Ad Code

Responsive Advertisement

Samsung Galaxy S5 SC-04F DoCoMo ဖုန်း ဗားရှင်း Android 5.0 Root လုပ်နည်း


Galaxy S5 SC-04F DoCoMo ဖုန်း ဗားရှင်း Android 5.0 Root လုပ်နည်းကို
အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

တကယ်လို့ ဒီဖုန်းအတွက် ပထမဆုံးအကြိမ် Root လုပ်တာဆိုရင်တော့
သင့်အတွက် Chainfire တွေရဲ့ Triangle တြိဂံကို စတင်ရင်းနှီးသွားမှာပါ။

ဒီတော့ Chainfire ဆိုတာ Galaxy S5 device များ Auto Root Method ဖြင့်
Odin ကနေ Root လုပ်ယူနိုင်တဲ့ CF-Root Tool တွေကိုဖန်တီးပေးနေတဲ့ Guy ပေါ့ဗျာ


Kernal, Custom Rom သို့မဟုတ် Custom Firmware ပေါင်းများစွာအတွက်
Auto Root Tool ကိုအဓိကဖန်တီးပေးနေတဲ့သူတစ်ယောက်ပေါ့။

လိုအပ်ချက်များ
==========
ယခုဖေါ်ပြပါ Root လုပ်နည်းသည် Galaxy S5 SC-04F DoCoMo ဖြစ်ပြီး
ဗားရှင်း Android 5.0 Lollipop only အတွက်သာဖြစ်ပါတယ်။

Root မပြုလုပ်သေးခင်
==============
ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ သင့်ဖုန်းမှာ bootloader ကိုတော့
Unlock လုပ်ထားပြီးသား ဖြစ်နေရပါမယ် အဲဒါမှ Cf-Root Tool ဖြင့်
 Root လုပ်နိုင်မှာပဲဖြစ်ပါတယ်။

ကွန်ပျူတာမှာလိုအပ်မယ့် USB Dirver ကို Install မပြုလုပ်ရသေးရင်တော့
အပေါ်မှာပေးထားတဲ့ ဒေါင်းလော့လင့်ရယူပြီး Install ပြုလုပ်ထားလိုက်ပါ။

ဖုန်းမှာ Settings > Developer Options > USB Debugging Mode ကို
တစ်ချက်ချင်း နှိပ်သွားလိုက်ပြီး Enable ပြုလုပ်ပေးထားလိုက်ပါ။

Root ရန်အတွက်လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ

Click Here to Download Odin

Samsung USB Driver for Windows

Download Here CF-Root package for the S5 SC-04F 

CF-Auto-Root  ဖြင့် Root လုပ်နည်း
======================
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က PDA ဆိုတဲ့နေရာမှာ CF-Auto-Root Files ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ Root Access ရရှိနေပါပြီ။

တကယ်လို့ Root ပြုလုပ်ရာတွင် အဆင်မပြေဖြစ်နေခဲ့ပါက
Odin ဗားရှင်းကိုပြောင်းပြီးပြုလုပ်ကြည့်လိုက်ပါ ဒီဖုန်းအတွက်
Odin 3.07 ကပိုအဆင်ပြေပါတယ် အဆင်မပြေခဲ့ရင်တော့
Odin 3.09 or the Odin 3.10 ကို ပြောင်းပြီး လုပ်ကြည့်လိုက်ပါ။


အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)

  www.ayekyaw.org

Post a Comment

0 Comments

Close Menu