Ad Code

Responsive Advertisement

စိတ်ရှုပ်စရာ ကောင်းတဲ့ သန်းတွေကို ဘယ်လို ဖြေရှင်းမလဲ


ကလေးတွေကြားမှာ အဖြစ် များဆုံးပြဿနာ တစ်ခုဖြစ်တဲ့ ခေါင်းမှာ သန်းတွယ်တာဟာ ကျောင်းမှာ ကစားရင်း၊ အားက စားလုပ်ရင်း၊ အတူတူအိပ်ရင်း၊ သူများအင်္ကျီယူဝတ်ရင်းစသဖြင့် အကြောင်းရင်းမျိုးစုံကြောင့် ဖြစ် တတ်ပါတယ်။ သန်းတွယ်ပြီဆို တာနဲ့ ခေါင်းကတစ်ချိန်လုံး ဟိုနားယားလိုက်၊ ဒီနားယားလိုက်နဲ့အ ပြင် ဆံသားအစပ်နားလေးတွေ ရဲပြီးအနာတရတွေအထိ ဖြစ်စေ တာမို့ သန်းပြဿနာဖြေရှင်းနိုင် မယ့် နည်းလမ်းတချို့ကို ဖော်ပြ ပေးလိုက်ပါတယ်။

ကြက်သွန်ဖြူရဲ့ အနံ့ပြင်း ပြင်းက သန်းတွေကို သေစေနိုင် စွမ်းရှိတာကြောင့် ကြက်သွန်ဖြူ ၁၀ မြွှာလောက်ကို ကြိတ်ခြေပြီး ထွက်လာတဲ့အရည်ကို ဦးရေပြား ပေါ်သုတ်လိမ်း၊ နာရီဝက်လောက် ထားပြီး ရေနွေးနွေးနဲ့ လျှော်ပေး တာမျိုးလုပ်နိုင်တဲ့အပြင် ကြက် သွန်ဖြူကြိတ်ထားတဲ့လအရည်ထဲကို သံပရာရည်နည်းနည်း၊ ဟင်းချက် ဆီနည်းနည်း၊ လက်ဖက်စိမ်းနဲ့ ခေါင်းလျှော်ရည်အနည်းငယ်စီ ထည့်ပြီးတော့ တစ်ပတ်တစ်ကြိမ် လောက်ဖြစ်ဖြစ်လျှော်ပေးနိုင်ပါ တယ်။ကလေးတွေအတွက် အထူးထုတ်ထားတဲ့ဆီ (Baby Oil) ကို ဆပ်ပြာမှုန့်နည်းနည်း၊ ရှလကာ ရည်နည်းနည်းနဲ့ရောပြီး ဆံသား တွေမှာ သုတ်လိမ်းပြီး ရေနွေးနွေး နဲ့ လျှော်ပေးရင် သန်းတွေရှင်းပြီး သားဖြစ်စေပါတယ်။

နှမ်းဆီ၊ လက်ဖက်ဆီ၊ သံ လွင်ဆီကို ညအိပ်ခါနီးမှာ ဆံပင် ကို ရွှဲအောင်လိမ်းပြီး နောက်နေ့ မနက်မှာ ဘီးစိပ်လေးနဲ့ ဖြီးချတဲ့ အခါ သန်းရှိရင် တစ်ခါတည်းကျလာတာတွေ့ရမှာပါ။

နောက်ပြီး အိမ်တိုင်းလိုလို မှာရှိတဲ့ ဆားနဲ့လည်း သန်းပျောက်အောင်လုပ်နိုင်ပါသေးတယ်။ ရှ လကာရည်နဲ့ ဆားနဲ့ရောပြီး တစ် ခေါင်းလုံးအနှံ့သုတ်ပြီး ၂ နာရီ လောက်ထားပြီး ခေါင်းလျှော်ရင် သန်းတွေ ပျောက်သွားမှာပါ။ နောက်ပြီး အုန်းဆီကိုလည်း ရှလ ကာရည်နဲ့ ရောပြီး ဆံပင်ကိုလိမ်း၊ တစ်ညအိပ်ပြီး ခေါင်းလျှော်ချ လိုက်ရင်လည်း သန်းတွေပျောက် ကင်းစေမှာပါ။

အဆီဓာတ်တွေအများကြီး ပါတဲ့ မရိုးနိစ်ကိုလည်း ညအိပ်ခါ နီးမှာ တစ်ခေါင်းလုံးအနှံ့သုတ် လိမ်းပြီး ရေချိုးဦးထုပ်နဲ့ ပေါင်း ထုပ်ထားပြီး မနက်ရောက်လို့ ခေါင်းလျှော်ရည်နဲ့ လျှော်ချလိုက် တဲ့အခါ သန်းတွေပျောက်ကင်းစေ တယ်လို့ ဆိုပါတယ်။

Post a Comment

0 Comments

Close Menu