တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည် ချောင်ကျသော ရွာတစ်ရွာသို့သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစ်စီးငှါးပြီး မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။
လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား...
"ခင်းဗျား သင်္ချာဗေဒတတ်သလား":
"ကျနော်မတတ်ပါဘူး ""ရူပဗေဒ တတ်သလား""
"ဒါလည်းမတတ်ပါဘူး""
"ဒါဆိုရင် ခင်ဗျား ကွန်ပျူတာ သုံးတတ်သလား"
"စိတ်မကောင်းပါဘူး ...ဒါလဲ ကျနော်မသုံးတတ်ဘူး"ဆရာမှာ ခေါင်းခါပြီး
"သင်္ချာမတတ်ရင် လူ့ဘဝရဲ့ ၆ပုံ၂ပုံကို ခင်ဗျား ဆုံးရှုံး မယ်"
"ရူပဗေဒ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံး၁ပုံကို ဆုံးရှုံးမယ်"
"ကွန်ပျူတာ မတတ်ရင် လူ့ဘဝရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်"
"ခင်ဗျားရဲ့ ဘဝ၆ပုံ၎ပုံဟာ ဆုံးရှုံးသွားပြီပဲ..."
ထိုခဏအတွင်း ရာသီဥတု ပြောင်းပြီ ကောင်းကင်တွင် တိမ်ညိုများတက်လာသည်။

မကြာခင် မိုးသက်လေပြင်း ကျရောက်တော့မည်။
ထိုအခါ လှေသမားက ဆရာအား " ခင်ဗျားရေကူးတတ်သလား"ဟု မေးလိုက်သည်။
ဆရာက ခဏမျှ ဆွံအပြီး" ကျနော်မကူးတတ်ဘူး တစ်ခါမှ မသင်ဖူးဘူး"ဟု ပြန်ဖြေလေသည်။လှေသမားမှာ ခေါင်းကိုသွင်သွင် ရမ်းပြီး.."ဒါဆိုရင် ခင်ဗျားရဲ့ ဘဝ၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ်" ဟု ပြန်ဖြေခဲ့သည်။

သတိ..
လူတယောက်ဟာ ကိုယ့်ရဲ့အဆင့်အတန်း ကိုယ့်ရဲ့စံချိန်နဲ့ အခြားလူတစ်ယောက်ကို သွားတိုင်းတာလို့ မရပါဘူး။
ပုံပြင်ထဲက ဆရာဟာပညာရှင်တစ်ဦးပါ။ သူ့ဘဝမှာ သင်္ချာ၊ ရူပ၊ ကွန်ပျူတာ ပညာတွေသာ အရေးကြီးတယ်လို့ ထင်နေသူပါ။
ဒါဟာ ပညာရှင်တွေရဲ့ အယူအဆပါ။ လှေးသမားအတွက်ကတော့ သူ့အတွက် ဒီပညာမတတ်လဲ ဘာမှမဖြစ်ဘူး ။
အရေးကြီးတာက သူ့အတွက် "ရှင်သန်"ဖို့ အားအင်တွေ ရှိနေဖို့ပါ။

ဒါပေမယ့် အရေးကြုံလာတဲ့ အချိန်မှာ ဆရာတတ်ထားတဲ့ ပညာဟာ ဘာမှအသုံးမဝင်ခဲ့ဘူး။ လှေမှောက်သွားရင် ရေကူးတတ်တဲ့ လူသာ အသက်ရှင်ခွင့်ရမှာပါ။
တစ်ပါးသူကို အထင်မသေးပါနဲ့ ငါ"ဆိုတဲ့ ကိုယ့်စံနူန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။

ကျနော့်ရဲ့ အရည်အချင်း သူ့မှာမရှိသလို
သူ့ရဲ့အရည်အချင့်လဲ ကျနော့်မှာ မရှိဘူး ဆိုတာကို ဘယ်တော့မှ မမေ့ကြပါနဲ့။ ပေါက်@@@@

0 Comments
You are welcome to share your ideas with us in comments! (မှတ်ချက်များပေးရာတွင် သင်၏အကြံဉာဏ်များကို ကျွနိုပ်တို့နှင့် မျှဝေရန် ကြိုဆိုပါသည်။)
Emoji