Ad Code

Responsive Advertisement

အစပ်များ စားခြင်းဟာ စောစော သေဖို့ အခွင့်အလမ်း နည်းစေ

Lwin Pyin
အစပ်များ စားခြင်းဟာ စောစော သေဖို့ အခွင့်အလမ်း နည်းစေ
---------
နေ့စဉ် အစပ် အရသာ ရှိတဲ့ အစားအစာ တွေစားသုံးသူတွေဟာ စောစောသေဖို့ အခွင့်အလမ်း နည်းတယ်လို့ သုတေသီတွေက ဆွေးနွေးထားပါတယ်။
သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့ကြတာကတော့ အစပ်ပါတဲ့ အစားအစာတွေဟာ ကင်ဆာ ၊ နှလုံးရောဂါ နဲ့ အသက် ရှုခြင်းဆိုင်ရာ ပြသနာ တွေကြောင့် သေနိုင်ခြင်းကို လျှော့ချပေးနိုင်တယ်ဆိုတာပါပဲ။
အသက် အရွယ် အလယ်အလတ် ရှိတဲ့ လူဦးရေ ၅၀၀,၀၀၀ ယောက်ခန့်ကို လေ့လာခဲ့ရာမှာတော့ နေ့စဉ် (သို့) ၂ ရက်ကို တစ်ခါ အစပ်ပါတဲ့ အစားအစာတွေစားသုံးသူတွေဟာ အစပ်မစားတဲ့ သူတွေထက် ပိုပြီး သတ်မှတ်ချိန်ထက် စောစွာ သေနိုင်ချေနည်းတယ်ဆိုတာကို ထိုလေ့လာမှုက ပြသလိုက်ပါတယ်။
ငရုတ်သီးတွေမှာပါတဲ့ Capsaicin ဆိုတဲ့ ဓါတုဗေဒ တစ်မျိုးဟာ - အ၀လွန်ခြင်းကို ကာကွယ်ပေးခြင်း ၊ အန်တီ အောက်ဆီးဒန့်စ်ဖြစ်စေခြင်းနဲ့ ကင်ဆာရောဂါတို့ကို တိုက်ခိုက်နိုင်ခြင်းစတဲ့ အစွမ်းသတ္တိတွေရှိနေပါတယ်။
ဗြိတိန်ဆေးဝါးဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ ထို သုတေသနဟာ တရုတ်လူဦးရေ ၅ သိန်းခန့်ကို အခြေခံပြီးလေ့လာထားတာပဲ ဖြစ်ပါတယ်။ ထို တရုတ်လူမျိုးတွေရဲ့ အသက်အရွယ်ကတော့ အသက် ၃၀ ကနေ ၇၉ နှစ်ကြားမှာ ရှိနေပါတယ်။ သူတို့ဟာ ထို တရုတ်လူမျိုး တစ်ယောက်ချင်းစီကို ၇ နှစ်အကြာမှာ သူတို့ ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ၊ စားသုံးတဲ့ အစားအစာတွေအကြောင်းထပ်မံ မေးမြန်းကြည့်ခဲ့ပါတယ်။ ထိုအချိန်မှာ သူတို့ထဲက ၂၀၂၂၄ ယောက်ကတော့ သေဆုံးသွားကြပြီဖြစ်ပါတယ်။
အောက်စ်ဖို့ တက္ကသိုလ်က သုတေသီတွေ ၊ ဟားဗတ်ဒ် ပြည်သူ့ ကျန်းမာရေးကျောင်းက သုတေသီတွေနဲ့ ၊ တရုတ်နိုင်ငံက ဆေးပညာ သိပ္ပံ အကယ်ဒမီ ကျောင်းက သုတေသီများအားလုံးက ၊ တစ်နေ့ကို တစ်ကြိမ် (သို့ ) ၂ ရက်ကို တစ်ကြိမ် အစပ်စားသုံးခဲ့သူတွေဟာ တစ်ပတ်ကို တစ်ကြိမ်ခန့်သာ အစပ်စားသုံးသူတွေထက် ၁၄ ရာခိုင်နှုန်း စောပြီး သေနိုင်ချေနည်းတယ်ဆိုတာကို တွေ့ရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။
( Mario ) - သစ်ထူးလွင်
Ref : Dailymail

Post a Comment

0 Comments

Close Menu