Ad Code

Responsive Advertisement

အမြောက်ဆန်ဟောင်း ပေါက်ကွဲမှုကြောင့် မြန်မာအလုပ်သမားနှစ်ဦး သေဆုံး

12741975_1007834529262434_2754082323321187751_n
ထိုင်းနိုင်ငံအရှေ့ပိုင်း တရတ်ခရိုင် ခလောင်းယိုင်မြို့နယ် ရာဘာစိုက်ခင်းတခုထဲမှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက်ပိုင်းက ပေါက်ကွဲမှုတခုကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦး သေဆုံးခဲ့ပါတယ်။
ဒီပေါက်ကွဲမှုဟာ အာပီဂျီ-၇ အမျိုးအစား အမြောက်ဆန်ဟောင်း ပေါက်ကွဲမှုဖြစ် နိုင်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
အဆိုပါပေါက်ကွဲမှုဖြစ်ကြောင်း သတင်းရရှိတဲ့နေရာကို ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေ ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းတွေလုပ်နိုင်ဖို့ မရိမ်းတပ်သားတွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဆေးကုသရေးအဖွဲ့တွေ သွားရောက်ခဲ့ကြတယ်လို့ မိုင်ရတ်ရဲ ဌာန ရဲအရာရှိ သီရော်ကီရက်ဒ်သနက်ဆိုဝါသီယကူက ပြောပါတယ်။
အဲဒီရာဘာစိုက်ခင်းဟာ ဆူခွန်ဗစ်လမ်းမကြီးကနေ ၄ ကီလိုမီတာအကွာမှာ တည်ရှိတဲ့ တောင်ကုန်းတခုပေါ်မှာတည်ရှိတာဖြစ်ပါတယ်။
သူတို့ရောက်ရှိသွားခဲ့ချိန်မှာ မြန်မာအလုပ်သမားနှစ်ဦးဟာ ပေါက်ကွဲမှုကြောင့် ခန္ဓာကိုယ်မှာ ဆိုးဆိုးဝါးဝါးထိ ခိုက်ဒဏ်ရာရှိနေတာကို တွေ့ခဲ့ကြတာလို့ သတင်းက ဆိုပါတယ်။
ကိုပြည့် (၂၅ နှစ်) နဲ့ ကိုအောင် (၂၀ နှစ်) လို့ အမည်ရတဲ့ အဲဒီအလုပ်သမား ၂ ဦးဟာ ရာ ဘာစိုက်ခင်းထဲမှာ ရာဘာစေးစုဆောင်းဖို့ အလုပ်လုပ်နေကြတာပါ။
သူတို့ကို အနီးဆုံး တရတ်ဆးရုံကို ခေါ်ဆောင်သွားချိန်မှာ ကိုအောင်က သတိရ နေသေးပေမယ့် လမ်းမှာတင် သေဆုံးသွားခဲ့ပါတယ်။
တာဝန်ကျရဲအရာရှိတဦးကတော့ အခင်းဖြစ်တဲ့ နေရာအနီးမှာ အာပီဂျီ ၇ အမျိုးအစား လက်နက်ကြီးအဟောင်းနဲ့ ဖွာကြဲနေတဲ့ ကျောက်တုံးအပိုင်းအစတွေ တွေ့ရတာကြောင့်  သေဆုံးသူတွေဟာ အာပီဂျီနဲ့ ကျောက်တုံးပေါ်ထုခဲ့ဟန်ရှိကြောင်း၊ အဲဒီ လက်နက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က မြေကြီးထဲမြှုပ်ထားခဲ့တဲ့ ကမ္ဘေားဒီးယားစစ်ပွဲ အကြွင်းအကျန်ဖြစ်ကြောင်း ခန့်မှန်းပြောဆိုတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

Post a Comment

0 Comments

Close Menu