Ad Code

Responsive Advertisement

နာမည်ကျော်တွေ ညတိုင်းလုပ်တဲ့ အလေ့အကျင့် (၅) ခု


မိနစ် ၂၀ လောက် လမ်းပြင်းပြင်းထန်ထန်လျှောက်ပါ။
အိုဘားမား

ညနေရောက်ရင် နောက်တစ်နေ့လုပ်ရမယ့်ကိစ္စတွေကို ကြိုတင်အစီအစဉ်ချ သုံးသပ်တာဖြစ်ပါတယ်။ ဒီအကျင့်ကိုလုပ်တဲ့လူတွေထဲမှာ သမ္မတအိုဘားမားက နာမည်ကြီးပါတယ်။ သူက လုပ်ငန်းသဘာဝကြောင့်လုပ်တာလည်း ဖြစ်နိုင်ပေမဲ့ လူတိုင်းလုပ်သင့်တဲ့ အကျင့်တစ်ခုဖြစ်ပါတယ်။

ဗီယမ်ဝမ်
play



ဖက်ရှင်ဒီဇိုင်နာ ဗီယမ်ဝမ်ကတော့ ညရောက်လို့အလုပ်တွေပြီးရင် အီးမေးလ်စစ်ပါတယ်။ နောက်ပြီးရင်တော့ သူ့လုပ်ငန်းဒီဇိုင်းနဲ့ပက်သက်ပြီး လွပ်လွပ်လပ်လပ်စဉ်းစားတာဖြစ်ပါတယ်။ ဒီအကျင့်ကလည်း မွေးမြူသင့်ပါတယ်။ ကိုယ့်ရဲ့ဖန်တီးမှုစွမ်းရည်ကို လုပ်ငန်းသဘာဝတွေက ချုပ်နှောင်ထားတတ်တာကြောင့် ဒီလိုမျိုးလွပ်လွပ်လပ်လပ်စဉ်းစားတဲ့အကျင့်ရှိသင့်ပါတယ်။

ဂျိုးဂတ်စကွိုင်
play



မိနစ် ၂၀ လောက်လမ်းလျှောက်တာဖြစ်ပါတယ်။ စိတ်ကိုလွတ်ချထားလိုက်ပြီး မိနစ် ၂၀ လောက် လမ်းပြင်းပြင်းထန်ထန်လျှောက်သင့်ပါတယ်။ ဒီအကျင့်ကို Buffer စီးအီးအို ဂျိုးဂတ်စကွိုင်ကလုပ်ပါတယ်။

ဘီလ်ဂိတ်
play



မိုက်ကရိုဆော့ဖ်သူဌေးကြီး ဘီလ်ဂိတ်ကတော့ တစ်နာရီလောက်စာဖတ်ပါတယ်။ စိတ်ဖိစီးမှုကိုပြေပျောက်သလို ဆန်းသစ်တဲ့အိုင်ဒီယာသစ်တွေလည်း ပေါ်ပေါက်လာတယ်လို့ ဆိုပါတယ်။

ဟက်ဖင်တန်
play



လုပ်စရာရှိတာတွေကို အကုန်အပြီးအပြတ်လုပ်ပြီးသွားတဲ့အခါ ဖုန်းကိုပိတ်ထားပါတယ်။ ဒါကတော့ နာမည်ကျော် Huffington ဝက်ဘ်ဆိုက်ကိုတည်ထောင်သူ အေရီယာနာဟက်ဖင်တန်လုပ်တဲ့ အလေ့အကျင့်ဖြစ်ပါတယ်။

Photos & Source: LifeHack
Credit: duwun

Post a Comment

0 Comments

Close Menu