Ad Code

Responsive Advertisement

ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး မိန့်ခွန်း ရွှေတိဂုံစေတီတော် အနောက်မုခ် လူထုစည်းဝေးပွဲ ဩဂုတ်လ ၂၆ ရက် ၁၉၈၈ ခုနှစ်၊ ရန်ကုန်

NLD ကိုထောက်ခံကြသူများ
17 hrs
ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး မိန့်ခွန်း
=======================
‪#‎ပြီးအောင်ဖက်စေချင်တယ်တန်ဖိုးရှိလို့‬...
ရွှေတိဂုံစေတီတော် အနောက်မုခ် လူထုစည်းဝေးပွဲ
ဩဂုတ်လ ၂၆ ရက် ၁၉၈၈ ခုနှစ်၊ ရန်ကုန်
" ... ရဟန်းရှင်လူ ပြည်သူလူထုအပေါင်းတို့ ...။
အခု လူထုအစည်းအဝေးပွဲကြီးဟာ ပြည်သူလူထုရဲ့ ဆန္ဒကို တကမ္ဘာလုံးကသိစေရန် ထုတ်ဖော်ပြသလိုက်တာပါပဲ။ အဲ့ဒီတော့ ဒီလူထု အစည်းအဝေးပွဲကြီးမှာ ပြည်သူလူထုဟာ စည်းကမ်းရှိရှိနဲ့ ညီညီညွတ်ညွတ် ဆက်ပြီး လုပ်သွားကြပါရစေ။
အခု ဒီအစည်းအဝေးပွဲကြီး တနာရီနီးပါး နောက်ကျတာကိုလည်း ကျမ တောင်းပန်ပါတယ်၊ ဒီကိုလာတဲ့အခါမှာ လမ်း အင်မတန် ပိတ်နေတာကြောင့်မို့လို့ မရောက်လာနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
ဒီကနေ့ ကျင်းပတဲ့ အစည်းအဝေးကြီးကတော့ ပြည်သူလူထုတရပ်လုံးဟာ ပါတီစုံဒီမိုကရေစီစနစ်ကို ရချင်နေတဲ့ဆန္ဒ ပြင်းပြနေတာကြောင့်မို့လို့ ကျင်းပရတဲ့ အစည်းအဝေးကြီးဖြစ်ပါတယ်။ အခု အစည်းအဝေးပွဲကြီး ဖြစ်နိုင်တဲ့အခြေအနေကို ဘယ်သူတွေကစပြီး ဦးဆောင်တာလဲဆိုတော့ ဗမာပြည်က ကျောင်းသူ၊ ကျောင်းသားအပေါင်း ဖြစ်ပါတယ်။ ဒီကျောင်းသူကျောင်းသားအပေါင်းရဲ့ ဦးဆောင်မှုကြောင့် ဒီကျောင်းသူကျောင်းသားအပေါင်းဟာ အသက်အသေခံပြီး ဦးဆောင်ပေးတာကြောင့်မို့ ကျမတို့ ဒီလိုအစည်းအဝေးကြီးလုပ်နိုင်တဲ့ အခြေအနေရောက်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ အသက်ပျောက်သွားတဲ့ ကျောင်းသူကျောင်းသားအားလုံးကို တမိနစ်ခန့် ဂုဏ်ပြုပြီးနောက် အမျှဝေတဲ့အနေပြီး အားလုံး တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ် တမိနစ်ခန့် နေစေချင်ပါတယ်။
အခမ်းအနားမှူး၏ အသံ (ကျဆုံးသွားသော ကျောင်းသားများကို အလေးပြုသောအားဖြင့် တမိနစ် ငြိမ်သက်ပါရန် မေတ္တာရပ်ခံပါသည် ခင်ဗျား)
အခုဆိုလို့ရှိရင် အားလုံး ဒီမှာရောက်နေတဲ့ လူထုပရိသတ်ကြီးဟာ ဒီမိုကရေစီစနစ်ကို မျှော်မှန်းပြီးတော့ ဒီမှာရောက်နေတယ်လို့ ထင်ပါတယ်။ အဲ့ဒီတော့ ဒီမိုကရေစီပန်းတိုင်ကို ရောက်ဖို့ရာမှာ လူထုအားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် စည်းကမ်းရှိရှိပြီး ချီတက်မှပဲ ရောက်နိုင်မှာပါ။
