Friday, February 19, 2016

ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဦးထုပ်ဆောင်းသင့်တဲ့အကြောင်းရင်း

Yoyarlay added 3 new photos — with Machaw Chawygn and 2 others.
4 hrs
ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဦးထုပ်ဆောင်းသင့်တဲ့အကြောင်းရင်း
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ ဆောက်လုပ်ရေး ခြံဝိုင်းအတွင်း တစ်နေရာမှာ ဖြစ်ပါတယ်။ အောက်မှာ ဘိလပ်မြေ မွေနေတဲ့သူဟာ ဦးထုပ်စောင်းမထားပါဘူး။ အပေါ်ကနေ အက်ဆီးဒန့်နဲ့ ကျလာတဲ့ သံချောင်းဟာ ခေါင်းထဲကို စိုက်ဝင်သွားတာ ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပါပဲ။
နှစ်ဖက်စလုံးဖျောင်ထွက်ပေမယ့် အသက်မသေပါဘူး။ ဆေးရုံကို အမြန်ပို့ပေးခဲ့ရပြီး ငါးနာရီကြာခွဲစိတ်မှုမှာ သံချာင်းကို ဘယ်ထုတ်နိုင်ခဲ့ ပါတယ်။ ဦးခေါင်းခွံကိုခွဲပြီးတော့ ဖယ်ထုတ်ပေးခဲ့ရပါတယ်။ ဦးနှောက်ရဲ့ အဓိက အရေးကြီးတဲ့ အစိတ်အပိုင်းကို မထိခိုက်ခဲ့တာဟာ အင်မတန် ကံကောင်းလို့ပဲ ဖြစ်ပါတယ်။ သံချောင်းကို ဖယ်လိုက်ပြီးတဲ့အခါ ဘယ်ဘက်အခြမ်း ခန္ဓာကိုယ်က အစိတ်အပိုင်း တစ်ချို့ အလုပ်မလုပ်နိုင်သေသွားပေမယ့် ဒါဟာလည်း ယာယီသာ ဖြစ်ကြောင်း ဆရာဝန်များက ဆိုပါတယ်။ သုံးလနေတဲ့အခါ သာမန်လူအတိုင်း အကုန် ပြန်ကောင်းသွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ တိုက်ပေါ်မှာ လုပ်သူများမှသာ ဦးထုပ်ဆောင်းရန် လိုခြင်း မဟုတ်ပဲ ယင်း ဆောက်လုပ်ရေး ဝင်းအတွင်းက လူတိုင်း ဆောင်းရန်လိုအပ်ပါတယ်။ ခြေထောက်ပေါ်လည်း ကျနိုင်တာကြောင့် Safety Shoes လို့ခေါ်တဲ့ အလေးချိန်ပိကျမှုတွေကို အတိုင်းတာတစ်ခုထိ ခံနိုင်တဲ့ ဖိနပ်များ စီးထားရန် လိုအပ် ပါတယ်။ ဆောက်လုပ်နေဆဲ တိုက်တာတွေရဲ့ အနီးအနားကို သွားရတော့မယ်ဆိုရင် ဘေးဘယ်ညာ အပေါ်အောက် အန္တရာယ်များ ရှိမရှိကို သေချာစစ်ဆေးပြီးမှ ဖြတ်သွားဖြတ်လာလုပ်သင့် ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
‪#‎aungkham_yyl‬
‪#‎news_yyl‬
www.yoyarlay.com

0 comments:

Post a Comment