Ad Code

Responsive Advertisement

ဒဂုံ-ဧရာ အဝေးပြေးဝင်း အရှေ့ဘက်ရှိ ကျူးကျော်တဲ၌ နေထိုင်သူများအား လူတစ်စုက ၀င်ရောက်တိုက်ခိုက်


ရန်ကုန် ဖေဖော်ဝါရီ ၂၇

ရန်ကုန်တိုင်းဒေသကြီးတွင် မြေ ယာပြဿနာ အများဆုံးဖြစ်ပွားသော လှိုင်သာယာမြို့နယ်၌ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၄ နာရီခွဲက ဒဂုံ-ဧရာအဝေးပြေးဝင်း အရှေ့ဘက် ဝါဝါဝင်းကုမ္ပဏီဝင်း အပြင်ဘက် တွင်ရှိသည့် ကျူးကျော်တဲ၌ နေထိုင် သူများကို လူတစ်စုက အော်ဟစ်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် သုံးဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သဖြင့် အင်းစိန် ပြည်သူ့ဆေးရုံကြီး၌ ပို့ဆောင်ကုသလျက်ရှိကြောင်း သိ ရသည်။

''နံနက် ၄ နာရီခွဲမှာ တုတ်၊ ဓားကိုင်ထားတဲ့လူ ၁၅ ဦး ရောက်လာ ပြီး အော်ဟစ်ကြိမ်းမောင်းကာ တဲတွေ ကို လေးခွနဲ့ပစ်တယ်။ ထွက်ကြည့်တဲ့ လူ၊ လမ်းပေါ်ရှိတဲ့လူတွေကို တုတ်နဲ့ ရိုက်၊ ဓားနဲ့ခုတ်တယ်။ အမျိုးသားက မနက်ဈေးရောင်းဖို့ မုန့်ဟင်းခါးချက် နေတုန်းမှာ လူသုံးဦး ဝင်လာပြီး ဆွဲထုတ်သွားတယ်။ ကန်ကျောက် ကာ ဓားနဲ့ခုတ်လို့ လက်နှစ်ဖက် စလုံးထိခိုက်ပြီးတော့ ဘယ်လက် ပြတ်လုနီးနီး ဖြစ်ခဲ့တယ်။ ဘယ်လို မှတောင်းပန်လို့ မရဘူး။ ကလေး ငါးယောက်ကို ထိမှာစိုးလို့ အိမ်ခန်း ထဲမှာ ပုန်းခိုင်းထားရတယ်။ လူမိုက် အဖွဲ့တွေ ပြန်သွားမှ အမျိုးသားကို ဆေးရုံပို့ရတယ်။ လမ်းမှာသွေးလွန် ပြီး မေ့သွားသေးတယ်။ တစ်ခါမှ ဒီလိုမကြုံဖူးတော့ အားလုံးတုန်လှုပ် နေကြတယ်။ ကလေးတွေစာမေးပွဲပြီး ရင်ပြောင်းရွှေ့ပေးမယ်လို့ ပြောပေ မယ့် အတင်းဝင်ပြီး အော်ဟစ် တိုက်ခိုက်ကြတာပါ'' ဟု ဒေါ်ဝင်း မြင့်က ပြောသည်။

ဖေဖော်ဝါရီ ၂၄ ရက်က အဆိုပါကျူးကျော်တဲများသို့ လူတစ်စု လာရောက်ကာ တဲတစ်လုံးလျှင် ငွေကျပ် နှစ်သိန်းနှစ်သောင်းပေးမည် ဖြစ်ပြီး အမြန်ပြောင်းရွှေ့ပေးရန် နှစ်ကြိမ်လာရောက်ပြောဆိုရာ တဲများ ၌ နေထိုင်သူ မူလတန်းမှ တက္ကသိုလ် ဝင်တန်းအထိ ကျောင်းသားများရှိကာ စာမေးပွဲဖြေဆိုချိန်ဖြစ်နေ၍ စာမေးပွဲ ပြီးမှသာ ပြောင်းရွှေ့မှုကို လုပ်ဆောင် ရန်ပြောခဲ့သည့်အတွက် ဖေဖော်ဝါရီ ၂၆ ရက် နံနက်အရုဏ်တက်ချိန်တွင် လာရောက်နှောင့်ယှက် တိုက်ခိုက် ခြင်းဖြစ်ကြောင်း၊ ယခုနေထိုင်သော တဲနေရာများမှာ တစ်နေရာလျှင် ငွေကျပ်သုံးသောင်းပေး၍ တဲထိုး နေထိုင်ခြင်းဖြစ်ပြီး ဝါဝါဝင်းကုမ္ပဏီ ဝင်းအတွင်းရှိ လက်ရှိနေထိုင်သော ကျူးကျော်တဲများ နေရာမှာလည်း ¤င်းလူအုပ်စုကပင် ပေ (၂ဝx၄ဝ)မြေနေရာတစ်ကွက်လျှင် ငွေကျပ် နှစ်သိန်း၊ တစ်သိန်း၊ ရှစ်သောင်းဖြင့် ၂ဝ၁၄ ခုနှစ်တွင် ရောင်းချခဲ့ပြီး ¤င်းတို့ကိုယ်တိုင် ပြန်လည်ဖျက်ဆီးခဲ့ သည့်အတွက် ယခုကဲ့သို့ ကုမ္ပဏီဝင်း အပြင်ဘက်၌ တဲ ၂ဝဝ ကျော် နေထိုင်နေကြခြင်းဖြစ်ကြောင်း ဧရာ ဝတီတိုင်းဒေသကြီး ဝါးခယ်မမှ လာရောက်နေထိုင်သည့် ဦးမင်းမောင် ကပြောသည်။

