Ad Code

Responsive Advertisement

" အကောင်းဘက်က ရှု့မြင်တတ်သော လူများဖြင့် မိမိကိုယ်ကို ဝန်းရံပါ "


" Surround Yourself With Positive People "

*************************************
အကောင်းမြင်သမားဆိုတာ ကောင်းတဲ့ဘက်ကနေ ရှု့မြင်တတ်တဲ့ သူကို ခေါ်တာပါ။ ဥပမာတစ်ခုပြောရရင် - အကောင်းမြင်သမားတစ်ယောက် ကားမတော်တဆတစ်ခုဖြစ်ပြီး ဘယ်ဘက်လက်ကို ဖြတ်ပြစ်လိုက်ရတယ်။ သူက မျှော်လင့်ချက်တွေ ပြည့်ဝနေတဲ့ အသံတစ်ခုနဲ့ ဒီလိုပြောလိုက်တယ်။ " ကျွန်တော်အသက်ရှင်သေးတယ် ညာဘက် လက်တစ်ဖက်ရှိသေးတယ် ဘဝမှာ ကောင်းကောင်း ရှင်သန်လို့ရပ်သေးတယ်ဗျာ ..... " လို ပြောလိုက်ပါတယ်။
အကောင်းမြင်ဝါဒဆိုတာ ဖြစ်လာတဲ့ ပြဿနာကို လုံးလုံးလျားလျားလျစ်လျူရှု့ထားတာမျိုး မဟုတ်ပါဘူး။ ဆိုးရွားတဲ့ အခြေအနေ အနှောင်အယှက်တွေ မလွဲမသွေ ကြုံလာနိုင်တာကို နားလည်လက်ခံပြီး ကြုံတွေ့ရမှာ ရင်ဆိုင်နိုင်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်တဲ့ ကျွမ်းကျင်မှုနဲ့ စွမ်းရည်တွေရှိကြောင်း သတိထား ဂရုပြုနေတာ ဖြစ်ပါတယ်။ မိတ်ဆွေလုပ်ဆောင်နေရတဲ့ ကိစ္စက ခက်ခဲကောင်း ခက်ခဲနိုင်ပေမယ့် ကောင်းတဲ့ ဘက်က ရှု့မြင်ပြီး မျှော်လင့်ချက်ထားတတ်ဖို့ လိုပါတယ်။ သေချာပေါက်ရှိတဲ့ အခွင့်အလမ်းတွေကို ရယူဖို့ကြိုးစားတဲ့အခါမှာ လိုအပ်တဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ မျှော်လင့်ချက်ထားရှိမှုကို အကောင်းမြင်စိတ်က လှုံ့ဆော်ပေးတာ ဖြစ်ပါတယ်။ အလှပဆုံး သက်တန့်တွေဟာ မည်းမှောင်ပြင်းထန်တဲ့ မိုးသက်မုန်တိုင်းတွေပြီးမှ နေရောင်ခြည်နဲ့အတူ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
အဆွေပေါင်းသင်းတဲ့ အပေါင်းအသင်းကောင်းသလို အသင်လည်း ကောင်းနိုင်ပါတယ်။ စိတ်ပျက်စရာ ကောင်းတဲ့ လူတွေနဲ့ ပေါင်းသင်းမိရင် ပြုံးဖို့အကွက်လေးတောင် မနည်းရှာကြံ နေရမှာပါ။ မိတ်ဆွေတာဝန်က အဲ့ဒီလို လူတွေကို တတ်နိုင်သမျှ ရှောင်ကျဉ်ဖို့ပါ။ အကောင်းဘက်က ရှု့မြင်တတ်တဲ့ သူငယ်ချင်းတွေနဲ့ ပေါင်းသင်းမှသာ မိတ်ဆွေလည်း အကောင်းမြင်စိတ်ကို ပိုမိုထောက်ကူပေးပါလိမ့်မယ်။
ဒီသဘောတရားက တချို့တွေ သုံးစွဲတတ်တဲ့ လက်စွဲစကားလေးတစ်ခွန်းလိုပါ။ "လင်းယုန်ငှက်တွေနှင့်အတူ တစ်ဟုန်ထိုး ပျံသန်းသွားချင်ရင် ဘဲတွေနဲ့ အချိန်ဖြုန်းနေတာကို ရပ်တန့်လိုက်ဖို့ လိုပါတယ် " ။
အကောင်းမြင်စိတ်ဟာ လေ့လာသင်ယူလို့ရတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပြီး ခိုင်ခိုင်မာမာလည်း ကူးစက်ဖြစ်ပေါ်တတ်ပါတယ်။ မိတ်ဆွေကို အကောင်းမြင်စိတ်တွေ ဖြစ်ပေါ်တတ်တဲ့ အပေါင်းအသင်းတွေနဲ့ ရှာပေါင်းပါ။ အပြန်အလှန်အားဖြင့် မိတ်ဆွေကိုယ်တိုင်ကလည်း အကောင်းမြင်စိတ်တွေ ဖြန့်ဝေပေးနေတဲ့ မိတ်ဆွေကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားပါ။ တခြားလူတွေကိုလည်း ကောင်းတယ်လို့ခံစားမိတဲ့ စိတ်ထားတစ်ခုကို မျှဝေလိုက်တာဟာ လန်းဆန်းတက်ကြွလာစေမယ့် ဆေးတစ်ခွက်ကို သောက်လိုက်တာနှင့် သဏ္ဍန်တူပါတယ်။
အကောင်းမြင်စိတ်ရှိသူတွေ ဖြစ်နိုင်ကြပါစေဗျာ...........
ကျေးဇူးတင်စွာဖြင့် -
( ရေနံ့သာ ဇော်ဇော်မြင့် )

Post a Comment

0 Comments

Close Menu