ဒီကိစ္စမှာ ကျမ အခန်းကဏ္ဍ ကိုလည်း နဲနဲရှင်းပြပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ လူအပေါင်းက ကျမအကြောင်း သိပ်ပြီးတော့ မသိကြပါဘူး။ မသိကြတဲ့အခါကျတော့ သိချင်တဲ့ဆန္ဒတွေလည်း ရှိပါတယ်။ ဒါကလည်း မှန်တဲ့အတိုင်းပါပဲ၊ သိတော့လည်း သိထိုက်ပါတယ်။ အဲ့ဒီတော့ တချို့ကလည်း ပြောကြတယ်။ ကျမဟာ နိုင်ငံခြားမှာ နေတယ်၊ နိုင်ငံခြားသားပြီး အိမ်ထောင်ကျနေတယ်၊ ဗမာပြည်နိုင်ငံရေးအကြောင်း ဘာသိသလဲလို့ ပြောကြပါတယ်။
ပထမ ကျမ ဒီကနေစပြီးတော့ ပြည်သူလူထုပြီး ပွင့်ပွင့်လင်းလင်း ဆက်ဆံပါရစေ။ ကျမ နိုင်ငံခြားမှာ နေခဲ့တယ်ဆိုတာလည်း မှန်ပါတယ်။ နိုင်ငံခြားသားပြီး အိမ်ထောင်ကျတယ်ဆိုတာလည်း မှန်ပါတယ်။ ဒါပေမယ့် ဒါလေးအတွက်ကြောင့်ပြီး ကျမ တိုင်းပြည်အပေါ်မှာထားတဲ့ မေတ္တာဟာ ဘယ်လိုပြီးမှ ကျဆင်းမသွားနိုင်ပါဘူး။
နောက်တခု ပြောချင်တာကတော့ ကျမဟာ ဗမာပြည်နိုင်ငံရေးအကြောင်း ဘာမှ နားမလည်ဘူးတဲ့။ တကယ်တော့ နားလည်လွန်းလို့ ခက်နေတာပဲ။ ဗမာနိုင်ငံရေး ဘယ်လောက်ရှုပ်ထွေးတယ်။ ဒီရှုပ်ထွေးမှုဒဏ်ကို ဖေဖေ ဘယ်လောက်ခံခဲ့ရတယ်ဆိုတာ ကျမတို့ မိသားစု အသိဆုံးပါပဲ။ ဖေဖေဟာ စိတ်ပန်းကိုယ်ပန်းပြီး ဒီနိုင်ငံရေးကို လုပ်ဆောင်လာတာဟာ ဘာအကျိုးစည်းစိမ်မှ မခံစားခဲ့ရပါဘူး။ ဒါကြောင့်မို့လို့လည်း လွတ်လှုပ်ရေးရပြီးတဲ့အခါကျလို့ရှိရင် ထပ်ပြီးတော့ အာဏာလုတဲ့ နိုင်ငံရေးမျိုးကို ဆက်မလုပ်ဘူးဆိုတာ ဖေဖေ အတိအလင်း ပြောသွားပါတယ်။
ဒီလို ပြောသွားတာမျိုးကြောင့်မို့လို့ ကျမလည်း နိုင်ငံရေးလောကပြီး ဝေးဝေးကင်းကင်း နေချင်ပါတယ်။ အဲ့ဒီလို ဝေးဝေးကင်းကင်း နေချင်ခဲ့လျက်သားပြီး အခုမှ ဒီအရေးအခင်းမှာ ပါဝင်နေသလဲလို့ မေးစရာရှိပါတယ်။ အဲ့ဒီဟာကတော့ ဒီအရေးအခင်းဟာ တတိုင်းပြည်လုံးပြီးဆိုင်တဲ့ အရေးအခင်းဖြစ်နေပါတယ်။ ကျမမှာလည်း ဖေဖေ့ရဲ့သမီးလုပ်ပြီးတော့ ခေါင်းရှောင်ပြီးတော့ နေလို့မဖြစ်တော့ဘူး။
ဒီအရေးအခင်းဟာ တကယ်တော့ ဒုတိယလွတ်လှုပ်ရေးတိုက်ပွဲကြီးလို့ ခေါ်ရင်လည်း ဖြစ်ပါတယ်။ ဒီမိုကရေစီလွတ်လှုပ်ရေးကို တမျိုးသားလုံး လိုချင်တဲ့ဆန္ဒ ပြင်းပြလွန်းလို့ ဖြစ်ပေါ်လာတဲ့ တိုက်ပွဲကြီး ဖြစ်ပါတယ်။