''သားက တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေနေတာဆိုတော့ စာကျက် နေတာပါ၊ အပြင်လမ်းပေါ်မှာ အော် ဟစ်ကာ အိမ်ထဲကိုဝင်ပြီး လေးခွနဲ့ ပစ်တယ်။ အိမ်ထဲမှာ စာကျက်နေတဲ့ သားကို လေးခွနဲ့ပစ်လို့ တားပေမယ့် မရလို့ ကလေးဒဏ်ရာရမှာစိုးလို့ ဝင်ပြီးခံလိုက်တာ ညာဘက်ရင်သားကို မှန်သွားတယ်။ သားကကြောက်နေလို့ ဒီနေ့ စာမေးပွဲကို စိတ်အေးလက်အေး ဖြေဖို့ မနည်းဖျောင်းဖျထားရတယ်။အိမ်ငှားမတတ်နိုင်လို့ သုံးသောင်းပေး ပြီး တဲဆောက်နေတာပါ။ မင်းမဲ့စရိုက် ဆန်ဆန် အခုလို ပြုမူတာ ဥပဒေမဲ့ သလိုဖြစ်နေတယ်။ ဒီညလည်း ပြန်လာမယ်လို့ ကြိမ်းဝါးသွားတော့ အားလုံးစိုးရိမ်နေရပါတယ်''ဟု လေးခွ ဖြင့် အပစ်ခံရသောဆိုင်ကယ်မူလီကို ပြသရင်း ဒေါ်ဆန်းက ပြောသည်။

အဆိုပါ ကျူးကျော်တဲများသို့ ရုတ်တရက်ဝင်ရောက်၍ တိုက်ခိုက် သည့်အတွက် ဦးတင်မြင့်၊ ဦးနေမျိုး အောင်၊ ကိုညိုမောင်တို့ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လှိုင်သာယာ ပြည်သူ့ဆေးရုံမှတစ်ဆင့် အင်းစိန် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသ လျက်ရှိကာ လူမိုက်အဖွဲ့ ကျကျန်ခဲ့ သည့် ငှက်ကြီးတောင်ဓားကို သောင် ကြီးရဲစခန်းက သက်သေခံအဖြစ် သိမ်းဆည်းသွားကြောင်း သိရသည်။

လှိုင်သာယာ သောင်ကြီးရဲစခန်း မှ စခန်းမှူးချစ်ကိုကိုက ယင်းဖြစ်စဉ် ကို အမှုဖွင့်ထားကြောင်း၊ ပြစ်မှု ကျူးလွန်သူများ ရှောင်တိမ်းနေ ကြောင်းနှင့် ဆက်လက်စုံစမ်းနေ ကြောင်း ပြောကြားသည်။
''ငွေပေးတဲ့သူက တဲကို ဖျက်ခိုင်း တယ်။ ယူတဲ့သူကယူပြီး တိုက်ခိုက် တယ်။ ကုမ္ပဏီဝင်းအပြင်ဘက်က ကျူးကျော်တဲတွေကို လှမ်းအကြောင်း ကြားချင်ပေမယ့် ဒီတစ်ဝိုက်မှာ သူတို့ လူတွေချည်းပဲဆိုတော့ အကြောင်း ကြားဖို့ အခွင့်အရေးမရခဲ့ဘူး'' ဟု ကုမ္ပဏီဝင်းအတွင်းရှိ ကျူးကျော်တဲ ၌ နေထိုင်သော အမျိုးသားတစ်ဦးက ပြောသည်။

မြေယာပြဿနာ၌ ကုမ္ပဏီပိုင် မြေ၊ စည်ပင်ပိုင်မြေနှင့် အိုးအိမ်ပိုင် မြေများ၌ အုပ်စုဖွဲ့၍ မြေယာ ကျူးကျော်ကာ တဲများထိုးခြင်း၊ မြေ နေရာသတ်မှတ်ခြင်းတို့ဖြင့် မြေယာ များကျူးကျော်လျက် တစ်ဆင့် ပြန်လည်ရောင်းချခဲ့မှုတို့ကြောင့် ငွေ အလုံးအရင်းရလွယ်သော မြေယာ ကျူးကျော်မှု လှိုင်သာယာ၌ မြန်ဆန် စွာ ကြီးထွားခဲ့ပြီး ငြိမ်းချမ်းရေးကို အသုံးချသူများနှင့် လူဆိုးလူမိုက် များက မြေယာပြဿနာများတွင် ပါဝင်လာသည့်အတွက် တာဝန်ရှိသူ များက နိုင်ငံပိုင်မြေယာများ၌ အကွက်ချ၍ ကျူးကျော်နေထိုင်မှု တို့ကို အဖွဲ့အစည်းပေါင်းစုံဖြင့် ရှင်းလင်း ဆောင်ရွက်ခဲ့ရခြင်းဖြစ် သည်။

ယနေ့စက်မှုဇုန်အားလုံးတွင် ကျူးကျော်နေထိုင်သူ လူဦးရေမှာ နှစ်စဉ် တိုးလာနေသည့်အတွက် အဆိုပါ ပြဿနာများကို အချိန်မီ ဖြေရှင်း ဆောင်ရွက်ခြင်းဖြင့် မလိုလားအပ်သည့် အုပ်ချုပ်မှု ဆိုင်ရာနှင့် လူမှုကိစ္စရပ်များကို ကာကွယ်နိုင်မည်ဖြစ်ပြီး မြို့တော်၏ အင်္ဂါရပ်ပြယုဂ်ကိုလည်း သိသာပေါ်လွင်ထင်ရှားလာစေမည်ဖြစ်ကြောင်း ပြည်သူများက သုံးသပ်လျက်ရှိ သည်။ (၁၆၄)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

Post a Comment

0 Comments

Close Menu