Ad Code

Responsive Advertisement

ဒေါ်စုနှင့် ဗိုလ်ချုပ်မှူးကြီးတို့ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေး

daw suu& min aung hlaing
တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေး ရရှိဖို့ ရှေ့ဆက်လက်လုပ်ဆောင်သွားမယ့် ကိစ္စရပ်တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက နေပြည်တော်ရှိ ပေါင်းလောင်းရိပ်သာမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပြီး ၁ နာရီကျော်ကြာ ဆွေးနွေးမှုအတွင်း အဲ့ဒီကိစ္စရပ် ၂ ခုကို ဆွေးနွေးခဲ့ကြတာလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။
“ထိုသို့တွေ့ဆုံရာတွင် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ထာဝရငြိမ်းချမ်းရေးရရှိရန် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း။”
ဒီနေ့တွေ့ဆုံပွဲကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒေါက်တာဇော်မြင့်မောင်နဲ့ ဒေါက်တာတင်မျိုးဝင်းတို့ တက်ရောက်ခဲ့ကြပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ တက်ရောက်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးတို့ အခုတွေ့ဆုံမှုဟာ ၃ ကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး တွေ့ဆုံမှုမတိုင်မီက အစိုးရဖွဲ့စည်းရေးကို အဓိကထား ဆွေးနွေးကြ လိမ့်မယ်လို့ ခန့်မှန်းပြောဆိုမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

Post a Comment

0 Comments

Close Menu