Ad Code

Responsive Advertisement

I WANT YOU TO + (VERB)

Win Naing Oo's photo.
.
English Speaking Basics (12) အင်္ဂလိပ်စကားပြော အခြေခံများ (၁၂)
………………………………………
(1) I WANT YOU TO + (VERB)
……………………………………. 
ကျနော်တို့ကနေ အခြားတစ်ယောက်ယောက်ကို သူတစ်ခုခုလုပ်စေချင်ကြောင်း ပြောပြချင်တဲ့အခါ ဒီပုံစံကိုသုံးပါ (‘I want you to' is telling someone that you have a desire or would like for them to do something.)

(1.1) I want you to clean the dishes.
ကျနော်က ခင်ဗျားကို ပန်းကန်တွေ ဆေးကြောသန့်စင် စေချင်ပါတယ်
(1.2) I want you to come home right after school. (right after = ပြီးတာနဲ့ချက်ခြင်း)
ကျနော်က ခင်ဗျားကို ကျောင်းဆင်းတာနဲ့ အိမ်ကိုချင်ခြင်း ပြန်လာစေချင်ပါတယ်
(1.3) I want you to call once you get there.
ကျနော်က ခင်ဗျားကို အဲဒီရောက်တာနဲ့ ဖုန်းတစ်ကြိမ် ပြန်ပြီးခေါ်စေချင်ပါတယ်
(get there = သွားချင်တဲ့နေရာကိုရောက်တယ် ၊ ရည်မှန်တဲ့အရာအောင်မြင်တယ်)
(1.4) I want you to explain yourself to me.
ကျနော့်ကို ခင်ဗျားအကြောင်း ကိုယ်တိုင်ပဲ ရှင်းပြစေချင်ပါတယ်
(1.5) I want you to educate me.
ကျနော့်ကို ပညာသင်ပေးစေချင်ပါတယ်
(1.6) Do you want me to check receivable accounts?
ခင်ဗျားက ကျနော့်ကို ရစရာရှိတဲ့ စာရင်းတွေကို စစ်ဆေးစေချင်ပါသလား ။
ဒါလေးက မေးခွန်းလည်း လုပ်တတ်စေချင်လို့ ထည့်ပေးလိုက်တာပါ ..
……………………………………………………………………………………….
(2) I NEED YOU TO + (VERB)
……………………………………..
ကျနော်တို့က သူ့ကို လုပ်စေချင်တဲ့ အရာဟာ သာမန် လုပ်စေချင်တဲ့သဘောထက်ပိုပြီး လိုအပ်ချက်တစ်ခုဖြစ်တယ် မလုပ်လျှင်မဖြစ်ဘူး ဆိုတဲ့သဘော ထည့်ပြီးပြောချင်တဲ့အခါမှာတော့ WANT နေရာမှာ NEED ကို ပြောင်းသုံးလိုက်ပါ ။ (By using the word 'need' instead of 'want' you are expressing something that is required or necessary.)
..
(2.1) I need you to study harder in school.
ကျနော်က ခင်ဗျားကို ကျောင်းမှာ ပိုပြီးကြိုးစားလေ့လာစေချင်တယ် ( စာမေးပွဲကျလျှင် ကျောင်းထုတ်မယ်)
(2.2) I need you to stop and listen to me.
ကျနော်ပြောတာကို (တစ်ခုခုလုပ်နေတာ) ရပ်ပြီး နားထောင်စေချင်တယ် ( အလေးမထားလျှင်ဗျင်းလိုက်မယ်)
(2.3) I need you to greet our guests.
မင်းက ငါတို့ဧည်သည်တွေကို တွေ့ဆုံနှုတ်ဆက်စေချင်တယ် (နို့မို့ဆို မင်းက လူရိုင်းကြီး လုံးလုံးဖြစ်တော့မယ်)
(greet = တွေ့ဆုံနှုတ်ဆက်သည်)
(2.4) I need you to introduce me to your family.
ကျနော့်ကို ခင်ဗျားရဲ့ မိသားစုနဲ့ မိတ်ဆက်ပေးစေချင်ပါတယ် ( ယေက္ခမလောင်းတွေ ဖြစ်ချင်ဖြစ်လာမှာမို့ အလေးထားရမယ်လေ)
(2.5) I need you to request a refund.
ကျနော်က ခင်ဗျားကို ပြန်အမ်းငွေ တောင်းခံစေချင်တယ် ( မတောင်းလျှင် ဆုံးပြီ)
(Refund = ပြန်အမ်းငွေ ၊ တစ်ခုခုအတွက် ပြန်ထုတ်ပေးငွေ ၊ တစ်ခုခုနဲ့ ပြန်လဲလှယ်ပေးငွေ)
……………………..
အသေးစိတ်လေးတွေကစပြီး နက်ရှိုင်းတဲ့အဓိပ္ပါယ်များထိ ပါဝင်အောင် ကြိုးစားတင်ဆက်ထားပါတယ် ..
ကျွမ်းကျင်ပိုင်နိုင်ကြပါစေ..
.
မေတ္တာဖြင့် heart emoticon
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။

အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu