Ad Code

Responsive Advertisement

AB သွေးသမားတွေဟာ....

မောင်(စွယ်စုံကျမ်း) with Coffee Chitthu.
AB သွေးသမားတွေဟာ....
~~~~~~~~~~~~~~~~~
 လူမှုဆက်ရေးနဲ့ပတ်သတ်ရင်( သို့ ) သူငယ်ချင်းတွေနဲ့ပတ်သတ်ရင်...
အားလုံးကို မျှတစွာ ဆက်ဆံတယ် ခွဲခြားဆက်ဆံတာမျိုးမရှိဘူး အယုတ်ဆုံးပြောရရင် ကျားမတောင် မခွဲခြားကြဘူး လူသားအားလုံးအပေါ် ကူညီတတ်တယ် ဖော်ရွေပါတယ် စကားပြောကောင်းပြီး လူကြီးလူကောင်း ဆန်တယ်ထင်ရပေမဲ့ သူငယ်ချင်းတွေနဲ့ တွေ့ရင် တကယ့် အပေါတစ်ယောက်လိုဘဲ သူအကဲဆုံးဘဲ ဟာသ အမြဲလုပ်တတ်တယ် သူအကြောင်းမသိတဲ့သူတွေဆို ရုပ်တည်ကြီးနေလို့ မာနကြီးတယ်ထင်ပြီး အမြင်ကတ်တယ် အချို့က ပေါပေါတောတောနေလို့ ကြည့်မရကြဘူး ဒါပေမဲ့ တဖတ်သား အားနည်းချက်ကိုတော့ ဟာသ မလုပ်ကြဘူး အမြဲရှောင်တယ် ။
သူတို့ကို တစ်ခါနုတ်ဆက်ရင် ဒါမှမဟုတ်ပြုံးပြရင် သူတို့က ဆယ်ခါနုတ်ဆက်ဖို့ ပြုံးပြဖို့ ဝန်မလေးဘူး သူတို့ကို လူရာမသွင်းသလို ခံစားရရင် တစ်ယောက်ထဲ ဝမ်းနည်းနေရော ဘယ်လောက်ဘဲသံယောဇဉ် ရှိခဲ့ရှိခဲ့ မကျေနပ်တော့ဘူးဆိုရင် ဓာတ်လှေကား အတူစီးနေတာတောင် မသိချင်ယောင်ဆောင်နေတတ်တယ် ။
အဲ အဲ့ဒီနေရာမှာ အဲဒီလူ တခုခုဖြစ်ကြည့်ပါလား သနားပြီး ကူညီိတတ်ကြပြန်ရော သူတို့ဟာ
အတော်လေး နားလည်ရခတ်တယ် အရမ်းအားနာ တတ်လို့ အကြွေးတွေ ဆုံးတာများတယ် ကိုယ့်ပစ္စည်းကိုတောင် ပြန်မတောင်ရက်ကြဘူး
အေး....သူတို့ မသဒ္ဓါရင်တော့ ရေတောင် မတိုက်ချင်ဘူး ။
 အချစ်ရေးနဲ့ ပတ်သတ်ရင်
အချစ်ကြီးတယ် နည်းနည်းအစွန်းရောက်ချင်တယ် ဒါပေမဲ့ သူတို့လောက် ပြန်မချစ်ပြရင်နေ နည်းနည်းလေးချစ်ပြရုံနဲ့ ကျေနပ်နေတတ်တယ် ဖြေသိပ်နိုင်တယ် သစ္စာ ဖောက်ရင် သတ်ပစ်ဖို့ဝန်မလေးဘူး သူတို့က အချစ်ကို တန်ဖိုးထားတယ် သူတို့ပျော်ရွှင်ဖို့အတွက် ချစ်တယ် ဆိုတဲ့ စကားကို လွယ်လွယ်မပြောတတ်ကြဘူး ။
သူတို့တကယ်ချစ်မိပြီဆိုလည်း သူတို့ကိုအသုံးချနေမှန်း သိရက်နဲ့ ခွင့်လွတ်နေကြပြန်ရော ကဗျာ ဆန်ဆန် တင်စားရရင် ဆရာလယ်တွင်းသားစောချစ်ရဲ့`` ...မျက်လုံးမှာအလွမ်း နုတ်ခမ်းမှာ မာန..." ဆိုတဲ့ ဝတ္ထုနာမည် တူကြတယ် အမြဲလွမ်းနေတတ်တယ်
အဲဒီနောက်မှာ မာနက ကပ်ပါနေတယ် သူတို့ကို မလိုတော့ဘူး ထင်တဲ့တနေ့ တွယ်ကပ်နေမှာတော့မဟုတ်ဘူး သူတို့မာနကဘဲ ဝမ်းနည်းလွယ်တဲ့ သဘောတရားကို ဖုံးကွယ်ထားတယ် ။
သူတို့အချစ်က စွဲမက်ဖို့ကောင်းသလိုကြောက်ဖို့လည်းကောင်းတယ် ။
 စည်းပွားရေးပတ်သတ်ရင်...
အကွက်မြင်တယ်
စနစ်တကျ စီမံခန့် ခွဲနိုင်တယ် သူတပါးအလုပ်ကို လုပ်ရတာထက် ကိုယ်ပိုင်အလုပ်ကိုဘဲ ပိုစိတ်ဝင်စားကြတယ် အရောင်းအဝယ်ကို ဝါသနာကြီးတယ် ကိုယ့်အားကို ကိုးတယ်ဆိုတာထက် သူများအောက် မကျို့ချင်တဲ့စိတ်က ပိုအားကြီးတယ် သူတို့ကစပြီးပြိုင်ရတာကို သိပ်ဝါသနာမပါဘူး ဖြစ်သလိုနေတတ်သလို အပျင်းလည်းကြီးချင်တယ် ဒါပေမဲ့ သူတို့ကို သွားပြိုင်ရင်တော့ လုံးဝ အကြောမခံဘူး အဲ့ဒါကတော့ နေရာမရွေးဘူး သူတို့ကို ခြေတက်နင်းမိရင် ခေါင်းပြန်နင်းရမှ ကျေနပ်တယ် ပြီးမှ ငါလွန်သွားသလားတွေးတယ် ။