ဒီမိုကရေစီပြီးပတ်သက်ရင် ဖေဖေပြောခဲ့တဲ့ အချက်ကလေးတခုကို ကျမ ဖတ်ပြချင်ပါတယ်။ ဒီအချက်ကတော့ " ကျနော်တို့ဟာ ဒီမိုကရေစီဝါဒကိုသာ ခေတ်စားအောင်လုပ်ရမယ်။ အဲ့ဒီ ဝါဒမျိုးအရသာ လွတ်လပ်တဲ့ ဗမာနိုင်ငံ ထူထောင်နိုင်အောင် ကြိုးစားရမယ်။ ဒါမျိုးမလုပ်နိုင်ရင် ကျနော်တို့ ဗမာပြည်က လူတွေလည်း နစ်နာမယ်။ ကျနော်တို့ပြည်ကိုလည်း ကမ္ဘာက ကြည့်နေလို့ မရတဲ့တနေ့ ဂျပန်နဲ့ ဂျာမဏီ ဝိုင်းပြီး အနှိမ်ခံရသလို အနှိမ်ခံရမယ်ဆိုတာကို သတိရှိကြရမယ်။ ဒီမိုကရေစီဝါဒကသာ လွတ်လှုပ်ရေးပြီး ဆီလျော်တယ်။ ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်" အဲ့ဒါဟာ ဖေဖေပြောခဲ့တဲ့ စကားတွေပါ၊
ဒါကြောင့်မို့လို့ ကျမဟာ ကျမရဲ့အဖေ အစဉ်အလာအတိုင်း ဒီမိုကရေစီ လွတ်လပ်ရေးတိုက်ပွဲကို ဝင်လို့နွှဲခဲ့ရပါတယ်။ အဲ့ဒီတော့ ဒီမိုကရေစီရဖို့ရန် ပြည်သူလူထုအားလုံး စည်းလုံးညီညွတ်ဖို့ လိုပါတယ်။ ညီညွတ်ရင် ဘာမဆို ဖြစ်နိုင်ပါတယ်။ မညီညွတ်ရင် ဘာမှ မတတ်နိုင်ဘူး။ ပြည်သူလူထုဟာ ညီညီညွတ်ညွတ်ပြီး မရှိနိုင်လို့ရှိရင် ဘယ်ဝါဒပဲဖြစ်ဖြစ် တိုင်းပြည်ကို အကျိုးမပေးနိုင်ဘူး။ အဲ့ဒီဟာကို အားလုံးစွဲမှတ်ထားဖို့ လိုပါတယ်။
စည်းကမ်းမရှိလို့ရှိရင်လည်း ဘယ်ဝါဒမှ မအောင်နိုင်ပါဘူး။ အဲ့ဒီတော့ ကျမတို့ တိုင်းသူပြည်သားတွေဟာ ညီညွတ်ဖို့။ စည်းကမ်းရှိဖို့ အမြဲလိုပါတယ်။
ဒီညီညွတ်ဖို့အကြောင်းတွေ ပြောနေတုန်းမှာ ကျမတို့ တခုပဲပြောချင်ပါတယ်။ ယခု ကျမပြောသွားတဲ့စကားတွေထဲမှာ တချို့ကလည်း သဘောကျမယ့် စကားလည်း ပါမယ်။ မကျမယ့် စကားတွေလည်း ပါမယ်။ ဒါပေမယ့် ကျမအနေပြီးကတော့ ပြည်သူလူထုကို မှန်မှန်ကန်ကန်ပြောသင့်တယ်လို့ ယုံကြည်တယ်။ ကျမစိတ်ထဲမှာရှိသလို မှန်မှန်ကန်ကန် ပြောသွားမှာပဲ၊ ကြိုက်ရင်လည်း ထောက်ခံကြပါ။ မကြိုက်ရင်လည်း ကျမစိတ်ထဲမှာ မှန်တဲ့အတိုင်းလုပ်တာပဲ။ မကြိုက်တာတော့ ဘယ်လိုမှ မတတ်နိုင်ဘူး။
ကျမ တခုပြောချင်တာဟာ အခုအချိန်မှာ တပ်မတော်ပြီး ပြည်သူလူထုအကြားထဲမှာ စိတ်ဝမ်းကွဲနေကြပါတယ်။ ဒီစိတ်ဝမ်းကွဲမကြီးဟာ နောင်တိုင်းပြည်အတွက် အနျွှရာယ်အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဗမာ့တပ်မတော်ဆိုတာ ကျမအဖေပြုစုပျိုးထောင်ခဲ့တဲ့ တပ်မတော်ပါ။
