in English.
မယ်စကြ်ာဝဠာဟာ အင်္ဂလိပ်စကားကို သွက်လက်ချောမွေ့စွာ ပြောရပါမယ်
( လိုအပ်ချက်တစ်ခုပဲ ဒါပေမယ့် မဖြစ်မနေတော့လည်း မဟုတ်ဘူး ၊ အင်္ဂလိပ်လို မျးများမတတ်ဘဲ ရတာတွေ ရှိသတဲ့)
Miss Universe /must/be/ beautiful and talented.
မယ်စကြ်ာဝဠာဟာ လှပပြီး ပင်ကိုယ်အရည်အချင်းရှိရမယ် (ဒါက မဖြစ်မနေလိုတာ ၊ ရုပ်မချောဘဲ အရည်အချင်းမရှိဘဲ မရဘူး )
……………………………..
မေတ္တာဖြင့် 
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။

အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး
heart emoticon

Post a Comment

0 Comments

Close Menu