 ဘဝနေထိုင်မှုပုံစံ
သဘာဝတရားကို အမြဲလက်ခံထားတဲ့သူတွေဖြစ်တဲ့အတွက် ဒေါင်ကျကျ ပြားကျကျ နေတယ် ဝတ်တယ် စားတယ် အသစ်အဆန်းကို စိတ်မဝင်စားလို့တော့ မဟုတ်ဘူး အဟောင်းလေးတွေအပေါ် သံယောဇဉ်တွယ်ပြီး မြတ်နိုးနေတဲ့အတွက် အသစ်ပေါ်တိုင်း ဝယ်မသုံးကြဘူး သူငယ်ချင်းတွေ မိသားစုဝင်တွေ အတင်းတိုက်တွန်းမှ ဝယ်ဖြစ်ကြတယ် ။
သူတို့ဟာ စုတ်တံ တဖတ် ဓားတဖတ်တွေ ဖြစ်တယ် နုရွပြီဆိုလည်း သိပ်ကို အနုပညာဆန်ပြီး
ကြမ်းတမ်းပြီးဆိုရင် ကျားနာတစ်ကောင်လို တရှူးရှူး တဒိုင်းဒိုင်းဘဲ သူတို့ ပန်းချီဆွဲနေတာ စာရေးနေတာ ကဗျာစပ်နေတာ ပန်းအလှထိုးနေတာကိုကြည့်ပြီး စိတ်ရှည်တယ်လို့ ထင်ရပေမဲ့
တခါတခါ ဘာမဟုတ်တဲ့ အဆင်မပြေတာလေးနဲ့ စိတ်တိုနေပြန်ရော ဒါပေမဲ့ အမှန်တရားကို နားလည်လွယ်သူတွေ ဖြစ်လို့ စိတ်တိုလည်း သိပ်မကြာပါဘူး ။
သူတို့ လုပ်ချင်ရင် မှန်တယ်ထင်ရင် ဘယ်သူ့မှ ဂရုမစိုက်ကြဘူး တဇွတ်ထိုးနိုင်တယ် သူတို့ကို ဟိတ်ကြီး ဟန်ကြီးနဲ့ သွားမပြောနဲ့ လုံးဝနာခံမှာ မဟုတ်ဘူး အရွဲ့ တိုက်ပြီး လုပ်ဖို့ဘဲ ရှိတယ် လျှော့ပြောကြည့်ပါလား ကြိုက်သလားမမေးနဲ့ ဘာပဲလုပ်ရလုပ်ရဘဲ ။
 သူတို့အကြောက်ဆုံးက
ကိုယ်ကျင့်စာရိတ္တနဲ့ ပတ်သတ်ပြီး အထင်လွဲမှာ အကြောက်ဆုံးဘဲ အသက်ချင်းလည်းဖို့ ဝန်မလေးဘူး ။
 ...ပြင်ဆင်သင့်သည့် အချက်များ...
♡ တအားကြီး တွေးပြီးမပူပါနဲ့...
အချိန်ကာလအားလျှော်စွာ သူဟာနဲ့သူ အဆင်ပြေသွားမှာပါ
♡ အရမ်းကြီး အားမနာပါနဲ့....
အကြွေးတွေဆုံးပေါင် များနေပြီ အကြောခံရပေါင်များနေပြီ သူများက အ တယ်လို့ အထင်ခံရတဲ့အထိပေါ့ ။
♡ အာရုံမများပါနဲ့...
တစုံတခုကိုဘဲ အရုံစိုက်ပြီး ပြီးပြက်အောင်လုပ်ပါ
ဟိုမရောက်ဒီမရောက် ဖြစ်တာ ခနခနဘဲ ။
♡ လူမူရေးနဲ့ စီးပွားရေး သက်သက်စီထားပါ ...
မိမိရဲ့ ခွင်လွတ်နိုင်မှု သီးခံနိုင်မှုတွေကြောင့်
လူယုံအသက်ခံရတတ်တယ် ဒီတခု နည်းနည်းစိတ်ချရပါတယ် မင်းတို့က ကွက်ကျော်မြင်တတ်ပြီး အကင်းပါးလို့ဘဲ ။
♡ အရမ်းကြီးမခံစားပါနဲ့...
လူတိုင်းဟာ ကိုယ်လိုမဟုတ်ဘူး တဖတ်လှည့်ပြီး
ဖျောက်ပစ်ပါ မျက်ရည်ကျပေါင်း များနေပြီ။
♡ ဖြစ်သလို မနေပါနဲ့...
ဖြစ်သလို နေရင်
နောင်အခါ နေချင်သလို မဖြစ်တော့ဘူး ။
အာလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍
~~~~ လိုရာဆန္ဒပြည့်ကြပါစေ ~~~
သုခိ အတ္တာနံ ပရိဟရ န္တု
သဗ္ဗေ သတ္တာ ကမ္မဿကာ
____/|\____
Credit & အလွမ်း သံစဉ် to A . B . AB . O သွေး အကြောင်း

Post a Comment

0 Comments

Close Menu