ဖေဖေပြုစုပျိုးထောင်ခဲ့တဲ့ တပ်မတော်ဆိုတာ စကားအရသာ မဟုတ်ပါဘူး၊ အစစ်အမှန်ပါပဲ။ ဖေဖေကိုယ်တိုင် ခရေစေ့တွင်းကျ အောက်ခြေကနေစပြီးတော့ ဒီတပ်မတော်ကို ဘယ်လိုထူထောင်ရမယ်ဆိုတာ သူ‹လက်ရေးပြီး ရေးထားတဲ့ စာရွက်စာတမ်းတွေလည်း ရှိပါတယ်။ ဖေဖေက တပ်မတော်အတွက် ဘာရည်မှန်းချက်တွေ ရှိခဲ့သလဲ၊ အဲ့ဒီ ရည်မှန်းချက်တခုလောက် ကျမ ဖတ်ပြပါရစေ။
“ဒီတပ်မတော်ဟာ ဒီနိုင်ငံ၊ ဒီလူမျိုးအတွက်၊ ဒီလူမျိုးတွေ ကိုးကွယ်ရာ၊ လဲလျောင်းရာ၊ ဆည်းကပ်ရာဆိုတဲ့ အနေမျိုး ဖြစ်ရမယ်။ ဒီလိုမဟုတ်ဘဲ တပ်မတော်က နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ စိတ်ထဲမှာ အော့နှလုံးနာစရာဖြစ်မယ်ဆိုရင် ဒီတပ်မတော်ကို တည်ထောင်ထားတဲ့ ရည်ရွယ်ချက်တွေဟာ အလကား ဖြစ်သွားတော့မှာပဲ။ "
ကျမ မှန်မှန်ပဲ ပြောပါရစေ။ ကျမဟာ တပ်မတော်အပေါ်မှာ အင်မတန် သံယောဇဉ်ကြီးပါတယ်။ ဖေဖေတည်ထောင်ခဲ့တဲ့ တပ်မတော်လည်းဖြစ်တယ်။ ကျမတို့ဆိုတာလည်း ငယ်ငယ်ကတည်းက ရဲဘော်တွေလက်ထဲမှာ ကြီးလာတာပါပဲ။
ပြည်သူလူထုကြီးကလည်း ဖေဖေ့အပေါ်မှာ အင်မတန် မေတ္တာရှိတယ်ဆိုတာ ကျမ သိပါတယ်။ ဒီမေတ္တာတွေအတွက်လည်း ကျမ အင်မတန် ကျေးဇူးတင်ပါတယ်။
ဖေဖေပြုစုပျိုးထောင်ခဲ့တဲ့ တပ်မတော်နဲ့ ဖေဖေ့အပေါ်မှာ အင်မတန်မေတ္တာရှိတဲ့ လူထုကြီးထဲမှာ ပဋိပက္ခ မဖြစ်စေချင်ပါဘူး။
တပ်မတော်သားတွေကိုလည်း ကျမ ဒီကနေပဲ မေတ္တာရပ်ခံပါရစေ။ လူထုအားကိုးနိုင်တဲ့ တပ်မတော်ကြီးဖြစ်ပါစေ။ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်တဲ့ တပ်မတော်ကြီးဖြစ်ပါစေ။
ပြည်သူလူထုကလည်း ဖြစ်ပြီးခဲ့တဲ့ဟာတွေကို ကြိုးစားခွင့်လွှတ်ပြီးတော့ တပ်မတော်အပေါ်မှာ မေတ္တာမပျက်ပါစေနဲ့ လို့ တောင်းပန်ပါရစေ၊ ကျမတို့အားလုံးဟာ ညီညီညွတ်ညွတ်ပြီး ဆက်လက်သွားမှသာ တည်တံ့ခိုင်မြဲတဲ့ ပြည်ထောင်စုပန်းတိုင်ကြီးကို ရောက်နိုင်မှာပါ။
အခု မရောက်သေးပါဘူး။ ဒီမိုကရေစီပန်းတိုင်ကိုတောင် မရောက်သေးပါဘူး။ မရောက်ခင်က ကွဲကွဲပြားပြား မရှိပါနဲ့။ အားလုံး တညီတညွတ်တည်း ဒီမိုကရေစီပန်းတိုင်ကို ဦးတည်ပြီးတော့ ချီတက်သွားကြပါ။ အဲ့ဒီလို ချီတက်သွားတဲ့နေရာမှာ ငြိမ်းချမ်းတဲ့နည်းလမ်းကို သုံးစေချင်ပါတယ်။
လူမျိုးတမျိုးဟာ နိုင်ငံသူ။ နိုင်ငံသားအပေါင်းတို့ဟာ စည်းကမ်းရှိရှိနဲ့ ငြိမ်းချမ်းတဲ့နည်းတွေပြီး ကိုယ်လိုတဲ့ဆန္ဒတွေကို ဖြည့်စွမ်းနိုင်တယ်ဆိုတာ အင်မတန်ဂုဏ်သိက္ခာနဲ့ ပြည့်စုံတဲ့ အပြုအမူဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုကြီးကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားတွေနဲ့ ပတ်သက်လို့ ကျမ ပြောစရာလေးတွေရှိပါတယ်။ ကျောင်းသားလူငယ်များဟာ အင်မတန်မှ တော်ပါတယ်။ သူတို့ရဲ့ လက်ရုံးရည်ကိုလည်း ပြပြီးပါ ပြီ။ အခုလည်း ဆက်ပြီးတော့ သူတို့ရဲ့ နှလုံးရည်ကို ပြမယ်ဆိုတာ ကျမ ယုံကြည်ပါတယ်။
