Ad Code

Responsive Advertisement

၁၆ နှစ်သမီးလေး ပျောက်နေလို့ တွေ့ရင် သတင်းပေးပို့အကြောင်းကြားပါရန် ရန်ကုန်၊ ဖေဖော်ဝါရီ ၇

၁၆ နှစ်သမီးလေး ပျောက်နေလို့ တွေ့ရင် သတင်းပေးပို့အကြောင်းကြားပါရန်
ရန်ကုန်၊ ဖေဖော်ဝါရီ ၇
မရမ်းကုန်းမြို့နယ်၊ မြို့ပြအိမ်ရာအနောက်ဘက်ခြမ်း၊ (၄)ရပ်ကွက်နေ
ဒေါ်မြတ်မြတ်မိုးမှ ၎င်း၏သမီးဖြစ်သူ မဖြူဖြူခန့် (၁၆)နှစ်သည် ၇.၂.၂၀၁၆
ရက်နေ့ ၁၁၃၀အချိန် နေအိမ်မှကျူရှင်သို့ ထွက်သွားပြီး ကျူရှင်ဆင်းချိန်တွင် သွားရောက်ကြိုရာ မတွေ့ရှိဘဲပျောက်ဆုံးနေသဖြင့် လှိုင်မြို့မ ရဲစခန်းသို့
လူပျောက်ရေးဖွင့်တိုင်တန်းလာခဲ့ပါသည်-
တိုင်တန်းချက်အရ လှိုင်မြို့မရဲစခန်းမှ လူပျောက်အမှတ်စဉ် (၈/၂၀၁၆)ဖြင့်
ရေးဖွင့်ကာ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ရှိ ရဲစခန်းများသို့ ပျောက်ဆုံးသူ၏
မှတ်တမ်းဓာတ်ပုံများပေးပို့ စုံစမ်းဆောင်ရွက်လျက်ရှိ ပါသည်။
ယင်းသို့ပျောက်ဆုံးနေသူမှာ ဓာတ်ပုံတွင်ဖော်ပြထားသူဖြစ်ကြောင်းသိရှိရပြီး ၎င်းပျောက်ဆုံးမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ စုံစမ်းရှာဖွေလျက်ရှိရာတွင်
အမြန်ဆုံးတွေ့ရှိနိုင်ရေးအတွက် ပြည်သူ များမှလည်း ၎င်းနှင့်ပတ်သက်
သည့် သတင်းတစ်စုံတစ်ရာရရှိပါက အောက်ပါဖုန်းနံပါတ်များသို့
သတင်းပေးဆက်သွယ်ကူညီနိုင်ပါရန် ဖော်ပြအပ်ပါသည်-
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၂၃၀၀၇၄၇
အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး- ၀၁ ၂၄၅၂၆၃၊ ၀၁-၂၄၅၂၆၀၊ ၀၁- ၃၈၆၆၉၄
လှိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၅၁၉၅၃၂
လှိုင်မြို့မရဲစခန်း - ၀၁ ၅၁၉၅၃၁

Post a Comment

0 Comments

Close Menu