Ad Code

Responsive Advertisement

ဘန်ကောက်ဗုံးခွဲမှု တရားခံများကို ပထမဆုံးအကြိမ် ရုံးထုတ်စစ်ေဆး

640_bej8hb7dffa7kbaadhghg

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် သြဂုတ်လက ဘန်ကောက်ဧရာဝဏ်နတ်ကွန်းနဲ့ ဆာထွန်းလှေဆိပ်အနီး ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ ဖမ်းဆီးချုပ်နှောင်ထားတဲ့ တရားခံတွေကို ထိုင်းစစ်ခုံရုံးက ဒီကနေ့ ဖေဖော်ဝါရီလ ၁၆ ရက် မနက် ၉ နာရီ မှာ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးပါတယ်။
နောင်ကျောက်မြို့နယ် ဖူးလ်အာနန်တိုက်ခန်းမှာ ဖမ်းမိထားတဲ့ တူရကီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ အာဒင် ခါရာဒတ် ခေါ် ဗီလာဒစ် မိုဟာမက်နဲ့ ကမ္ဘောဒီးယားနယ်စပ် ဆာကျေက်ခရိုင်မှာ ဖမ်းမိတဲ့ တရုတ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ မိုင်လိုင်လီ ယူဆူဖူတို့ ၂ ဦးကို စစ်ဆေးခဲ့တာပါ။
ဒီကနေ့ စစ်ဆေးမှုမှာ ဧရာဝဏ်နတ်ကွန်းအနီး ဗုံးချထားခဲ့တဲ့ အကျီအ၀ါရောင်ဝတ်ဆင်သူလို့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ အာဒင်က သူဟာ ဗုံးခွဲမှု ကျူးလွန်ခြင်းမရှိကြောင်း၊ အမှတ် ၁၁ တိုင်းစစ်ဌာနချုပ်မှာ ချုပ်နှောင်ထားခံရစဉ်က ရိုက်နှက်စစ်ဆေးခံထားရတဲ့အတွက် ၀န်ခံခဲ့တာ ဖြစ်ကြောင်း သူတို့ရှေ့နေကတဆင့် ပြန်လည်ငြင်းဆိုလိုက်ပါတယ်။
ဒါပေမယ့် ထိုင်းရဲချုပ် ကျကထစ်ပ် ချိုင်းကျင်းတားကတော့ ငြင်းဆိုတာဟာ တရားခံတွေရဲ့ အခွင့်အရေးဖြစ်ပြီး တာဝန်ရှိသူတွေကတော့ တရားခံကို ညှဉ်းပန်းစစ်ဆေးမှု မရှိခဲ့သလို တရားခံမှ ကျူးလွန်ကြောင်း ခိုင်လုံတဲ့သက်သေအထောက်အထားတွေ ရှိတယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။
၂၀၁၅ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ညက ဘန်ကောက်မြို့လည် ရာ့ခ်ျပဆုန်လမ်း ဧရာဝဏ်နတ်ကွန်းအနီး ပေါက်ကွဲမှုကြောင့် လူပေါင်း ၂၀ သေဆုံးပြီး ၁၂၃ ဦး ဒဏ်ရာရ ခဲ့ပါတယ်။ ဆာထွန်းလှေဆိပ် ပေါက်ကွဲမှုမှာတော့ သေဆုံးဒဏ်ရာရသူ မရှိပါဘူး။
http://burmese.dvb.no/archives/135633

Post a Comment

0 Comments

Close Menu