ဒီကျောင်းသားများကိုလည်း အချင်းချင်း ညီညီညွတ်ညွတ်ပြီး ဆက်ပြီး လက်တွဲသွားဖို့ ကျမ မေတ္တာရပ်ခံချင်ပါတယ်။ အခုဆိုရင် ကျောင်းသားတွေထဲမှာလည်း အဖွဲ့အစည်းတွေ ရှိကြပါတယ်။ ဒီအဖွဲ့အစည်းတွေဟာ အားလုံးစုရုံးပြီးတော့ တညီတညွတ်တည်း ဖြစ်သွားစေချင်ပါတယ်၊ အဲ့ဒီဟာအတွက်လည်း ကျောင်းသားညီလာခံတခု ခေါ်မယ်လို့ ကျမ ကြားနေပါတယ်၊ ဒီညီလာခံကြီး ဖြစ်ပေါ်တဲ့အခါကျရင် ကျောင်းသားတွေအားလုံး တစုတစည်းတည်းဖြစ်သွားပါစေလို့ ကျမ ဆုတောင်းလိုက်ပါတယ်၊
ကျောင်းသားလေးတွေက ကျမကို မေးကြတယ်။ ကျမရဲ့နောက်မှာ ဘယ်နိုင်ငံရေးသမားများ ရှိနေသလဲ။ ဒီနိုင်ငံရေးသမားတွေဟာ ကျမကို ကြိုးဆွဲပြီးတော့ သူတို့ကို နင်းသွားမှာ စိုးရိမ်တယ်လို့ ပြောကြပါတယ်။ အဲဒီလို ပွင့်ပွင့်လင်းလင်းပြောတာ ကျမ အင်မတန်ဝမ်းသာတယ်။ ကျောင်းသားလူငယ်များ အင်မတန် ပွင့်လင်းတယ်။ သွယ်ဝိုက်တဲ့ စကားတွေ မပြောတတ်ဘူး။ ကျမကလည်း မှန်တဲ့အတိုင်းပဲ ပြန်ပြီးတော့ ပြောလိုက်ပါတယ်။ ကျမနောက်မှာ ဘယ်နိုင်ငံရေးသမားမှ မရှိပါဘူး။ ကျမ အခုလုပ်နေတဲ့ လုပ်ငန်းဟာတော့ ပြည်သူလူထုလိုချင်တဲ့ ဒီမိုကရေစီဖြစ်မြောက်ရေး လုပ်ငန်းပါပဲ။ ဒီမိုကရေစီ ဖြစ်မြောက်ရေးအတွက်ကို ဝိုင်းပြီးတော့ ကူညီချင်ပါတယ်ဆိုတဲ့ နိုင်ငံရေးသမားဟောင်းကြီးတွေ ရှိပါတယ်။ အဲ့ဒီ နိုင်ငံရေးသမားဟောင်းကြီးတွေကို ကျမကတော့ ရှင်းရှင်းပဲ ပြောထားပါတယ်။ ဒီလိုကူညီလို့ နောင် နိုင်ငံရေးအမြတ်ထုတ်မယ်ဆိုရင် ကျမ လုံးလုံးမထောက်ခံဘူးဆိုတာ အခုကတည်းက ကျမ ပြောထားပါတယ်။
ပြည်သူလူထုရှေ့မှာ ကျမ ပြန်ပြီးတော့ ပြောပါမယ်။ ဒီမိုကရေစီရရှိရေးအတွက် ဝိုင်းဝန်းကူညီတဲ့ နိုင်ငံရေးသမားကြီးတွေဟာ နောင်နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးပမ်းရင် ကျမကိုယ်တိုင် တက်ပြီးတော့ ဒီလူကြီးတွေကို ရှုတ်ချပေးပါ့မယ်။
နောက်တခုကတော့ ကျမတို့တိုင်းပြည်မှာ လူကြီး နဲ့ လူငယ် ကြားထဲမှာ ကွဲကွာမှုတွေ ရှိပါတယ်။ အဲ့ဒီကွဲကွာမှုတွေကိုလည်း ဖြေရှင်းဖို့လိုပါတယ်။ လူငယ်တွေက လူငယ်တွေ၊ လူကြီးတွေက လူကြီးတွေ ဆိုတဲ့ စိတ်ထားတွေ ဖြစ်နေပါတယ်။ ပြည်သူလူထုရဲ့ အင်အားဟာ တနေ့ထက်တနေ့ ကြီးလာပါ ပြီ။ ဒီလိုကြီးလာလို့လည်း ပိုပြီးတော့ စည်းပြီးကမ်းပြီး ထိန်းဖို့လိုပါတယ်။
