Ad Code

Responsive Advertisement

“ကြိုးစားရင် ကြိုးစားသလာက် ကံကောင်းလိမ့်မယ် ”

မင်္ဂလာပါသူဌေးမင်းကြီး
“ကြိုးစားရင် ကြိုးစားသလာက် ကံကောင်းလိမ့်မယ် ”
ကျွန်တော် အလုပ်မနားရဲဘူး
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့မှာစုထားတဲ့ငွေမရှိလို့ပဲ
ကျွန်တော်ပင်ပန်းတယ်လို့ မပြောရဲဘူး
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် လုပ်လက်စ အလုပ်တွေမပြီးသေးလို့ပဲ
ကျွန်တော်အပျင်းမကြီးရဲဘူး
ဘကြောင့်လဲဆိုတော့ ကျွန်တော် ထက်သာတဲ့သူတွေတောင် ကျိုးစား နေကြဆဲမို့ပါ
ကျွန်တော်မှာ ရွေးစရာလမ်းတွေ အများကြီး
ဒါပေမဲ့ ရွေးပြီး သားလမ်းကိုတော့ ဘယ်တော့မှ မပစ်ဘူး
ဘယ်သူဘယ်လောက်ပဲ ကျွန်တော်ကိုမကောင်းဘူးပြောပြော
အချိန်တန်တော့သူ့ ဖာသာသူ နားလည်သွားပါလိမ့်မယ်
စိတ်ထဲမှာ လာထည့်ထား နေစရာမလို ပါဘူး
ကိုယ်ဘယ်သူ့အပေါ်မှာမှ အကြွေးမတင်ရင်တော်ပါ ပြီ
.......................
စိတ်အေးအေး ထားတက်အောင်ကြိုးစားပါ
လူ့ဘဝဆိုတာ အတက်ရှိသလို အဆင်းလဲရှိ တတ်ပါတယ်
သူများတွေကို လိုက်ပြီး ကဲ့ရဲ့နေစရာလဲ မလိုပါဘူး
ဘဝကပေးတဲ့သင်္ခန်းစာ တွေကိုကြေညှက်လေလေ
ကိုယ်က ကံကောင်းလေလေပါပဲ
.....................
လူ့လောကကြီးမှာ ဘယ်အလုပ်မှ မပင်ပန်းဘူးဆိုတာ မရှိပါဘူး
မရှုပ်ထွေးတဲ့ မိသားစု အသိုင်းဝိုင်း ဆိုတာလဲ မရှိပါဘူး
ကျွန်တော်ရွေးချယ်တဲ့လမ်းကတော့ လုံးလ ဝိရိယ ဇွဲ ဆိုတဲ့ လမ်းကိုပါပဲ
ကျွန်တော်ဘယ်သူကိုမှ မနာလိုမဖြစ်ပါဘူး ဒီအခြေအနေထိရောက်ဖို့
ဘယ်လောက်ထိ နေ့မနားညမနားလုပ်ခဲ့လဲ ဆိုတာပဲ မေးကြည့် လိုက်ပါ
လူတိုင်း လူတိုင်း လည်းလွတ်လပ် မှု့ကိုလိုချင်ကြ မှာပါပဲ
အလုပ်မလုပ်ပဲ အိမ်မှာထိုင်စားနေတဲ့သူ ကို တောင်မေးကြည့် လိုက်ပါ
သူတို့လည်း သူတို့အပူနဲသူတို့ပါ
ပစ္စည်းဥစ္စာ ကိုယ်ပိုင် လုပ်ငန်းနဲ့ ကိုယ်ရဲ့ ခန္ဓာကိုယ် ဘယ်အရာမဆို တန်ဖိုးရှိအောင်သုံးပါ
ဒါကြောင့်ဘယ်သူ့ကိုမှ မနာလိုစရာအကြောင်းမရှိဘူး
........................
လူဘဝက တိုတိုလေးပါ ဘာမှပြိုင်စရာမရှိပါဘူး
ကိုယ်ဘယ်လောက် ကုသိုလ်တွေလုပ်ပြီးပြီလဲ
ဆိုတာပြန်ဆန်းစစ်ကြည့် လိုက်ပါ
လူတိုင်းလိုင်းဟာ သူလိုကိုယ့်လိုပဲ ဒါကြောင့် တယောက်နဲ့တယောက်
သဘောထားကြီးကြီးထားပါ
မောင်နှမလိုဆက်ဆံပါ
အားပေးအပြုံးလေးတွေပေးပါ
ဒီလို ဆိုရင်တော့ လောကကြီးက ပျော်စရာကြီးပါ
.............................
ဖေးဘုတ်ကိုစာသင်ခန်းအဖြစ်ပြောင်းလဲကြစို့
Change your brain ,Change your life.

Post a Comment

0 Comments

Close Menu