Ad Code

Responsive Advertisement

I WOULD LIKE TO + (VERB)

Win Naing Oo's photo.

English Speaking Basics (5) အင်္ဂလိပ်စကားပြော အခြေခံများ (၅) 

…………………………………… 
(1) I WOULD LIKE TO + (VERB)
…………………………………………. 
ကျနော်တို့ လုပ်ချင်တာတွေ ၊ ပြောချင်တာတွေ ၊ စိတ်ထဲက ဆန္ဒတွေကို ယဉ်ယဉ်ကျေးကျေးလေး ဖေါ်ပြချင်တဲ့အခါ ဒီပုံစံကို သုံးပါတယ် ။
I want to .., I like to .. တို့အစား ယဉ်ကျေးတဲ့ ပုံစံအဖြစ်သုံးနိုင်လို့ သေချာ မှတ်ထားလိုက်စေချင်ပါတယ်.. လွယ်လွယ်လေးပါ
.

(1.1) I would like to ask a question.
ကျနော် မေးခွန်းတစ်ခု မေးလိုပါတယ် ခင်ဗျာ
(1.2) I would like to compete in a cooking contest.
ကျနော် အချက်အပြုတ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လိုပါတယ် ခင်ဗျာ
(1.3) I would like to invite you to my party.
ကျနော့်ပါတီပွဲကိုကြွဖို့ ဖိတ်ကြားလိုပါတယ် ခင်ဗျာ
(1.4) I would like to become a writer.
ကျနော် စာရေးဆရာ တစ်ယောက် ဖြစ်ချင်ပါတယ်
(1.5) I would like to see you more often.
ကျနော် ခင်ဗျားကို ပိုပြီး မကြာမကြာ တွေ့လိုပါတယ်ခင်ဗျာ
(1.6) I would like to learn about programming.
ကျနော် ကွန်ပြူတာပရိုဂရမ်ရေးနည်း နဲ့ ပတ်သက်လို့ လေ့လာလိုပါတယ်ခင်ဗျာ
(1.7) I would like to meet the President.
ကျနော် သမတကြီးနဲ့ တွေ့လိုပါတယ်ခင်ဗျာ
………………………….
(2) I PLAN TO + (VERB)
………………
မကြာခင်မှာ တစ်ခုခုလုပ်ချင်လို့ အစီအစဉ်ဆွဲနေတာ ၊ ကြံစည်စိတ်ကူးနေတာတွေကို ဖေါ်ပြဖို့ ဖြစ်ပါတယ်..
..
(2.1) I plan to find a new apartment.
ကျနော် အခန်းသစ်ရှာဖို့ စိတ်ကူးနေပါတယ်
(2.2) I plan to relax on vacation.
ကျနော် အပန်းဖြေ ခရီးမှာ အနားယူဖို့ ကြံစည်နေပါတယ်
(2.3) I plan to surprise my parents.
ကျနော့်မိဘတွေကို အံ့သြအောင် လုပ်ဖို့ စီမံနေပါတယ်
(2.4) I plan to go abroad.
ကျနော် နိုင်ငံခြားကိုသွားဖို့ ပြင်ဆင်လုပ်ကိုင်နေပါတယ်
(2.5) I plan to adopt a child.
ကျနော် ကလေးတစ်ယောက် မွေးစားဖို့ လုပ်နေပါတယ်
(2.6) I plan to watch a movie.
ကျနော် ရုပ်ရှင်ကြည့်ဖို့ စီစဉ်နေပါတယ်
(2.7) I plan to save more money.
ကျနော် ပိုက်ဆံပိုစုဖို့ အစီအစဉ်ချနေပါတယ်
……………………..
ဟောဒီ Plan ဆိုတဲ့စကားလုံးဟာ မြန်မာတွေက plan ချတယ် ၊ plan ဆွဲတယ် စသည်ဖြင့် ပြောနေတဲ့စာလုံးပဲ ဖြစ်ပါတယ် ၊ အင်္ဂလိပ်ဝါကျ တည်ဆောက်ပြီး ပြောမယ်ဆိုတော့ အခုလိုဝါကျတွေ ဖြစ်လာပါတော့တယ် ..
ရေးတဲ့အခါမှာတော့ အထက်မှာ တင်ဆက်ခဲ့သလိုလည်း ရေးနိုင်ပြီး
I make a plan to + Verb
I make a plan for + Noun .. စသည်ဖြင့် လည်းပဲ သုံးနိုင်ပါတယ် ..
………………..
ဘ၀အတွက် Plan ကောင်းကောင်းချလို့ သာယာလှပကြပါစေ..
မေတ္တာဖြင့် 
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။

အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး
heart emoticon

Post a Comment

0 Comments

Close Menu