စည်းမရှိတဲ့ အင်အား၊ အမှန်တရားပြီး မကိုက်ညီတဲ့ အင်အားဆိုတာ ဘယ်တော့မှ ကောင်းကျိုး မပေးနိုင်ပါဘူး။ အများအတွက်ပါ အန္တရာယ်ဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ အမှန်တရားပြီး ကိုက်ညီတဲ့ စွမ်းအားကိုပဲ ဆက်ပြီးတော့ သုံးကြပါ။ အမှန်တရားပြီး မကိုက်ညီတဲ့ စွမ်းအားကို မသုံးပါနဲ့။
အခုလူထုဘက်ကနေ အားကြီးနေတဲ့အချိန်မှာ အားငယ်တဲ့ အစုအဝိုင်းကိုလည်း နိုင့်ထက်စီးနင်း မလုပ်ကြပါနဲ့၊ ဒီလို နိုင့်ထက်စီးနင်းလုပ်တာဟာ အကျင့်မကောင်းပါဘူး။ ပြည်သူလူထုရဲ့ ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေပါလိမ့်မယ်။
ပြည်သူလူထုဘက်ကနေပြီးတော့ ခွင့်လွှတ်နိုင်တဲ့ သဘောထားရှိတယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်း ထင်ပေါ်ပါစေ။
အခုဆိုလို့ရှိရင် ကျမတို့ဟာ အားလုံး ပြည်သူလူထုအပေါင်းက ဘာကို လိုလားနေသလဲဆိုတာ စဉ်းစားလိုက်လို့ရှိရင် အဓိကအချက်ကတော့ ပါတီစုံဒီမိုကရေစီစနစ်ကို လိုလားနေကြပါတယ်။ တပါတီစနစ်ကို ဖြုတ်ချချင်ကြပါတယ်။
နောက် အခုဆိုလို့ရှိရင် သမတ ဒေါက်တာမောင်မောင်ဟာ လူထုဆန္ဒခံယူပွဲကျင်းပဖို့ / မကျင်းပဖို့ ညီလာခံခေါ်မယ်လို့ ဆိုပါတယ်။ ကျမအနေပြီး ပြောရရင်တော့ ဒီလူထုဆန္ဒခံယူပွဲဟာ မလိုတော့ပါဘူး။ တတိုင်းပြည်လုံးရဲ့ ဆန္ဒဟာ ကွက်ကွက်ကွင်းကွင်း ပေါ်နေပါ ပြီ။ အားလုံးဟာ ပါလီမန် ဒီမိုကရေစီစနစ်ကိုပဲ လိုလားနေတယ်ဆိုတာ အင်မတန်မှ ပေါ်လွင်နေပါ ပြီ။ ဒီစနစ်ကို အမြန်ဆုံးဖြစ်ပေါ်လာနိုင်ဖို့ လုပ်ပေးဖို့ဟာ ယခုအာဏာပိုင်အစိုးရတွေရဲ့ တာဝန်ဖြစ်ပါတယ်။
ပန်းတိုင်ကို မရောက်သေးဘူးဆိုတာ မမေ့ကြပါနဲ့။၊ ဒီမိုကရေစီရတဲ့ အခါကျလို့ရှိရင် ဘယ်လိုပြည်ထောင်စုကြီးကို တည်တံ့ခိုင်မြဲအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို စဉ်းစားထားကြပါဦး။ တိုင်းပြည်ရဲ့ အနာဂတ်ကို ရှေ့ရှုကြပါ။ တိုင်းပြည်ရဲ့ အနာဂတ်ကို မတွေးလို့ရှိရင် အခုလက်ငင်း ဖြစ်ပေါ်လာတဲ့ ပြုပြင်ပြောင်းလဲမှုတွေကလည်း ကိုယ့်တိုင်းပြည်ကို အကျိုးပေးနိုင်မှာ မဟုတ်ပါဘူး။
အဲ့ဒီတော့ ဖေဖေပြောခဲ့သလို ကျမတို့ နိုင်ငံသူ။ နိုင်ငံသားများဟာ စည်းကမ်းရှိုသေဖို့၊ ညီညွတ်ဖို့ဆိုတာကို ဘယ်နှစ်ခါပဲပြောပြော ပြောလို့ကို မကုန်နိုင်အောင် ပြောရမယ့်ကိစ္စကြီးတခု ဖြစ်နေပါတယ်။
