Ad Code

Responsive Advertisement

ဘဝမှာ......... အောင်မြင်သူတွေနည်းပါးပြီး ကျရှုံးသူတွေများ နေရခြင်းမှာ အဘယ့်ကြောင့်နည်း....

Nay Yar Thit to စာပေ ၀ါသနာရှင်များ
ဘဝမှာ.........
အောင်မြင်သူတွေနည်းပါးပြီး ကျရှုံးသူတွေများ
နေရခြင်းမှာ အဘယ့်ကြောင့်နည်း....
ဘဝကို အံတုနိုင်သည့် ဇွဲ ၊ လုံ့လ ၊ ဝိရိယတို့
ကွာခြားသွားခြင်းကြောင့် ဖြစ်သည်...
ကျွန်တော်တို့လဲကျသောနေရာတွင် ဘဝကို
အရှုံးပေးပြီး ပြန်မထနိုင်သောသူတွေ ဘယ်
လောက်များ များနေခဲ့ပြီလဲ....
ခါးသီးသော အရှုံးများ၏ နောက်ကွယ်တွင်
ချိုမြိန်မှုများက အဆင့်သင့်စောင့်ကြိုနေခဲ့
သည်ကို ကျွန်တော်တို့သတိမမူဖြစ်ခဲ့....
ပြီးသွားပြီဟူသော စိတ်ဖြင့် ဘဝကန့်လန့်ကာ
ကို ချလိုက်မည်ဆိုပါက လက်တကမ်းတွင်ရှိ
နေပါသော ချိုမြိန်မှု အသီးအပွင့်များကို
ခူးဆွတ် စားသုံးနိုင်ခွင့် မရှိတော့ပေ...။
မိတ်ဆွေ..သင်အခါတရာလဲလျှင် အခါတရာ
ပြန်ထနိုင်ရမည်...မည်သူမဆို ကိုယ့်တရား
ကို ကိုယ်စီရင်ခွင့်ရှိသည်...
ကံကြမ္မာက စီရင်ခြင်းမဟုတ်...။
စိတ်ပျက်အားလျော့မှုများကို ကံကြမ္မာဟူသည့်
ဘောင်ထဲတွင် အကျဉ်းချလိုက်ခြင်းသာ ဖြစ်
သည်..။
လဲပါစေ..ပြန်ထကြမယ်...
ရှုံးပါစေ...နိုင်အောင် တိုက်မယ်...
ဘဝ၏ လက်ကျန် အချိန်တွေအတွင်းမှာ
ကျွန်တော်တို့ပြန်ထကြပါစို့ဗျာ...။
မူရင်းပုံ..credit. နေရာသစ်

Post a Comment

0 Comments

Close Menu