Ad Code

Responsive Advertisement

စာဖတ် လွန်သည့် ကျောင်းသား ရဲများက ထိန်းသိမ်းရ

Moe Nat Minn
စာဖတ် လွန်သည့် ကျောင်းသား ရဲများက ထိန်းသိမ်းရ
=====================================
>:< ဗြိတိန်နိုင်ငံ ကျောင်းတစ်ကျောင်းမှ ရဲအဖွဲ့ကို စာစွဲလမ်းလွန်းသည့်
ကျောင်းသားတစ်ယောက်အား စာကြည့် တိုက် အတွင်းမှ ထုတ်ပေးပါရန်
အကြောင်းကြားသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။
ဂျမေး ဂါလီယာ ဒီ အ မည်ရှိ ၁၈ နှစ်အရွယ် ကျောင်းသားတစ်ဦးသည် အင်္ဂလန်နိုင်ငံ
တောင်ပိုင်း အိုင်ဖီး ကွန်မြူနတီကောလိပ် မှ ကျောင်းသားတစ်ဦးဖြစ်ပြီး ကျောင်းစာ
ကြည့်တိုက်အတွင်းမှ မထွက်တန်း စာကြည့် နေသောကြောင့် ကျောင်းအာဏာပိုင်
များက ရဲအဖွဲ့ထံ အကူအညီတောင်းရခြင်းဖြစ်သည်။
ဂါလီ ယာ ဒီ သည် စာကို အလွန်အမင်း ကြိုးစားသူတစ်ယောက်ဖြစ်ပြီး၊ ဆရာများ
စိတ်ထဲတွင် ငြိုငြင် ရလောက်အောင် စာဖတ်နေကြောင်း၊ သူသည် ကျောင်းပြီးလျှင်
လည်း စာကြည့်တိုက်ထဲသွားကာ စာ ဖတ်နေတတ်ကြောင်း၊ သူ့ကို ဆရာများ က
ထိုသို့မလုပ်ရန် တောင်းပန်သော်လည်း သူက လူတော် တစ်ယောက်ဖြစ်ရန် ကြိုးစား
နေကြောင်းပြောကာ အိမ်ပြန်ခိုင်းသည်ကို ငြင်းဆန်ကြောင်း၊ ကျောင်းစာကြည့်တိုက်
ထဲမှ မထွက်ဘဲ စာကြည့်နေသဖြင့် ကျောင်းအုပ်ကြီးကိုယ်တိုင် အရေးပေါ်
အစည်းအဝေးခေါ်ကာ ဆရာများနှင့် တိုင်ပင် ခဲ့ရကြောင်း သိရသည်။
ကျောင်းအုပ်ချုပ်ရေး ဒါရိုက်တာ တစ်ဦးက
“သူ့ကို သွားပြောတော့လည်း ကျယ်ကျယ်လောင်လောင်နဲ့ အော်ထုတ်တယ်” ဟု
ပြောကြားသည်။
ဂါလီယာဒီသည် ကျောင်းတွင် အတော်ဆုံးဖြစ်ရန် ကြိုးစားအားထုတ်နေပြီး၊
လက်ရှိအနေအထား တွင်လည်း ဘာသာရပ်ဆိုင်ရာ ရမှတ်များအနေအထား
ကောင်းမွန်ကြောင်း၊ သို့သော် စာကြည့်တိုက်ထဲမှ မထွက်ဘဲ စာဖတ်နေမည်ဆိုခြင်းက
ကျောင်းရှိ အုပ်ချုပ်သူနှင့် ဆရာများကို စိတ်အနှောင့်အယှက် ဖြစ်စေကြောင်း
ပြောကြားသည်။
ရဲတပ်ဖွဲ့မှ ထိုကျောင်းသားကို စာကြည့်တိုက်ထဲမှ
ဖယ်ရှားပေးမည်ဖြစ်သော်လည်း အရေးမယူပါဟု ပြောကြားခဲ့သည်။
From:မောက္ခ
Myanmar Daily Star Group
link -
http://www.crawleynews.co.uk/…/story-16419917-de…/story.html

Post a Comment

0 Comments

Close Menu