အခု ကျမတို့ဟာ လူထုဆန္ဒခံယူပွဲကြီး မလိုတော့ပါဘူး။ ပါတီစုံ ဒီမိုကရေစီစနစ်ကိုပဲ လိုလားပါတယ်။ ဒီဟာကို မြန်မြန်ဖြစ်အောင် လုပ်ပေးကြပါ။ ဒီဟာ ဖြစ်ပေါ်လာအောင်လို့ တရားမျှတတဲ့၊ သန့်ရှင်းတဲ့ ရွေးကောက်ပွဲကိုလည်း မြန်မြန်ဆန်ဆန် ဖြစ်နိုင်အောင် လုပ်ပေးကြပါ။ ဒီ သန့်ရှင်းတဲ့၊ တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်နိုင်ဖို့ အခြေအနေကိုလည်း ဖန်တီးပေးဖို့လိုပါတယ်။
အခုဆိုလို့ရှိရင် ပြည်သူလူထုတရပ်လုံးဟာ လက်ရှိအစိုးရအပေါ်မှာ အယုံအကြည် အင်မတန်မှ ပျက်နေတယ်။ အဲ့ဒီတော့ဟာ သန့်ရှင်းစင်ကြယ်တဲ့၊ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပေါ်လာဖို့ အရေးကို အကယ်၍များ ဘယ်လိုဖြစ်အောင်
လုပ်ရမလဲ၊ လုပ်ပေးဖို့ရာ ကောင်းပါတယ်။
အဓိကရည်ရွယ်ချက်ကတော့ ဒီအစိုးရလည်း မဟုတ်ဘူး။ ကြားဖြတ်အစိုးရလည်း မဟုတ်ဘူး။ နောက်အစိုးရလည်း မဟုတ်ဘူး။ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲ သာယာဝပြောရေးအတွက် လုပ်ပေးနိုင်တဲ့ အစိုးရပါပဲ။ ဒီအဓိကကိစ္စအပေါ်မှာ မျက်ခြေမပြတ်ပါစေနဲ့။ တိုင်းပြည်ရဲ့ အနာဂတ်အရေးကို မမေ့ပါနဲ့။ မေ့သွားလို့ရှိရင် အခုရရှိတဲ့ အောင်မြင်မှုဟာ နောင်ကျ ဆုံးရှုံးမှု ဖြစ်သွားနိုင်ပါတယ်။
အခု ကျမတို့ ဘယ်အခြေအနေမှာ ရောက်နေ ပြီလဲ။ ပန်းတိုင်ကို ကွက်ကွက်ကွင်းကွင်း မြင်နေပါ ပြီ။ မြင်နေတဲ့ ပန်းတိုင်ကို အားလုံး လက်တွဲပြီးတော့ ချီတက်သွားကြပါစို့။ စိတ်ဝမ်းမကွဲကြပါ နဲ့ ။
ကျောင်းသားလေးတွေဘက်က အထူး စိတ်ဝမ်းမကွဲဖို့ လိုပါတယ်။ ကျောင်းသားလေးတွေကို စိတ်ဝမ်းကွဲအောင်လည်း ထိုးဆွမပေးကြပါနဲ့။ ကျောင်းသားလေးတွေဟာ တိုင်းပြည်ရဲ့ အနာဂတ် ခေါင်းဆောင်ပေးမယ့် လူငယ်လေးတွေ ဖြစ်ကြပါတယ်။ ဒီကျောင်းသားလေးတွေရဲ့ စိတ်ဓာတ်ကျအောင် လုပ်လိုက်မယ်ဆိုရင် နောင် တိုင်းပြည် ညီညွတ်ရေးအတွက်လည်း ထိပါးသွားပါလိမ့်မယ်။
ညီညွတ်ရေးအကြောင်း ပြောနေတဲ့အချိန်မှာ ပြည်ထောင်စုအကြောင်း ခဏလောက် ပြောလိုက်ပါရစေ။ လူမျိုးစုတွေအားလုံးဟာ ညီညွတ်ဖို့ လိုပါတယ်။ အခု လူများစု။ လူများစုကတော့ မြန်မာလူမျိုးတွေ ဖြစ်ပါတယ်၊ လူများစု မြန်မာတွေဟာ လူနည်းစုတွေဖြစ်တဲ့ တိုင်းရင်းသားတွေပြီး စည်းစည်းလုံးလုံးဖြစ်ဖို့ အလွန်ကြိုးစားဖို့ လိုပါတယ်။ ကိုယ်က အားရှိနေတဲ့လူ၊ ကိုယ်က အားများနေတဲ့လူမို့လို့ ပိုပြီးတော့ ကြိုးစားဖို့လိုပါတယ်။ အားများနေတဲ့လူဆိုတာ အားနည်းနေတဲ့လူကို အစဉ်အမြလျော့ပြီးတော့ ညှာပေးဖို့လိုပါတယ်။
အဲ့ဒီနေရာမှာ ဒီတပါတီစနစ်ကို ထောက်ခံနေတဲ့လူတွေပြီး ပတ်သက်လို့လည်း ကျမ တခုပြောပါရစေ။ ပါတီဝင်ပေါင်း အမြောက်အမြား ဒီပါတီအပေါ်မှာ အယုံအကြည်မရှိတော့ဘူးဆိုတာ ကျမ သိပါတယ်။ အယုံအကြည်မရှိတော့လို့ရှိရင်လည်း ဒီပါတီက ထွက်လိုက်ကြပါ။ ပါတီဝင်ကဒ်ပြားတွေလည်း ပြန်အပ်လိုက်ကြပါ။ ဒါပေမယ့်လည်း သူတို့ရဲ့ အယုံအကြည်အရ ပါတီဝင်အနေပြီး ဆက်ပြီး ထမ်းဆောင်နေတဲ့ လူတွေကိုလည်း အန္တရာယ်မပြုကြပါနဲ့။၊ ဒီမိုကရေစီဆိုတာ မားမားမတ်မတ် ကိုယ့်ယုံကြည်ချက်ကိုယ်ရှိနိုင်တဲ့ စနစ်မျိုး ဖြစ်ပါတယ်။
သူတို့က ဆက်ပြီးယုံကြည်မယ်ဆိုလို့ရှိရင် အနျွှရာယ်မပြုကြပါနဲ့။ ကိုယ့်ဘာသာ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကိုသာ ညီညီညွတ်ညွတ်တက်ပါ။ ကိုယ်က အားကြီးနေလို့ အားနည်းတဲ့လူကို ပြန်ပြီး ကလဲ့စားချေတဲ့ကိစ္စမျိုး မဖြစ်ပေါ်ပါစေနဲ့။
အခုဆိုလို့ရှိရင် ကျမတို့ မှန်းထားတဲ့ အချိန်ထက် အများကြီး အချိန်လွန်သွားပါ ပြီ။ အဲ့ဒီတော့ ကျမ စဉ်းစားထားတာထက် နဲနဲ ပိုပြီးတော့ အတိုချုံးပြီးတော့ ပြောရမယ့် အခြေအနေမျိုး ဖြစ်နေပါ ပြီ။
ဒီအစည်းအဝေးပွဲကို နောက်ဆုံး ကျမ ပြောချင်တာကတော့ ကျမတို့လူထုဟာ ညီညွတ်ဖို့ လိုပါတယ်။ စည်းကမ်းရှိဖို့ လိုပါတယ်။ အမှန်တရားပြီး ကိုက်ညီတဲ့စွမ်းအားကို ဆက်ပြီးသုံးသွားဖို့ လိုပါတယ်။၊ အဲ့ဒီလို သုံးသွားမှသာ ကျမတို့လိုတဲ့
ပန်းတိုင်ကို ရောက်နိုင်ပါတယ်။
အဲ့ဒီတော့ ကျမ အနူးအညွတ် ပြည်သူလူထုတရပ်လုံးကို တောင်းပန်ပါရစေ။ ပြည်သူလူထုအားလုံး ညီညွတ်ကြပါစေ။ စည်းကမ်းရှိပါစေ။ အမှန်တရားပြီးကိုက်ညီတဲ့ လူမျိုးတရပ်ဖြစ်ပါစေ။
ပြည်သူလူထုအားလုံး ဘေးဘယာအဖြာဖြာမှ ဝေးကွာကြပါစေ။
နောက်ဆုံးအနေနဲ့ ကျမတို့ရဲ့ ကြွေးကြော်သံကတော့
* ဆန္ဒခံယူပွဲ မလိုမရှိ
* တပါတီစနစ် ဖျက်သိမ်းပစ်
* ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်ကြ
* တရားမျှတသောရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပပေး ဆိုတဲ့ ကြွေးကြော်သံပါပဲ ........။ "
The red
Credit. ..Nurhad

Post a Comment

0 Comments

Close Menu